ထိုင်းတွင် မြန်မာလုပ်သမား ၁၆ယောက်ကို အကြောင်းပြချက်မရှိ အလုပ်မှ ထုတ်ပယ်ခံရ

ထိုင်းတွင် မြန်မာလုပ်သမား ၁၆ယောက်ကို အကြောင်းပြချက်မရှိ အလုပ်မှ ထုတ်ပယ်ခံရ

ဇွန် ၂၀ ။                 ။ ထိုင်းနိုင်ငံ၊အယုဒ္ဓိယခရိုင်ထဲမှာ ရှိတဲ့ ရေညှိမုန့်စက်ရုံမှာ အလုပ်လုပ်နေကြတဲ့ မြန်မာအလုပ်သမား၂၀၀ကျော်ဟာ  လုပ်ခလစာအပြည့်အဝမရရှိတာကြောင့် ဇူလိုင်လ၁၉ ရက်နေ့ နေ့လည်က လုပ်ငန်းခွင်ထဲကနေ ပြန်လာကြတယ်လို့ သိရပါတယ်။

ဇွန်လ ၁၉ ရက် ညနေပိုင်းမှာတော့ အလုပ်ရုံဘက်မှ အလုပ်သမား၂၀၀ကျော်ထဲကနေ အလုပ်သမား၁၆ယောက်ကို အလုပ်ကနေ ထုတ်ပစ်လိုက်ပါတယ်

အလုပ်ထုတ်ခံလိုက်ရတဲ့ ကိုရဲစိုးအောင်က “ ကျွန်တော်တို့ကို ခေါင်းဆောင်တယ်ဆိုပြီး ထုတ်ပစ်တာပဲ၊ဆွေးနွေးလို့တောင် မရခဲ့ပါဘူး”ဟု ပြောပါတယ်။

လက်ရှိ အလုပ်ထုတ်ခံရတဲ့ အလုပ်သမားတွေက မြန်မာအလုပ်သမားအရေးဆောင်ရွက်ပေးနေတဲ့AAC(အလုပ်သမားကူညီစောင့်ရှောက်ရေးအဖွဲ့)(ယာယီဖျက်သိမ်း)ကို အကူအညီတောင်းထားကြတယ်လို့သိရပါတယ်။

AAC(အလုပ်သမားကူညီစောင့်ရှောက်ရေးအဖွဲ့)(ယာယီဖျက်သိမ်း) ရဲ့အဖွဲ့ဝင် ကိုရဲမင်းက “MOUစနစ်က ကုမ္မဏီတွေနဲ့ သဘောတူစာချုပ် ချုပ်ပြီး တက်လာကြပေမယ့် တကယ်အောက်ခြေမှာက အဆင်မပြေမှုတွေများနေတယ်”ဟု ပြောပါတယ်။

အလုပ်ထုတ်ခံလိုက်ရတဲ့ အလုပ်သမားတွေထဲမှာ မြန်မာနိုင်ငံကနေ MOU စနစ် ဖြင့် စက်ရုံနဲ့တိုက်ရိုက်စာချုပ် ချုပ်ဆိုပြီး တက်လာတဲ့သူတွေလည်း ပါ၀င်ပါတယ်။မြန်မာနိုင်ငံ မြဝတီနယ်စပ်ကနေ ထိုင်းနိုင်ငံကို MOU စနစ်နဲ့တက်လာတဲ့သူတွေဟာ တစ်လကို ၁သောင်းကျော်ရှိနေတယ်လို့ အလုပ်သမားအရေးဆောင်ရွက်ပေးနေတဲ့ အဖွဲ့အစည်းအချို့က ပြောပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly