သတင်း တိုက်ရိုက်ထုတ်လွှင့်နေတုန်း ဖက်နမ်းခံရတဲ့ အမျိုးသမီးသတင်းထောက်

သတင်း တိုက်ရိုက်ထုတ်လွှင့်နေတုန်း ဖက်နမ်းခံရတဲ့ အမျိုးသမီးသတင်းထောက်

ဇွန် ၂၀၊ ဆာရန့်ခ်။             ။ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ သတင်းယူနေတဲ့ အမျိုးသမီးသတင်းထောက်တစ်ဦးဟာ သတင်းတိုက်ရိုက်ထုတ်လွှင့်နေတုန်းမှာ ဖက်နမ်းခံခဲ့ရပြီး အဲဒီအဖြစ်အပျက်ကို သူ(မ)က ဆိုရှယ်မီဒီယာပေါ်တင်ပြီး သူ့ခံစားချက်ကို ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။

ကိုလံဘီယာသတင်းထောက် ဂျူးလိယက် ဂွန်ဇာလက် သီရန်ဟာ ဂျာမန်ရုပ်သံလိုင်း Deutsche Welle အတွက် ရုရှမြို့ ဆာရန့်ခ်မှာ သတင်းတင်ဆက်နေတုန်း အဲဒီအဖြစ်အပျက် ဖြစ်ပွားခဲ့တာပါ။

ရုပ်သံထဲမှာ သီရန်ဟာ ကမ္ဘာ့ဖလားပြိုင်ပွဲစတင်ဖို့ စောင့်မျှော်နေတဲ့ လူအုပ်ရှိရာရင်ပြင်ကို ကျောပေးပြီး တိုက်ရိုက်သတင်း တင်ဆက်နေခဲ့ပါတယ်။

အဲဒီလိုပြောနေတုန်းမှာပဲ အမျိုးသားပရိသတ်တစ်ဦးဟာ ဘေးကနေပေါ်လာပြီး သီရန်ရဲ့ ရင်သားကိုကိုင်တွယ်ရင်း ဖက်နမ်းသွားခဲ့တာဖြစ်ပါတယ်။

ဒီလိုအနှောက်အယှက်နဲ့ကြံုခဲ့ရပေမယ့် သီရန်ဟာ ကိုယ့်ရဲ့အလုပ်ကို ပြီးအောင် ဆက်လုပ်သွားနိုင်ခဲ့ပါတယ်။ အဲဒီနောက်မှ ဆိုရှယ်မီဒီယာပေါ်မှာ အဖြစ်အပျက်ကို ပြန်လည်ဖော်ပြရင်း သူ့ခံစားချက်ကို ထုတ်ဖော်ပြောဆိုခဲ့တာပါ။

“အဲဒီနေရာမှာ အလုပ်လုပ်ဖို့ နှစ်နာရီလောက်ကြာအောင် ပြင်ဆင်နေတုန်းက ဘာအနှောင့်အယှက်မှမရှိခဲ့ပါဘူး။ တိုက်ရိုက် လွှင့်ချိန်ကျမှ အဲဒီလူက အခွင့်ကောင်းယူခဲ့တာပါ။

ကျွန်မဆီကိုရောက်လာ နမ်းရှုံ့ခဲ့ပြီး ရင်သားကိုလည်း ကိုင်သွားပါတယ်။ ကိုယ့်အလုပ်ကိုယ်ဆက်လုပ်ပြီးချိန်မှာ သူနဲ့ရှင်းဖို့ ရှာသေးပေမယ့် မရှိတော့ပါဘူး။

ကျွန်မတို့တွေဟာ ဒီလို မဆက်ဆံခံရသင့်ပါဘူး။ ကျွန်မတို့ဟာ ပရော်ဖက်ရှင်နယ်နဲ့ ထိုက်တန်မှုကို ညီမျှစွာနဲ့ လုပ်ကိုင်နေတာပါ။ ဘောလုံးရဲ့ ပျော်ရွှင်မှုကို ကျွန်မက မျှဝေနေတာပါ။

ဒါပေမဲ့ ချင်ခင်မှုနဲ့ အနှောက်အယှက်ပေးမှုကြားက ကန့်သတ်ချက်ကိုတော့ ခွဲခြားသိမြင်တတ်ဖို့လိုပါတယ်”လို့ သီရန်က ဖွင့်ဟခဲ့ပါတယ်။

ဆိုရှယ်မီဒီယာအသုံးပြုသူအများစုက သူ့ကိုထောက်ခံအားပေးခဲ့ကြပြီး ပရော်ဖက်ရှင်နယ်ပီသမှုကိုလည်း ချီးကျူးခဲ့ကြပါတယ်။

Ref; Mirror

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly