သဘောထားတင်းမာသည့် ဘာသာရေးခေါင်းဆောင်တစ်ဦးအား အင်ဒိုနီးရှား သေဒဏ် ချမှတ်

သဘောထားတင်းမာသည့် ဘာသာရေးခေါင်းဆောင်တစ်ဦးအား အင်ဒိုနီးရှား သေဒဏ် ချမှတ်

ဂျကာတာ၊ ဇွန် ၂၂ ။            ။ အင်ဒိုနီးရှားနိုင်ငံတွင် လူပေါင်း ဒါဇင်ကျော်ထက်မနည်း သေဆုံးခဲ့သော ၂၀၁၆-၁၇ အစွန်းရောက်တို်က်ခိုက်မှုများတွင် ပါ၀င်ခြင်းအတွက် သဘောထားတင်းမာသော ဘာသာရေးခေါင်းဆောင်တစ်ဦးကို တရားရုံးက ဇွန် ၂၂ ရက်တွင် သေဒဏ်ချမှတ်လိုက်သည်။

အိုမန်ရို့စ်မန်းအား ဂျကာတာ လူစည်ကားရာအရပ်တွင် ၂၀၁၆ ဇန်နဝါရီလအတွင်း တိုက်ခိုက်မှုတစ်ရပ်ကို စီစဉ်မှုဖြင့် တရားရုံးက သေဒဏ်ပေးခြင်း ဖြစ်သည်။

ထိုတို်က်ခိုက်မှုတွင် အရပ်သား လေးဦး သေဆုံးကာ ၂၀ ကျော်ထက်မနည်း ဒဏ်ရာရခဲ့သည်။

ထိုပြင် ပြီးခဲ့သည့်နှစ်က ရဲသုံးဦးနှင့် အသေခံဗုံးခွဲသမား နှစ်ဦး သေဆုံးသော ဘတ်စ်ကားမှတ်တိုင် ဗုံးခွဲခြင်းနှင့် ၂၀၁၆ ခုနှစ်အတွင်းက နှစ်နှစ်သား ကလေးငယ်တစ်ဦး သေဆုံးသော ဘော်နီယိုကျွန်းက ခရစ်ယာန်ဘုရားကျောင်း တို်က်ခိုက်မှုတို့ အပါအဝင် အခြားတိုက်ခိုက်မှုများတွင်လည်း ရို့စ်မန်းက အပြစ်ရှိသည်ဟု တရားရုံးက ဆုံးဖြတ်ခဲ့သည်။

ရို့မန်းသည် အိုင်အကစ်အဖွဲ့နှင့် ဆက်နွယ်သော အစွန်းရောက်အုပ်စုများ ၂၀၁၅ ခုနှစ်က တည်ထောင်ခဲ့သော Jamaah Ansharut Daulah JAD အား တည်ထောင်သူများအနက် တစ်ဦး အပါအဝင် ဖြစ်သည်။

မေလလယ်ကလည်း JAD အဖွဲ့ဝင်များတွင် မြို့အချို့တွင် တို်က်ခိုက်မှုများ ကျုးလွန်ရာ လူပေါင်း ၃၀ သေဆုံးပြီး ၅၀ နီးပါး ဒဏ်ရာရခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly