အီရန် vs စပိန် (ပွဲကြိုအချက်အလက်)

အီရန် vs စပိန် (ပွဲကြိုအချက်အလက်)
(ဓာတ်ပုံ - အီးပီအေ)

ပွဲစဉ် - အီရန် vs စပိန် (အုပ်စု B)ပွဲချိန် - ဇွန် ၂၁၊ နံနက် ၀၀း၃၀ နာရီ (မြန်မာစံတော်ချိန်)နေရာ - Kazan Arena, Kazan, Tatarstan, Russia

အီရန် နောက်ဆုံးသုံးပွဲ

၁၅-၆-၁၈ မော်ရိုကို ၀-၁ အီရန် (ကမ္ဘာ့ဖလား)
၈-၆-၁၈ အီရန် ၁-၀ လစ်သူယေးနီးယား (ခြေစမ်းပွဲ)
၂၉-၅-၁၈ တူရကီ ၂-၁ အီရန် (ခြေစမ်းပွဲ)

စပိန် နောက်ဆုံးသုံးပွဲ

၁၆-၆-၁၈ ပေါ်တူဂီ ၃-၃ စပိန် (ကမ္ဘာ့ဖလား)
၁၀-၆-၁၈ တူနီးရှား ၀-၁ စပိန် (ခြေစမ်းပွဲ)
၄-၆-၁၈ စပိန် ၁-၁ ဆွစ်ဇာလန် (ခြေစမ်းပွဲ)

နောက်ဆုံးတွေ့ဆုံမှု

မရှိ။

အီရန် အချက်အလက်

  • စပိန်နဲ့ ပထမဆုံးအကြိမ်အဖြစ် ရင်ဆိုင်ရမှာဖြစ်ပါတယ်။
  • ဥရောပပြိုင်ဘက်တွေနဲ့ ကမ္ဘာ့ဖလား ၆ ပွဲကစားခဲ့ရာမှာ နိုင်ပွဲမရှိခဲ့ဘဲ ၅ ပွဲရှုံး ၁ ပွဲ သရေကျခဲ့ပါတယ်။
  • အီရန်အသင်း နောက်ဆုံးရရှိခဲ့တဲ့ ကမ္ဘာ့ဖလား ဂိုး ၃ ဂိုးဟာ ပွဲပြီးခါနီး ၁၅ မိနစ်အလို အချိန်အပိုင်းအခြားထဲမှာ ရရှိတာပါ။ သူတို့အနေနဲ့ ပွဲချိန် ၃၆ မိနစ်အတွင်းမှာ ဘယ်တုန်းကမှ ဂိုးမသွင်းဖူးပါဘူး။
  • ဒီပွဲမှာနိုင်ခဲ့ရင်တော့ ၂၀၀၂ တောင်ကိုရီးယားနောက်ပိုင်း ကမ္ဘာ့ဖလားနှစ်ပွဲဆက်အနိုင်ရတဲ့ အာရှအသင်းဖြစ်လာမှာပါ။

စပိန် အချက်အလက်

  • စပိန်ဟာ ကမ္ဘာ့ဖလားမှာ အာရှအသင်းတွေကို ပွဲချိန်အတွင်း ရှုံးပွဲမရှိခဲ့ဘဲ ၂ပွဲနိုင်၊ ၂ပွဲ သရေကျထားပါတယ်။ ၂၀၀၂ တုန်းကတော့ တောင်ကိုရီးယားကို ပင်နယ်တီမှာ ရှုံးခဲ့ပါတယ်။
  • စပိန်အသင်းဟာ အဖွင့်ပွဲမှာ အနိုင်မရတဲ့ ကမ္ဘာ့ဖလား ၃ ကြိမ်မှာ ၂ ကြိမ်က အုပ်စုအဆင့်ကနေ လှည့်ပြန်ခဲ့ရပါတယ်။ (၁၉၉၈ နဲ့ ၂၀၁၄ တုန်းကပါ)။ ဒါပေမဲ့ အဖွင့်ပွဲမှာ ဆွစ်ဇာလန်ကို ရှုံးတဲ့ ၂၀၁၀ တုန်းကတော့ ချန်ပီယံဖြစ်ခဲ့ပါတယ်။
  • စပိန်အသင်းရဲ့ခံစစ်ကတော့ ကမ္ဘာ့ဖလားနောက်ဆုံး ၄ ပွဲမှာ ၁၀ ဂိုးထိ ပေးထားရပါတယ်။ ဒီယေဂိုကော်စတာဟာ စပိန်အတွက် နိုင်ငံတကာပွဲ ၈ ပွဲမှာ ၈ ဂိုးထိ သွင်းပေးထားပါတယ်။

ဖွင့်လှစ်မှု

စပိန်အသင်း နှစ်ဂိုးနဲ့နိုင်ရင် ၄၀ ပျော်ရမှာဖြစ်ပြီး သွင်းဂိုးပေါင်း သုံးဂိုးဆို ရ၀ ပျော်ရမယ်။

အကြိုက်

Asianbookie စပိန်Whoscore အီရန် ၀-၂ စပိန်Master M စပိန် (ကြယ် လေးပွင့်)Hyper Sports စပိန်

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags