ဆယ်စုနှစ်များအတွင်း အီရန်အမျိုးသမီးများကို ပထမဆုံးဘောလုံးကွင်းအတွင်း ၀င်ရောက်ကြည့်ရှုခွင့်ပြု

ဆယ်စုနှစ်များအတွင်း အီရန်အမျိုးသမီးများကို ပထမဆုံးဘောလုံးကွင်းအတွင်း ၀င်ရောက်ကြည့်ရှုခွင့်ပြု

တီဟီရန်၊ ဇွန် ၂၂ ။           ။ စပိန်အသင်းအား ၀-၁ ဂိုးရလဒ်ဖြင့် ကမ္ဘာ့ဖလားတွင် အီရန်အသင်း ရှုံးခဲ့ပြီး နောက်တစ်ရက်အထိပင် အီရန်နိုင်ငံက အမျိုးသမီးများအနေဖြင့် ဆယ်စုနှစ် လေးစုအတွင်း ပထမဆုံးအဖြစ် ဘောလုံးကွင်းအတွင်း ၀င်ရောက်ကာ ကြည့်ရှုခဲ့ရသည့် ခံစားချက်က ထင်ကျန်နေဆဲပဲ ဖြစ်သည်။

ဇွန် ၂၀ ရက် ညပိုင်းက မျက်နှာကို နိုင်ငံတော်အလံ အထိမ်းအမှတ် အနီ၊ အဖြူ၊ အစိမ်းရောင်များ ခြယ်လိမ်းထားသည့် အီရန်အမျိုးသမီးများက လူတစ်သိန်းဆံ့သော အဇာဒီအားကစားကွင်းအတွင်း ဝင်ရောက်ကာ ရုရှနိုင်ငံ ကမ္ဘာ့ဖလားပွဲတွင် စပိန်အသင်းနှင့် ကန်နေသည့် ၎င်းတို့၏ အီရန်အသင်းအား Live ထုတ်လွှင့်မှုကို ကြည့်ရှုခဲ့ကြခြင်း ဖြစ်သည်။

“အဇာဒီအားကစားကွင်းကို ကျွန်မ ပထမဆုံး ခြေချဝင်ရောက်ခွင့် ရတာပါပဲ။ ကျွန်မ အရမ်းပျော်တယ်။”ဟု အသက် ၂၉ နှစ်အရွယ် မဟာတန်းကျောင်းသူတစ်ဦးဖြစ်သည့် ကာရာမီက   ဘောလုံးကွင်းအတွင်း ပိတ်ကားကြီးဖြင့် အီရန်ပွဲကို ကြည့်ရှုရခြင်း ခံစားချက်အား အီးပီအေသို့ ပြောသည်။

လွတ်လပ်မှုဟု အဓိပ္ပာယ်ရသော အဇာဒီဘောလုံးကွင်းအား ၁၉၇၉ ခုနှစ် အစ္စလာမ္မစ် တော်လှန်ရေးအပြီး တည်ဆောက်ခဲ့ခြင်း ဖြစ်သည်။ ထိုတော်လှန်ရေးတွင် ရှားဘုရင်အား ဖြုတ်ချကာ လက်ရှိအထိ ဘာသာရေးခေါင်း ကြီးမှူးသော အုပ်ချုပ်ရေးဖြင့် အစားထိုးခဲ့ခြင်း ဖြစ်သည်။

အစ္စလာမ္မစ်တော်လှန်ရေးအပြီး တစ်နှစ်တွင်းမှာပင် အစိုးရသစ်က အီရန်အမျိုးသမီးများအား အများသူငါ ပွဲလမ်းသဘင်နှင့် နေရာများသို့ တက်ရောက်ခွင့်အား ပိတ်ပင်ခဲ့ခြင်း ဖြစ်သည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly