ဖရက်ဒ်ကို ပေါင် ၅၂ သန်းဖြင့်ခေါ်ယူခဲ့ခြင်းအား မန်ယူအသင်းအတည်ပြု

ဖရက်ဒ်ကို ပေါင် ၅၂ သန်းဖြင့်ခေါ်ယူခဲ့ခြင်းအား မန်ယူအသင်းအတည်ပြု

 

ဇွန် ၂၂၊ မန်ချက်စတာ။                            ။ မန်ချက်စတာယူနိုက်တက်အသင်းသည် ပေါင် ၅၂ သန်းတန် ကွင်းလယ်ကစားသမား ဖရက်ဒ်ကို ခေါ်ယူလိုက်ခြင်းကို အတည်ပြုခဲ့သည်။

လက်ရှိတွင် ကမ္ဘာ့ဖလားပြိုင်ပွဲအတွက် ရုရှသို့ရောက်နေသော ဘရာဇီးကစားသမားသည် ရှက်တာဒိုးနက်ခ်အသင်းမှ ငါးနှစ် စာချုပ်ဖြင့် ပြောင်းလာခြင်းဖြစ်သည်။

အသက် ၂၅ နှစ်အရွယ် ဖရက်ဒ်သည် ပေါ်တိုမှပြောင်းလာသည့်နောက်ခံလူ ဒါလော့ပြီးနောက် ယူနိုက်တက်၏ နွေရာသီ ဒုတိယမြောက် ကစားသမားခေါ်ယူမှုဖြစ်သည်။

ဖရက်ဒ်က “ဒါက ကမ္ဘာ့အကြီးဆုံးအသင်းကြီးတစ်သင်းဖြစ်ပြီး ဒီအံ့သြစရာအသင်းရဲ့ အစိတ်အပိုင်းဖြစ်ရတော့မှာဖြစ်လို့ ဝမ်းသာမိပါတယ်။

နည်းပြအဖြစ်နဲ့ ဆုဖလားတွေအများကြီးရယူခဲ့တဲ့ ဟိုဆေး မော်ရင်ဟိုနဲ့အတူတွဲပြီး အလုပ်လုပ်ရမှာက လက်လွတ်မခံသင့်တဲ့ အခွင့်အရေးဖြစ်ပါတယ်” ဟု ပြောသည်။

မော်ရင်ဟိုကလည်း ကစားသမားအသစ်ရောက်လာမှုသည် ၎င်း၏အသင်းကို လာမည့်ရာသီတွင် တိုက်စစ်ပိုကောင်းစေ လိမ့်မည်ဟု ဆိုထားသည်။

ယူနိုက်တက်နည်းပြက “ဖရက်ဒ်က ကျွန်တော်တို့ရဲ့ တခြားကွင်းလယ်လူတွေရဲ့ အရည်အသွေးကို ပြီးပြည့်စုံစေပါလိမ့်မယ်။ ကျွန်တော်တို့ လိုနေတဲ့ အရာပေါ့။ ဖန်တီးနိုင်တဲ့ဦးနှောက်နဲ့ ဘောလုံးပေးပို့တဲ့ အမြင်ရှိမှုက ကျွန်တော်တို့ရဲ့ပွဲတွေမှာ နောက်ထပ် ပုံစံတစ်ခုကို ပေးစွမ်းလိမ့်မယ်။

သူ ကျွန်တော်တို့အသင်းကိုရောက်လာလို့ သိပ်ဝမ်းသာပါတယ်။ ပြီးတော့ အသင်းမှာ သူဘယ်လောက်အရေးပါလာနိုင်တာကို အသင်းသားတွေ သိမယ်လို့လည်း ယုံကြည်ပါတယ်”ဟု ပြောသည်။

Ref; The Sun

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly