အစ္စရေး-ပါလက်စတိုင်း ငြိမ်းချမ်းရေး အမေရိကန်သံတမန်များနှင့် နေတန်ယာဟု ဆွေးနွေး

အစ္စရေး-ပါလက်စတိုင်း ငြိမ်းချမ်းရေး အမေရိကန်သံတမန်များနှင့် နေတန်ယာဟု ဆွေးနွေး

ဂျေရုဆလင်၊ ဇွန် ၂၃ ။             ။ အစ္စရေးဝန်ကြီးချုပ် နေတန်ယာဟုက အမေရိကန်သမ္မတ အထူးသံကိုယ်စားလှယ် ဂျက်ဆန်ဂရင်းဘတ်နှ့် အကြံပေး ဂျာရတ်ကူရှန်နာတို့နှင့် ဇွန် ၂၂ ရက်၌ အစ္စရေး-ပါလက်စတိုင်း ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အရေးကို ဆွေးနွေးခဲ့သည်။

အမေရိကန်ကိုယ်စားလှယ်များအနေဖြင့် ဒေသတွင်း ခရီးစဉ်ထွက်ခြင်းအဖြစ် ဂျော်ဒန်၊ ဆော်ဒီအာရေဗျနှင့် အီဂျစ်နိုင်ငံများသို့ ရောက်ရှိခဲ့ပြီး ယင်းအာရပ်နိုင်ငံခေါင်းဆောင်များက အစ္စရေး-ပါလက်စတိုင်း ပဋိပက္ခကို “နှစ်နိုင်ငံ” ဖြစ်တည်ရေး ဖြေရှင်းမှုတွင် အခြေခံထားရန် ပြောဆိုသည်။

အစ္စရေးနှင့် ဟားမတ်စ်ကြီးစိုးသော ဂါဇာကမ်းမြောင်နယ်စပ်ကြား ရန်လိုတိုက်ခိုက်မှုများ ဖြစ်ပွားနေစဉ် ယခုအမေရိကန် ကိုယ်စားလှယ်အဖွဲ့ ခရီးစဉ် ထွက်ပေါ်လာခြင်းပဲ ဖြစ်သည်။

ယင်းနယ်စပ် တိုက်ခိုက်မှုများမှာ ဒုံးကျည်များဖြင့် ပစ်ခတ်နေခြင်းကို လက်တုံ့ပြန်သည့် အနေဖြင့် ဟားမတ်စ်ပစ်မှတ်များကို တိုက်ခိုက်ခြင်းဖြစ်ကြောင်း အစ္စရေးဖက်က ပြောသည်။

ဒေသတွင်း သံတမန်လုပ်ငန်းစဉ်နှင့် ဖွံ့ဖြိုးမှုများ၊ ဂါဇာဒေသ လုံခြံုရေးနှင့် လူသားချင်းစာနာထောက်ထားရေး ကိစ္စရပ်များအပေါ် ဆွေးနွေးခဲ့ကြောင်း နေတန်ယာဟုရုံးက ထုတ်ပြန်သည်။

ဆွေးနွေးပွဲကို အသေးစိတ် ထုတ်ပြန်ခြင်း မရှိသော်လည်း အစ္စရေးနိုင်ငံအား ထောက်ခံခြင်းအတွက် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ကို ကျေးဇူးတင်ကြောင်း နေတန်ယာဟုက ဖော်ပြခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly