အငြင်းပွားဖွယ် ခွေးသားစားပွဲတော်ကို တရုတ်မှာ အစဉ်အလာမပျက် ကျင်းပ

အငြင်းပွားဖွယ် ခွေးသားစားပွဲတော်ကို တရုတ်မှာ အစဉ်အလာမပျက် ကျင်းပ

ဇွန် ၂၂ ။      ။ ခွေးသားစားခြင်းကို ပိတ်ပင်တားမြစ်ဖို့ တောင်ကိုရီးယားနိုင်ငံမှာ လက်တလော အင်တိုက်အားတိုက် လှုပ်ရှားလာနေစဉ်မှာပဲ တရုတ်တောင်ပိုင်းမှာတော့ ကျင်းပနေကျ ခွေးသားစားပွဲတော်ကို ယခုနှစ်မှာလည်း အစဉ်အလာမပျက် ကျင်းပခဲ့ပြန်ပါတယ်။

နှစ်စဉ် ကျင်းပနေကျဖြစ်တဲ့ ယွီလင်း ခွေးသားစားပွဲတော်ကို ဇွန်လ  ၂၁ ရက်က အဟန့်အတား တစ်စုံတစ်ရာမရှိဘဲ ဖွင့်လှစ်ခဲ့ပါတယ်။

ဒါကြောင့် နာမည်ဆိုးထွက်နေတဲ့ ယင်းပွဲတော်ကို တားဆီးနိုင်ရေးအလို့ငှာ တက်ကြွလှုပ်ရှားသူတွေအနေနဲ့ နည်းနာစနစ်တွေ ပြောင်းလဲလှုပ်ရှားသွားရဖို့ ရှိနေပြီ ဖြစ်ပါတယ်။

ယခုလို တရုတ်ခွေးသားစားပွဲတော် ဖွင့်လှစ်မှု မတိုင်မီ တစ်ရက်အလိုကမှ တောင်ကိုရီးယားနိုင်ငံမှာ တရားရုံးတစ်ခုက ယင်းခွေးသားစားခြင်းကို ဥပဒေနဲ့ မညီဘူးဆိုပြီး အမိန့်ထုတ်ပြန်ထားခဲ့သေးတာဖြစ်ပါတယ်။

ယခုလို အမိန့်ထုတ်ပြန်ညွှန်ကြားလိုက်ခြင်းက တောင်ကိုရီးယားမှာ ခွေးသားစားခြင်း အလေ့အကျင့်ကို တားဆီးနိုင်မယ့် လမ်းကြောင်းတစ်ရပ် ပေါ်လာပြီ ဖြစ်တယ်လို့ တက်ကြွလှုပ်ရှားသူတွေက ဆိုကြပေမယ့် တရုတ်မှာတော့ ယင်း ခွေးသားစားမှုကို တားဆီးနိုင်ဖို့အတွက် ခက်ခဲနေဦးမယ်လို့ သိရပါတယ်။
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly