ကျပ်​သိန်​း ၁၀၀၀ မှ စတင်​​သော စစ်တွေမေယုစျေးဆိုင်ခန်းများ ရောင်းချတော့မည်

ကျပ်​သိန်​း ၁၀၀၀ မှ စတင်​​သော စစ်တွေမေယုစျေးဆိုင်ခန်းများ ရောင်းချတော့မည်
လက်ရှိဆောက်လုပ်နေသည့် Shopping Mall နှင့် အဆောက်အဦအချို့၏ ပြီးစီးနေမှု အခြေအနေအား ယနေ့ ဇွန်လ ၂၁ ရက်တွ့ရစဉ် (ဓာတ်ပုံ-RiA)

စစ်တွေ၊ ဇွန်လ ၂၁ ရက်။         ။ ရခိုင်ပြည်နယ်အစိုးရအဖွဲ့နှင့် အကျိုးတူပူးပေါင်းတည်ဆောက်ထားသော စစ်တွေ မေယု သုံးထပ်စျေးမှ လူနေဆိုင်ခန်းများကို မကြာမီ ​ရောင်းချတော့မည်ဖြစ်ကြောင်း ကုမ္ပဏီဘက်မှ တာဝန် ရှိသူများက ပြောသည်။

လက်​ရှိတွင်​ အခန်း ရ၉ ခန်းကို ရောင်းချသွားရန်​ အသင့် ဖြစ်​​နေပြီး တစ်ခန်းစီကို ကျပ်သိန်း ၁၀၀၀ မှ စတင်​​မည်​လည်​း ဖြစ်​သည်​။ ပထမဦးဆုံး ၁၅ ရာခိုင်နှုန်းပေးသွင်းပြီး ကျန်ငွေကို အရစ်ကျ စနစ်ဖြင့် လက်ခံကာ ဇွန်​လ ၁၈ ရက်​​နေ့တွင်​ စတင်ကာ လျှောက်လွှာများ လာယူနိုင်ကြောင်း  May Yu Shopping Complex မှ သတင်​း ထုတ်​ပြန်​ထားသည်​။

ယင်​းသို့ ဝယ်​ယူကြရာတွင်​ လူ​နေထိုင်​ရန်​ သီးသန်​့ မဟုတ်ဘဲ အ​ရောင်​းဆိုင်​များကိုသာ စိစစ်​​ရောင်​းချမည်​ဟုလည်​း May Yu Shopping Complex အမှုဆောင် ဒါရိုက်တာ ဦးတင်အောင်ဦးက RiA သို့ ပြောသည်။

“လူနေဖို့ သီးသန့်ကို ခွင့်မပြုဘူး။ Shop House ဖြစ်တဲ့ အတွက် ဆိုင်ရောင်းကို ရောင်းရမယ်။ ဆိုင်မရောင်းဘူး ဆိုရင် အားလုံး ပြီးတဲ့အခါ ဒီတစ်ခုလုံးကို အုပ်ချုပ်ဖို့ အတွက် ကော်မတီရှိမယ်။ အဲဒီကော်မတီက ဒဏ်ကြေး သတ်မှတ်ပြီးတော့ သူ့ကို ဒါဏ်ဆောင်ခိုင်းမယ်ပေါ့။ အလုပ် တစ်ခုခုတော့ လုပ်ကိုလုပ်ရမယ်။” အမှုဆောင် ဒါရိုက်တာ ဦးတင်အောင်ဦးက ပြောသည်။

စစ်တွေမေယုသုံးထပ်စျေးကို ၂၀၁၇ ခုနှစ် ဧပြီလမှ စတင်ကာ အပိုင်းနှစ်ပိုင်းခွဲ၍ တည်ဆောက်ခဲ့ခြင်း ဖြစ်သည်။

သို့ရာတွင် ​ ရောင်းချတော့မည် အဆိုပါ လူနေဆိုင်ခန်း များမှာ ၄၀ ရာခိုင်နှုန်းခန့်သာ ပြီးစီးသေးသလို Shopping Mall မှာလည်း ၃၀ ရာခိုင်နှုန်းခန့်သာ ပြီးစီးသေးကာ ၂၀၁၉ ခုနှစ် ဒီဇင်ဘာလကို နောက်ဆုံးထား ဆောင်ရွက်နေ သည်ဟု ကုမ္ပဏီတာဝန်ရှိသူများက ပြောသည်။

ရခိုင်ပြည်နယ်အတွင်း ပထမဆုံး ကုန်တိုက်ကြီးအဖြစ် တည်ဆောက်နိုင်ရန် ရခိုင်ပြည်နယ် အစိုးရအဖွဲ့မှ ယခင် ​မေယုဈေးမြေကို ထိုသို့ ဆောက်လုပ်ရန် ခွင့်ပြုခဲ့ခြင်းဖြစ်ကာ ရန်ကုန်မှ Golden Great Energy နှင့် စစ်တွေမြို့ မှ Western Chinese Star အများပိုင် ကုမ္ပဏီနှစ်ခုတို့၏ အရင်းအနှီးငွေ ၅ ဘီလီယံခန့် ကုန်ကျခံကာ ဆောက်လုပ်နေခြင်းဖြစ်ကြောင်း ဦးတင်အောင်ဦးက ဆိုသည်။

ထိုကုန်တိုက်ကြီး ဆောက်လုပ်နေသည့်အနက် ရခိုင်ပြည်နယ်အတွင်း မရှိသေးသည့် ရုပ်ရှင်ရုံအပါအဝင် ကလေးကစားကွင်း၊ ဓာတ်လှေကား၊ စက်လှေကားနှင့် ​မော်​​တော်​ယာဉ်​ရပ်​နား​​ရန်​ (PARKING) လည်း ပူးတွဲ ပါရှိမည်ဟု ​စျေးတည်​​ဆောက်​​ရေး စီမံကိန်​းက ​ကြေညာထားသည်​။

ယင်းအပြင် ယခင်က မေယုဈေးတွင် ရောင်းချခဲ့သူများ အတွက်လည်း ကုန်တိုက်ကြီး၏ အောက်ထပ်တွင် ဆိုင်ခန်း ၁၂၄ ခန်းကို အခမဲ့ပေးသွားမည်ဟု May Yu Shopping Complex အမှုဆောင် ဒါရိုက်တာ ဦးတင်အောင်ဦးက   ပြောသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly