ဒေါ်အောင်ဆန်းစုကြည်၏ ရ၃ နှစ်ပြည့် မွေးနေ့အထိမ်းအမှတ် ပုံစံငယ်ရုပ်တု မန္တလေးတွင် ဖွင့်လှစ်

ဒေါ်အောင်ဆန်းစုကြည်၏ ရ၃ နှစ်ပြည့် မွေးနေ့အထိမ်းအမှတ် ပုံစံငယ်ရုပ်တု မန္တလေးတွင် ဖွင့်လှစ်

မန္တလေးမြို့ မဟာအောင်မြေမြို့နယ်အတွင်းရှိ ကံတက်ကုန်းမစိုးရိမ်ဘုန်းတော်ကြီးသင်ပညာရေးကျောင်းတွင် ဒေါ်အောင်ဆန်းစုကြည်၏ (၇၃) နှစ် ပြည့် မွေးနေ့အထိမ်းအမှတ် ဒေါ်အောင်ဆန်းစုကြည်၏ ပုံစံငယ်ရုပ်တု ကို ဇွန်လ ၁၉ ရက်နေ့ နံနက် ရ နာရီက ဖွင့်လှစ်ခဲ့သည်။

ဒီနေ့ ဘုန်းကြီးတို့အနေနဲ့က နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ရဲ့ အသက် (၇၃) နှစ်ပြည့် မွေးနေ့အထိမ်းအမှတ်အနေနဲ့ ပုံစံတူ ရုပ်တုကို ထုလုပ်ပြီး ဂုဏ်ပြုတဲ့သဘောပါ။ တိုင်းပြည်နဲ့လူမျိုးအပေါ် တာဝန်သိတတ်ပြီး ဆောင်ရွက်ပေးတဲ့သူတွေကို လည်း ချီးမွှမ်းပြီး အလေးထားစေလိုတဲ့သဘောလည်း ပါပါတယ်။ လက်ရှိ ဘုန်းကြီးတို့ကျောင်းမှ ပညာသင်ကြားနေတဲ့ ကျောင်းသူ ကျောင်းသားတွေကိုလည်း ဗိုလ်ချုပ်အောင်ဆန်းလို စိတ်ဓာတ်၊ ဒေါ်အောင်ဆန်းစုကြည်လို စိတ်ဓာတ်မျိုး မွေးမြူနိိုင်အောင်၊ အတုယူနိုင် အောင် ရည်ရွယ်ပြီး ဒီရုပ်ထုတွေ ကို ထားရှိတာပါ” ဟု ကံတက်ကုန်းမစိုးရိမ် ဘုန်းတော်ကြီးသင် ပညာရေးကျောင်းမှ ပဓာန နာယက တိုက်အုပ်ဆရာတော် ဦးတေဇောဘာသက မိန့်ကြားသည်။

မစိုးရိမ် ကံတက်ကုန်း ဘုန်းတော်ကြီးသင်ပညာရေးကျောင်းတွင် ၉ ပေမြင့်သည့် အုတ်ခုံပေါ်တွင်ထားရှိသော လက်မ ၄၀ အမြင့်ရှိ ဗိုလ်ချုပ်အောင်ဆန်းရုပ်တုကို ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၁၃ ရက်နေ့က ဖွင့်လှစ်ပေးခဲ့ပြီး နောက်ပိုင်း လက်ရှိ ဒေါ်အောင်ဆန်းစုကြည် ၏ ရုပ်တု ၅ ပေ ၃ လက်မအမြင့်ရှိ ပုံစံတူ ရုပ်တု ကို ဇွန်လ (၁) ရက်နေ့က စတင်၍ အင်္ဂတေ ဖြင့် ထုလုပ်ခဲ့ပြီး ဇွန်လ (၁၆)ရက်နေ့ မှ ာ အချောထည် အပြီးသတ်နိုင်ခဲ့ ပြီး ယင်းပုံစံတူ ရုပ်ထုငယ်ကို ၎င်း၏ ဖခင်ဖြစ်သူ ဗိုလ်ချုပ်ရုပ်တုရှေ့တွင် မတ်တပ်ရပ်လျှက်ပုံစံ ထားရှိခဲ့
ကြောင်း သိရသည် ။

“ ကျွန်တော်တို့ရဲ့ တစ်နိုင်ငံလုံးမှာ ဗိုလ်ချုပ်ရုပ်တုပေါင်းများစွာ ထုလုပ်ကြတယ် ။ ဒါပေမယ့် ဒီကျောင်းမှာ ထူးခြားတာက ဖခင်ဗိုလ်ချုပ်အောင်ဆန်းရဲ့ ရုပ်တုအပြင် သမီးဖြစ်တဲ့သူ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ရုပ်တုပါ ထားရှိတာ မြန်မာတစ်နိုင်ငံလုံးမှာ ဒီမှာပဲရှိပါတယ် ။ ဘယ်မြို့ ဘယ်ဒေသမှ မရှိသေးပါဘူး ။ ဒီအတွက်လည်း များစွာ ဂုဏ်ယူပါတယ် " ဟု မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ်ဒေါက်တာဇော်မြင့်မောင် က ပြောသည် ။

၂၀၁၈ ခုနှှစ် ဇွန်လ (၁၉) ရက်နေ့တွင် ကျရောက်သည့် ဒေါ်အောင်ဆန်းစုကြည်၏ အသက် (၇၃) နှစ်ပြည့် မွေးနေ့ အထိမ်းအမှတ်အဖြစ် မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့နှင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီမှ နံနက်ပိုင်းတွင် ဆရာတော်သံတော်များအား အာရုဏ်ဆွမ်းဆပ်ကပ် လှူ ဒါန်းမှုများ ပြုလုပ်ခဲ့ပြီး မွေးနေ့ဆုတောင်းမျ ားပို့သပေးခဲ့ကြောင်း သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly