အလန်းစား တန်ဖိုးသင့်စမတ်ဖုန်း (သို့မဟုတ်) Huawei Y5 Prime

အလန်းစား တန်ဖိုးသင့်စမတ်ဖုန်း (သို့မဟုတ်) Huawei Y5 Prime

 

Huawei ကနေပြီးတော့ အခုတစ်လောမှာ တန်ဖိုးသင့်တင့်ပြီး ခပ်လန်းလန်း လုပ်ဆောင်ချက်တွေ ပါဝင်တဲ့ ဖုန်းတွေကို ခပ်စိတ်စိတ်လေး စျေးကွက်ထဲကို တင်သွင်းလာတာတွေ့ရပါတယ်။ အခုဆိုရင်လည်း လူငယ်တွေအတွက် Y Series မျိုးဆက်သစ်တစ်ခုဖြစ်တဲ့ Y5 Prime ကလည်း စျေးကွက် အတွင်းကို ရောက်ရှိလာပြီဖြစ်ပါတယ်။

အဲ့ဒီ Y5 Prime မှာ ဘာတွေထူးခြားသလဲဆိုရင်တော့

အသွင်အပြင်ပိုင်း

Huawei Y5 Prime ဟာ 5.45 လက်မကျယ်ဝန်းပြီး မျက်နှာပြင်ကျယ်ဒီဇိုင်း (FullView Display) နှင့် ထွက်ရှိလာတာကြောင့် ကိုင်ဆောင်ရတာ သက်တောင့်သက်သာရှိအောင် ဒီဇိုင်းပြုလုပ်ထားပါတယ်

   အရောင်အားဖြင့်လည်း ရွှေရောင်၊ အနက်ရောင်၊ အပြာရောင်ဆိုပြီး ၃ မျိုးထွက်ရှိထားပါတယ်

ကင်မရာပိုင်း

ဒီဖုန်းမှာပါဝင်တဲ့ ကင်မရာအရည်အသွေးကလည်း တန်ဖိုးသင့်ဖုန်းတစ်လုံးအနေနှင့် တော်တော်လေးကောင်းမွန်တာကိုတွေ့ရပါတယ်။ အနောက်ကင်မရာ 13MP ပါဝင်ပြီး ဆယ်ဖီရိုက်ကူးရန်အတွက် အရှေ့ကင်မရာ 5 MP ပါဝင်ပါတယ်။ ဒါ့အပြင် ဆယ်ဖီရိုက်ကူးရာမှာ ပိုမိုအရောင်အသွေးကြွစေတဲ့ Selfie Toning Flash ပါဝင်လာတာကို တွေ့ရပါတယ်။ နောက်ကင်မရာကလည်း F2.2 wide aperture ပါရှိ်တာကြောင့် အလင်းအားနည်းတဲ့အချိန်မှာတောင် ရုပ်ပုံများကို ထင်ရှားပြတ်သားစွာရိုက်ကူးနိုင်စေမှာဖြစ်ပါတယ်။ ဒါ့အပြင် တခြားသော ကင်မရာလုပ်ဆောင်ချက်တွေဖြစ်တဲ့ HDR နှင့် Panorama တို့လည်းပါဝင်တာမို့ တော်တော်လေးကို အဆင်ပြေပါတယ်။

အထူးလုပ်ဆောင်ချက်များ

စာဖတ်ရာမှာ အမြင်အာရုံစိုက်ထုတ်ရမှုကို လျော့ကျစေပြီး သက်တောင့်သက်သာ ဖတ်ရှုနိုင်စေမယ့် Eye Comfort Mode၊ App နှစ်ခုကို မျက်နှာပြင်တစ်ခုတည်းမှာ တစ်ပြိုင်နက်တည်းခွဲဝေအသုံးပြုနိုင်စေမယ့် Easy Split-Screen နှင့် မျက်နှာပြင်ပေါ် လက်သုံးချောင်းဖိဆွဲပြီး Screenshot ရိုက်ကူးနိုင်စေမယ့် Gesture Secreen Shot တို့လည်းပါဝင်လာတာမို့ တော်တော်လေး အားရစရာကောင်းပါတယ်။

HUAWEI Y5 Prime 2018 မှာ Three Card slot ပါတဲ့အတွက် အလုပ်နဲ့ ကိုယ်ရေးကိုယ်တာအတွက် Sim Card နှစ်ခု သုံးလို့ရသလို SD Card နဲ့ ဓာတ်ပုံတွေ၊ ဗီဒီယိုတွေသိမ်းထားဖို့အတွက် Phone Memory တွေကို ထပ်မြှင့်နိုင်ပါသေးတယ်။ ဖုန်း Storage အနေနှင့် RAM 2GB နှင့် ROM 16GB ပါဝင်ပြီး 3020mAh ဘတ္ထရီတပ်ဆင်ထားပါတယ်။

 အခုလိုမျိုး လုပ်ဆောင်ချက်ကောင်း တွေအများကြီးပါဝင်တဲ့ Huawei Y5 Prime ကို မြန်မာငွေကျပ် 129,000 ကျပ်နှင့် ဝယ်ယူနိုင်မှာဖြစ်ပါတယ်။

Please add bundle information with Y5 Prime and Mytel

Model

Minimum Top Up

Bonus Amount

Period

Huawei Y5 Prime 2018

MMK 5,000

2 GB + 100 min (Onnet)

6 months

  1. The promotion will start 15th June 2018.
  2. Both old and new Mytel SIM can get bonus.
  3. To get bonus, insert Mytel SIM into SIM slot 1 and then top up 5000 Ks.
  4. And you will get promotion SMS “Congratulations! You received 2GB + 100 on-net minutes to use in 30 days thanks to your first top-up of 5,000 Ks or more in this month. Promotion left for this phone: [xx] months.”
  5. You can check your bonus by dialing *124*#
  6. This Bundle Bonus is only applicable 1 time per month and maximum of 6 cycles X one month.

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly