အာဂျင်တီးနား vs ခရိုအေးရှား (ပွဲကြိုအချက်အလက်)

အာဂျင်တီးနား vs ခရိုအေးရှား (ပွဲကြိုအချက်အလက်)
(ဓာတ်ပုံ - အီးပီအေ)

ပွဲစဉ် - အာဂျင်တီးနား vs ခရိုအေးရှား (Group – D)ပွဲချိန် - မနက် ၁၂း၃၀၊ သောကြာနေ့ (မြန်မာစံတော်ချိန်)နေရာ - Nizhny Novgorod, Russiaပေါလ်မာဆွန် ခန့်မှန်းချက် - ၂-၀ ဂိုး

ပွဲကြိုအချက်အလက်

ထိပ်တိုက်တွေ့ဆုံမှု

  • ဒီနှစ်သင်း နောက်ဆုံး (၄)ပွဲတွေ့ဆုံမှုမှာ အာဂျင်တီးနားက (၂)ပွဲနိုင်ထားပြီး ခရိုအေးရှားအသင်းက တစ်ပွဲနိုင်၊ တစ်ပွဲသရေကျထားပါတယ်။
  • အာဂျင်တီးနားနဲ့ ခရိုအေးရှားတို့ဟာ ၁၉၉၈ ကမ္ဘာ့ဖလား အုပ်စုပြိုင်ပွဲမှာ နှစ်သင်းလုံးဟာ ရှုံးထွက် ၁၆ အသင်းကို တက်ရောက်ခဲ့ပြီးဖြစ်ပေမယ့် အဲဒီတစ်ကြိမ်မှာ အာဂျင်တီးနားက ၁-၀ ဂိုးနဲ့ အနိုင်ရပြီး အုပ်စုပထမဖြစ်ခဲ့ပါတယ်။

အာဂျင်တီးနား

  • အာဂျင်တီးနားအသင်းအနေနဲ့ ၁၉၇၄ ကမ္ဘာ့ဖလား အုပ်စုပွဲစဉ် ပထမဆုံး နှစ်ပွဲကို အနိုင်ရထားခြင်း မရှိခဲ့ပါဘူး။ ဒါကတော့ သူတို့ရဲ့ နှစ်ပွဲဆက် နောက်ဆုံး အနိုင်မရထားတာဖြစ်ပါတယ်။
  • အာဂျင်တီးနားအသင်းဟာ ကမ္ဘာ့ဖလားအုပ်စု နောက်ဆုံး ၁၆ ပွဲမှာ ၂၀၀၂ ခုနှစ်က အင်္ဂလန်အသင်းကို ၁-၀ ဂိုးနဲ့ ရှုံးနိမ့်တဲ့ပွဲက လွဲလို့ ၁၂ ပွဲနိုင်၊ ၃ ပွဲသရေ ရလဒ်ပိုင်ဆိုင်ထားပါတယ်။
  • မက်ဆီဟာ ခရိုအေးရှားအသင်းနဲ့ ပြီးခဲ့တဲ့ နှစ်ကြိမ်တွေ့ဆုံးမှုမှာ သူရဲ့ အာဂျင်တီးနားအသင်းအတွက် ပထမဆုံးဂိုးအဖြစ် ၂၀၀၆ မတ်လက သွင်းယူခဲ့တဲ့ ဂိုးအပါအဝင် နှစ်ပွဲမှာ နှစ်ဂိုးသွင်းယူထားပါတယ်။
  • မက်ဆီဟာ ၂၀၁၈ ကမ္ဘာ့ဖလားအုပ်စု ပထမပွဲစဉ်မှာ ၁၁ ကြိမ် ဂိုးပေါက် ကန်သွင်းခဲ့ပြီး ဒါဟာ ဒီပြိုင်ပွဲရဲ့ ပွဲတစ်ပွဲအတွင်း ကန်သွင်းမှု အများဆုံးဖြစ်ခဲ့ပါတယ်။ ဒါပေမယ့် ဂိုးတော့ သွင်းယူနိုင်ခဲ့ခြင်း မရှိခဲ့ပါဘူး။ ဒါပေမယ့် ပြီးခဲ့တဲ့ ၂နှစ်ကျော်က အာဂျင်တီးနားအတွက် နောက်ဆုံး ၄ ပွဲမှာ ၆ ဂိုး (အီကွေဒေါနဲ့ ဟေတီအသင်းတို့ကို ဟက်ထရစ်ဂိုး)အပါအဝင် ၁၇ ပွဲမှာ ၁၄ ဂိုးအထိ သွင်းယူခဲ့သူဖြစ်ပါတယ်။

ခရိုအေးရှား

  • ခရိုအေးရှားအသင်းဟာ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ အုပ်စု ဒုတိယပွဲစဉ်ကို ၃ ပွဲနိုင် ၁ပွဲသရေနဲ့ ရှုံးနိမ့်ခြင်း မရှိခဲ့ပဲ ၄ ပွဲမှာ ၂၀၀၂ က အီတလီအသင်းကို ၂-၁ ဂိုးနဲ့ နိုင်တဲ့ ပွဲစဉ်မှာသာ တစ်ဂိုးသာ ပေးခဲ့ရပါသေးတယ်။
  • ခရိုအေးရှားဟာ ကမ္ဘာ့ဖလားမှာ ပြိုင်ဘက် တောင်အမေရိကအသင်းတွေနဲ့ ၄ ကြိမ်တွေ့ဆုံမှုမှာ ၄ ကြိမ်စလုံး ရှုံးနိမ့်ခဲ့ပါတယ်။ (ဘရာဇီးကို ၃ ကြိမ်နဲ့ အာဂျင်တီးနားကို တစ်ကြိ်မ်ရှုံး)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly