ပေါ်တူဂီ vs မော်ရိုကို (ပွဲကြိုအချက်အလက်)

ပေါ်တူဂီ vs မော်ရိုကို (ပွဲကြိုအချက်အလက်)

ပွဲစဉ် - ပေါ်တူဂီ-မော်ရိုကို (အုပ်စု B)ပွဲချိန် - ဇွန် ၂၀ ညနေ ၆း၃၀ နာရီနေရာ - Luzhniki Stadium, Moscow, Russia

ပေါ်တူဂီ နောက်ဆုံးသုံးပွဲ

၁၆-၆-၁၈ ပေါ်တူဂီ ၃-၃ စပိန် (ကမ္ဘာ့ဖလား)
၈-၆-၁၈ ပေါ်တူဂီ ၃-၀ အယ်ဂျီးရီးယား (ခြေစမ်းပွဲ)
၃-၆-၁၈ ဘယ်လ်ဂျီယံ ၀-၀ ပေါ်တူဂီ (ခြေစမ်းပွဲ)

မော်ရိုကို နောက်ဆုံးသုံးပွဲ

၁၅-၆-၁၈ မော်ရိုကို ၀-၁ အီရန် (ကမ္ဘာ့ဖလား)
၉-၆-၁၈ အက်စ်တိုးနီးယား ၁-၃ မော်ရိုကို (ခြေစမ်းပွဲ)
၅-၆-၁၈ မော်ရိုကို ၂-၁ ဆလိုဗက် (ခြေစမ်းပွဲ)

နောက်ဆုံးတွေ့ဆုံမှု

၁၂-၆-၈၆ ပေါ်တူဂီ ၁-၃ မော်ရိုကို (ကမ္ဘာ့ဖလား)

ပေါ်တူဂီ အချက်အလက်

  • ပေါ်တူဂီအသင်းဟာ ကမ္ဘာ့ဖလားမှာ အာဖရိကအသင်းတွေကို တစ်ပွဲပဲ ရှုံးဖူးပြီး အဲဒါ မော်ရိုကိုနဲ့ပွဲဖြစ်ပါတယ်။ ကျန်တာကတော့ ၂ ပွဲနိုင် ၁ ပွဲသရေကျထားပါတယ်။
  • ပေါ်တူဂီဟာ ၂၀၀၂ ကမ္ဘာ့ဖလားနောက်ပိုင်းကတည်းက ဥရောပက မဟုတ်တဲ့အသင်းတွေကို မရှုံးတော့ဘဲ ၅ ပွဲနိုင်၊ ၃ ပွဲသရေကျထားပါတယ်။ ၂၀၀၂ တုန်းကတော့ တောင်ကိုရီးယားကို ၁-၀ ဂိုးနဲ့ ရှုံးခဲ့တာပါ။
  • ပေါ်တူဂီဟာ ကမ္ဘာ့ဖလားနောက်ဆုံး ၁၀ ပွဲမှာ ၂၀၁၄ တုန်းက ဂျာမနီကို ၄-၀ ဂိုးနဲ့ရှုံးတဲ့တစ်ပွဲသာ ရှုံးပွဲရှိခဲ့ပြီး ၅ ပွဲနိုင်၊ ၄ ပွဲသရေကျခဲ့ပါတယ်။

မော်ရိုကို အချက်အလက်

  • ၁၉၈၆ ကမ္ဘာ့ဖလားတုန်းက ပေါ်တူဂီကို အနိုင်ရခဲ့တာက မော်ရိုကိုအတွက် ပထမဆုံး ကမ္ဘာ့ဖလားနိုင်ပွဲဖြစ်ပါတယ်။
  •  အီရန်နဲ့ ကစားတဲ့ အဖွင့်ပွဲတုန်းက မော်ရိုကိုဟာ ပွဲချိန်ဒုတိယပိုင်းမှာ တစ်ကြိမ်မှာ ဂိုးပေါက်အကန်မခံခဲ့ရပါဘူး။ ဘောလုံး ပိုင်ဆိုင်မှု ၆၈ ရာခိုင်နှုန်းရှိခဲ့တာကလည်း ၂၀၁၀ မှာ စပိန်နောက်ပိုင်း ဘောလုံးပိုင်ဆိုင်မှုအများဆုံးနဲ့ ရှုံးတဲ့အသင်းဖြစ်ပါတယ်။

ဖွင့်လှစ်မှု

ပေါ်တူဂီအသင်း တစ်ဂိုးနဲ့နိုင်ရင် ၂၀ ပျော်ရမှာဖြစ်ပြီး သွင်းဂိုးပေါင်း နှစ်ဂိုးဆိုရင် ၆၅ နစ်နာမယ်။

အကြိုက်

Asianbookie  - ပေါ်တူဂီWhoscore - ပေါ်တူဂီ ၂-၁ မော်ရိုကိုMaster M - ပေါ်တူဂီ (ကြယ် လေးပွင့်)Hyper Sport - ပေါ်တူဂီ

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags