ကမ္ဘာဖလား အီဂျစ်နှင့် ပွဲတွင် ရုရှအနိုင်ရမည်ဟု ရှေ့ဖြစ်ဟော အာခီလိကြောင်လေးက ဟောကိန်းထုတ်

ကမ္ဘာဖလား အီဂျစ်နှင့် ပွဲတွင် ရုရှအနိုင်ရမည်ဟု ရှေ့ဖြစ်ဟော အာခီလိကြောင်လေးက ဟောကိန်းထုတ်

မော်စကို၊ ဇွန် ၁၉ ။           ။ ကမ္ဘာ့ဖလားတွင် ပြိုင်ဖက်နှစ်သင်း ကိုယ်စားပြု အစာခွက်နှစ်ခွက်ကို ယှဉ်၍ ချထားပေးရာတွင် ရှေ့ဖြစ်ဟော အာခီလိကြောင်လေးက ယနေ့ ဇွန် ၁၉ ရက် ညပိုင်းတွင် ကန်မည့် အီဂျစ်နှင့် ရုရှ ပြိုင်ပွဲတွင် ရုရှအနိုင်ရမည်ဟု ဟောကိန်းထုတ်လိုက်သည်။

စိန့်ပီတာစဘတ်မြို့က Hermitage ပြတိုက်က ကြောင်ဖြစ်သော အာခီလိဆိုသည့် ကြောင်လေးက ရုရှအလံ တံဆိပ်ကပ်ထားသည့် အစာခွက်ကို ရွေးချယ်ကာ စားခြင်းပဲ ဖြစ်ပြီး ယင်းလုပ်ရပ်က အိမ်ရှင်ရုရှအသင်း အနိုင်ရမည်ဟု ဟောကိန်းထုတ်ခြင်းပဲ ဖြစ်သည်ဟု ကောက်ယူကြခြင်း ဖြစ်သည်။

ဇွန် ၁၃ ရက်ကလည်း အဆိုပါ နားပင်းနေသည့် အာခီလိကြောင်သည် ကမ္ဘာ့ဖလား အဖွင့်ပွဲစဉ်တွင် ဆော်ဒီအာရေဗျနှင့် ယှဉ်ပြိုင်ရာတွင် ရုရှအသင်း အနိုင်ရမည်ဟု ဟောကိန်းထုတ်ခဲ့ရာတွင်လည်း မှန်ကန်ခဲ့သည်။

အဆိုပါ အဖွင့်ပွဲစဉ်တွင် ရုရှအသင်းက ဆော်ဒီအသင်းအား ငါးဂိုး ဂိုးမရှိဖြင့် အနိုင်ရခဲ့ခြင်း ဖြစ်သည်။

ဘောလုံးပွဲများတွင် အကြီးဆုံးပြိုင်ပွဲစဉ်ဖြစ်သော ကမ္ဘာ့ဖလားပြိုင်ပွဲကာလအတွင်း ပွဲကြိုရှေ့ဖြစ်ဟောခြင်းဖြင့် အများသိ ထင်ရှားလာသည့် တိရစ္ဆာန်များတွင် ဂျာမနီက အာဖရိက ဆင် နယ်လီအပါအဝင် ယခု အာခီလိကြောင်လေးလည်း အပါအဝင်ပဲ ဖြစ်သည်။

အိမ်ရှင် ရုရှအသင်းသည် ယနေ့ ဇွန် ၁၉ ရက် ညနေပိုင်းတွင် အီဂျစ်အသင်းနှင့် ယှဉ်ပြိုင်ကြမည်ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly