အိန္ဒိယတွင် ဆင်းရဲနွမ်းပါးသူများ ကူညီပေးရေးဝန်ထမ်းငါးဦး အဓမ္မပြုကျင့်ခံရ

အိန္ဒိယတွင် ဆင်းရဲနွမ်းပါးသူများ ကူညီပေးရေးဝန်ထမ်းငါးဦး အဓမ္မပြုကျင့်ခံရ

နယူးဒေလီ၊ ဇွန် ၂၂ ။          ။ အိန္ဒိယ အရှေ့စွန်ဖျားရှိ ဆင်းရဲနွမ်းပါးသူများ ကူညီပေးရေးအဖွဲ့တွင် လုပ်ကိုင်နေသော ဝန်ထမ်းအမျိုးသမီးငါးဦးကို အဓမ္မခေါ်ဆောင်ကာ သေနတ်ထောက်လျက် အုပ်စုဖွဲ့ အဓမ္မပြုကျင့်မှု ဖြစ်ပွားကြောင်း ရဲက ဇွန် ၂၂ ရက်တွင် ပြောသည်။

နိုင်ငံအတွင်း ထိတ်လန့်ဖွယ် လိင်စော်ကားမှုအဖြစ် ယခု ဖြစ်ရပ်သည် ဂျဟာခန်းပြည်နယ် ခွန်တီခရိုင်တွင် ဖြစ်ပွားခြင်းဖြစ်ကာ အဆိုပါ အမျိုးသမီးများက လူကုန်ကူးမှုအကြောင်း သတိပညာပေးရေး လုပ်ဆောင်နေစဉ် အဓမ္မဖမ်းဆီးခေါ်ဆောင်ခံခဲ့ရခြင်း ဖြစ်ကြောင်း တိုင်ကြားသည်။

ထိုသို့ အုပ်စုဖွဲ့ ကျုးလွန်မှုကို ဗီဒီယိုပါ ရိုက်ထားပြီး ရဲမတိုင်ရန် ခြိမ်းခြောက်ကြောင်းလည်း သိရသည်။

ဌာနေခရစ်ယာန်သာသနာပြုအဖွဲ့တစ်ရပ် ထောက်ပံ့သော အင်န်ဂျီအိုအဖွဲ့ဖြစ်သည့် Asha Kiran အဖွဲ့တွင် ထိုအမျိုးသမီးများက လုပ်ကိုင်နေခြင်းဖြစ်သည်ဟု ရဲအရာရှိ ရာဂျက်ပရာဆတ်က ပြောသည်။

“လူတစ်ချို့ကို ခေါ်စစ်နေပါတယ်။”ဟု ၎င်းက အေအက်ဖ်ပီသို့ ပြောသည်။

ပြုကျင့်ခံရသူ အမျိုးသမီးများကို ဆေးစစ်ခိုင်းထားပြီး ရလဒ်ကို စောင့်နေကြောင်း ပရာဆတ်က ပြောသည်။

အိန္ဒိယနို်င်ငံသည် ၂၀၁၂ ခုနှစ်အတွင်း နယူးဒေလီမြို့ ဘတ်စ်ကားပေါ်တွင် အမျိုးသမီးတစ်ဦးအား အုပ်ဖွဲ့ အဓမ္မပြုကျင့် သတ်ဖြတ်မှု ဖြစ်ပွား၍ စိတ်ဆိုးဒေါသဖြင့် ဆန္ဒပြဆန့်ကျင်မှုများ   ဖြစ်ပွားပေါ်ပေါက်ခဲ့ချိန်မှစကာ ကမ္ဘာက သတိထားမိလာခဲ့သည်။

သို့သော်လည်း ယင်းနောက်ပိုင်း လိင်ပြစ်မှုများ အရေအတွက် တိုးမြင့်နေဆဲဖြစ်ကာ ၂၀၁၆ ခုနှစ်တွင် အဓမ္မပြုပစ်မှုပေါင်း နိုင်ငံအနှံ့ ၃၉၀၀၀ နီးပါး ဖြစ်ပွားခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly