တောင်ကိုရီးယားနှင့် အမေရိကန် ပူးတွဲစစ်ရေးလေ့ကျင့်မှုကို ရပ်ဆိုင်း

တောင်ကိုရီးယားနှင့် အမေရိကန် ပူးတွဲစစ်ရေးလေ့ကျင့်မှုကို ရပ်ဆိုင်း

ဆိုးလ်၊ ဇွန် ၁၉ ။            ။ မြောက်ကိုရီးယားနှင့် ဆွေးနွေးပွဲနှင့် နျူကလီးယားဖျက်သိမ်းရေးတို့ အဆင်ချောရေးအတွက် သြဂုတ်လအတွင်း စီစဉ်ထားသော တောင်ကိုရီးယားတွင် ပြုလုပ်မည့် ပူးတွဲစစ်ရေးလေ့ကျင့်ရေးကျင့်မှုကို ယာယီရပ်ဆိုင်းကြောင်း တောင်ကိုရီးယားနှင့် အမေရိကန်တို့က ကြေညာသည်။

နှစ်နိုင်ငံစလုံးက သြဂုတ်လအတွင်း ပြုလုပ်ရန် စီစဉ်ထားသော Freedom Guardian စစ်ရေးလေ့ကျင့်မှုကို ရပ်ဆိုင်းရန် သဘောတူခဲ့ခြင်း ဖြစ်သည်ဟု တောင်ကိုရီးယားကာကွယ်ရေးဝန်ကြီးဌာနက ဇွန် ၁၉ ရက်တွင် ထုတ်ပြန်သည်။

သမ္မတ ဒေါ်နယ်ထရမ့်၏ ကတိအတိုင်းလည်းဖြစ်ကာ မဟာမိတ်တောင်ကိုရီးယား၏ သဘောတူညီလည်း ရှိ၍ ယခုကဲ့သို့ စစ်ရေးလေ့ကျင့်မှုကို ရပ်ဆိုင်းခြင်းဖြစ်ကြောင်း ပင်တဂွန်ပြောခွင့်ရသူ ဒါနာဝှိုက်က ပြောသည်။

“နောက်ထပ်ပူးတွဲလုပ်ဆောင်မှုတွေ ဆက်လက်ဖော်ဆောင်သွားပါမယ်။ ခုလို ပူးတွဲစစ်ရေးလေ့ကျင့်မှုတွေအတွက် ဆုံးဖြတ်ချက်ချထားတာမျိုးလည်း မရှိသေးပါဘူး။”ဟု ၎င်းက ပြောသည်။

Freedom Guardian စစ်ရေးလေ့ကျင့်မှုကို နှစ်စဉ် ပြုလုပ်ခြင်းဖြစ်ကာ တောင်ကိုရီးယားနှင့် အမေရိကန် စစ်သား ထောင်ပေါင်းများစွာ ပါဝင်သကဲ့သို့ အခြားသောနိုင်ငံအချို့မှလည်း ပါဝင်သည့် စစ်ရေးလေ့ကျင့်မှု ဖြစ်သည်။

ပြီးခဲ့သည့် သီတင်းပတ်က စင်ကာပူတွင် မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံးအွန်နှင့် ထိပ်သီးစည်းဝေးပြီးနောက် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က တောင်ကိုရီးယားနှင့် ပူးတွဲစစ်ရေးလေ့ကျင့်မှုများကို ရပ်ဆိုင်းမည်ဟု ဆုံးဖြတ်ကြောင်း ကြေညာခဲ့ခြင်း ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly