Mytel ဆင်းကဒ် ၉၆၉ ဂဏန်း သီးခြား ရည်ရွယ်ချက်မရှိ ဟုဆို

Mytel ဆင်းကဒ် ၉၆၉ ဂဏန်း သီးခြား ရည်ရွယ်ချက်မရှိ ဟုဆို
ဓာတ်ပုံ - သက်ကို

Mytel ဆင်းကဒ် ဖုန်းနံပါတ်အစ ၉၆၉ ဂဏန်းသည် အခြားအဓိပ္ပာယ်များကိုရည်ညွန်းခြင်းမဟုတ်ဘဲ ဆက်သွယ် ရေးဝန်ကြီးဌာနမှ ကျန်ရှိသည့် အော်ပရေတာနံပါတ်သာဖြစ်ကြောင်း နှင့် အော်ပရေတာ ဖွင့်ပွဲ ကျင်းပပြုလုပ် သည့် ၉ရက် ၆လ ဆိုသည်မှာလည်း တိုက်ဆိုင်မှုသာဖြစ်ကြောင်း Mytel၏ ပြင်ပဆက်ဆံရေးအရာရှိချုပ် ဦးဇော်မင်းဦးကပြောသည်။

လူမှုကွန်ယက်ပေါ်တွင်ပျံ့နှံနေသော သတင်းများနှင့် ပတ်သတ်ပြီး ဇွန်လ ၂၂ရက်က ရန်ကုန်မြို့၊ ParkRoyal ဟိုတယ်တွင်ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် ယင်းသို့ပြောကြားခဲ့ခြင်းဖြစ်သည်။

"ဂဏန်းက ဆွဲထုတ်မယ်ဆိုရင်တော့ ရှိသမျှ ဥစ္စာအားလုံးက တိုက်ဆိုင်မှုတွေချည်းဘဲ။ ကျွန်တော်တို့ ၃ရက်နေ့ လုပ်တယ်ဆိုလည်း ဒီ ၃ဂဏန်းကအတင်းတိုက်ဆိုင်ပစ်မှာဘဲ။ ပြောရရင် ကျွန်တော်တို့ အပြစ်မြင်ချင်ရင် အပြစ် မြင်နေမှာပါဘဲ။ ချစ်ခင်တဲ့စိတ်နဲ့ကြည့်တော့လည်း အားလုံးက ချစ်စရာကောင်းနေတာဘဲလေ" ဟု ၎င်းကပြော သည်။

မြန်မာနိုင်ငံ၏စတုတ္တမြောက်ဆက်သွယ်ရေးအော်ပရေတာဖြစ်သည့် Mytel သည် ဆင်းကဒ်များကို နေပြည်တော်၊ ပဲခူး၊ ကရင်၊ မွန်ပြည်နယ်များတွင် မတ်လ ၃၀ရက်မှ စတင်၍ ဆင်းကဒ်များကို ရောင်း ချခဲ့ည်။ Mytel 4G ကွန်ယက် တရားဝင် မိတ်ဆက်ခြင်းအခမ်းအနားကို ဇွန်လ ၉ ရက်နေ့၌ ရန်ကုန်မြို့ Pullman Hotel တွင် ကျင်းပခဲ့ပြီး တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက် အဖွင့်အမှာစကားပြောကြားခဲ့သည်။

ယင်းသို့ တရားဝင်မိတ်ဆက်ပွဲ အခမ်းအနားပြုလုပ်ပြီး ၁၀ရက်အတွင်း တစ်နိုင်ငံလုံးအတိုင်းအတာအရ ဆင်းကဒ်အရေအတွက် တစ်သန်းကျော်ရောင်းချခဲ့ရသည်ဟု ဦးဇော်မင်းဦးကပြောသည်။

MyTel အနေဖြင့် မြန်မာနိုင်ငံအတွင်း ဆက်သွယ်ရေးတာဝါတိုင်ပေါင်း ၆၀၀၀ ခန့် တည်ဆောက်ပြီးဖြစ် သည့်အတွက် မြန်မာနိုင်ငံ၏ ရ၂ ရာခိုင်နူန်းကို လွှမ်းခြံုထားကြောင်း သိရသည်။

ဗီယက်နမ်နှင့်မြန်မာနှစ်နိုင်ငံပူးပေါင်းထားသော Mytel ကုမ္ပဏီတွင် ဗီယက်နမ်နိုင်ငံ Viettel ကုမ္ပဏီမှ ၄၉ ရာခိုင်နူန်းပါ၀င်ထားပြီး Star High Public Company Limited နှင့် Myanmar National Telecom Holding Public Limited တို့မှ ရှယ်ယာ ၅၁ ရာခိုင်နူန်း ပါ၀င်ထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly