ဥရုဂွေး vs ဆော်ဒီအာရေဗျ (ပွဲကြိုအချက်အလက်)

ဥရုဂွေး vs ဆော်ဒီအာရေဗျ (ပွဲကြိုအချက်အလက်)
(ဓာတ်ပုံ - အီးပီအေ)

ပွဲစဉ် - ဥရုဂွေး vs ဆော်ဒီအာရေဗျ (အုပ်စု A)ပွဲချိန် - ဇွန် ၂၀၊ ည ၉း၃၀ နာရီ (မြန်မာစံတော်ချိန်)နေရာ - Rostov Arena, Rostov-on-Don, Russia

ဥရုဂွေး နောက်ဆုံးသုံးပွဲ

၁၅-၆-၁၈ အီဂျစ် ၀-၁ ဥရုဂွေး (ကမ္ဘာ့ဖလား)
၈-၆-၁၈ ဥရုဂွေး ၃-၀ ဥဇဘက် (ခြေစမ်းပွဲ)
၂၆-၃-၁၈ ဝေးလ် ၀-၁ ဥရုဂွေး (ခြေစမ်းပွဲ)

ဆော်ဒီ နောက်ဆုံးသုံးပွဲ

၁၄-၆-၁၈ ရုရှ ၅-၀ ဆော်ဒီ (ကမ္ဘာ့ဖလား)
၉-၆-၁၈ ဂျာမနီ ၂-၁ ဆော်ဒီ (ခြေစမ်းပွဲ)
၄-၆-၁၈ ဆော်ဒီ ၀-၃ ပီရူး (ခြေစမ်းပွဲ)

နောက်ဆုံးတွေ့ဆုံမှု

၁၀-၁၀-၁၄ ဆော်ဒီ ၁-၁ ဥရုဂွေး (ခြေစမ်းပွဲ)

ဥရုဂွေး အချက်အလက်

  • ဥရုဂွေးဟာ အာရှပြိုင်ဘက်တွေနဲ့ ကမ္ဘာ့ဖလားမှာ ၃ ပွဲတွေ့ခဲ့ဖူးရာမှာ ၃ ပွဲစလုံးအနိုင်ရခဲ့ပါတယ်။ ၅ ဂိုးသွင်းနိုင်ခဲ့ပြီး ၁ ဂိုးသာ ပြန်ပေးခဲ့ရပါတယ်။
  • ကမ္ဘာ့ဖလားနောက်ဆုံး ၉ ပွဲမှာ ၁ ပွဲပဲရှုံးခဲ့ပြီး ၅ ပွဲနိုင်၊ ၃ ပွဲသရေကျခဲ့ပါတယ်။ နောက်ဆုံး ၆ ပွဲမှာဆိုရင် ၅ ပွဲထိ အနိုင်ရထားတာပါ။
  • ဆွာရက်ဇ်ဟာ ဒီပွဲမှာပါဝင်ကစားရင် လက်ရွေးစင် ပွဲ ၁၀၀ ပြည့်မှာဖြစ်ပြီး ပွဲ ၁၀၀ ပြည့်တဲ့ ၆ ယောက်မြောက် ဥရုဂွေး ကစားသမားဖြစ်လာမှာပါ။

ဆော်ဒီ အချက်အလက်

  • ဆော်ဒီဟာ ဒီပွဲမတိုင်မီမှာ ဥရုဂွေးနဲ့ ခြေစမ်းပွဲ ၂ ပွဲမှာ တွေ့ဆုံခဲ့ဖူးပြီး ၁ ပွဲနိုင်၊ ၁ ပွဲသရေကျခဲ့ပါတယ်။
  • ဒီပွဲက ဆော်ဒီအတွက် ၁၅ ပွဲမြောက် ကမ္ဘာ့ဖလားပွဲဖြစ်ပြီး တောင်အမေရိကအသင်းတစ်သင်းနဲ့တော့ ပထမဆုံး ဆုံဖူးတာပါ။
  • ဆော်ဒီဟာ ကမ္ဘာ့ဖလားနောက်ဆုံး ၃ ကြိမ်မှာ အမှတ်ပေးဇယားအောက်ဆုံးနေရာသာရခဲ့ပြီး သူတို့ရဲ့အကောင်းဆုံး စွမ်းဆောင်မှုကတော့ ၁၉၉၄ ကမ္ဘာ့ဖလားတုန်းက ရှုံးထွက်အဆင့်ရောက်ရှိခဲ့တာပါ။
  • ကမ္ဘာ့ဖလားနောက်ဆုံး ၁၁ ပွဲမှာ နိုင်ပွဲလုံးဝမရှိခဲ့ဘဲ ၉ ပွဲရှုံး၊ ၂ ပွဲသရေကျခဲ့ပါတယ်။ နောက်ဆုံး ၁၀ ပွဲမှာလည်း ၈ ပွဲက ဂိုးမသွင်းနိုင်ခဲ့ပါဘူး။

ဖွင့်လှစ်မှု

ဥရုဂွေးအသင်း နှစ်ဂိုးနဲ့နိုင်ရင် ၂၀ ပျော်ရမှာဖြစ်ပြီး သွင်းဂိုးပေါင်း သုံးဂိုးဆို ၂၀ ပျော်ရမယ်။

အကြိုက်

Asianbookie ဆော်ဒီWhoscore ဥရုဂွေး ၃-၀ ဆော်ဒီMaster M ဥရုဂွေး (ကြယ် လေးပွင့်)Hyper Sports ဥရုဂွေး

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags