သုံးပွင့်ဆိုင်စာချွန်လွှာနှင့် လူ့အခွင့်အရေးချိုးဖောက်မှုများ စုံစမ်းရေးသီးခြားကော်မရှင် ဖွဲ့စည်းခဲ့သည့်အပေါ် EU ကြိုဆို

သုံးပွင့်ဆိုင်စာချွန်လွှာနှင့် လူ့အခွင့်အရေးချိုးဖောက်မှုများ စုံစမ်းရေးသီးခြားကော်မရှင် ဖွဲ့စည်းခဲ့သည့်အပေါ် EU ကြိုဆို
Photo-EPA

ဇွန်လ ၁၉ ။         ။ ရခိုင်ပြည်နယ်အတွင်း လူ့အခွင့်အရေးချိုးဖောက်မှုများကို စုံစမ်းဖော်ထုတ်ရန်အတွက် သီးခြားကော်မရှင် ဖွဲ့စည်းခဲ့ရန် ဆုံးဖြတ်ခဲ့သည့်  နိုင်ငံတော်သမ္မတဦးဝင်းမြင့်၏ ဆုံးဖြတ်ချက်ကို  ကြိုဆိုကြောင်း ဥရောပသမဂ္ဂ (EU) မှ ဇွန်လ ၁၉ ရက်တွင် ထုတ်ပြန်ခဲ့သည်။

လူ့အခွင့်အရေး ချိုးဖောက်မှုများကို စုံစမ်းဖော်ထုတ်ရာတွင် ပွင့်လင်းမြင်သာပြီး တာဝန်ယူမှုတာဝန်ခံမှုရှိသည့် စုံစမ်းမှုများဖြစ်စေရန် ပံ့ပိုးပေးနိုင်မည့် ခိုင်မာသောခြေလှမ်းတစ်ရပ်အနေဖြင့် ကြိုဆိုပါကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ 

ဥရောပသမဂ္ဂအနေဖြင့် ပွင့်လင်းမြင်သာသည့် စုံစမ်းဖော်ထုတ်မှုများကို အပြည့်အဝ အကောင်အထည်ဖော် ဆောင်ရွက်မည့်ကော်မရှင်၏  လုပ်ပိုင်ခွင့်များနှင့် ဖွဲ့စည်းပုံ အသေးစိတ်ကို သိရှိနိုင်ရန်အတွက်လည်း မျှော်လင့်လျက်ရှိကြောင်း ဖော်ပြထားသည်။

ထို့ပြင် မြန်မာအစိုးရ ၊ ကုလသမဂ္ဂဖွံ့ဖြိုးမှု အစီအစဉ် (UNDP) နှင့် ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR) တို့အကြား သုံးပွင့်ဆိုင်နားလည်မှုစာချွန်လွှာရေးထိုးခြင်းနှင့်ပတ်သက်ပြီး အရေးပါပြီး လိုအပ်သည့်ခြေလှမ်းတစ်ရပ်ဖြစ်ကြောင်းပါ ထည့်သွင်းဖော်ပြခဲ့သည်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် ခိုလှုံနေကြသည့် ဒုက္ခသည်များ  မိမိတို့၏ သဘောဆန္ဒအလျောက် ဘေးကင်းလုံခြံုစွာ ဖြင့် နေရပ်သို့ ပြန်လည်အခြေချနိုင်စေမည့်အခြေအနေများကို ဖန်တီးပေးနိုင်ရန်အတွက် အရေးပါပြီး လိုအပ်သည့် ခြေလှမ်းတစ်ရပ်ဖြစ်ကြောင်း၊ မိမိတို့၏ သဘောဆန္ဒအလျောက်ပြန်လည်အခြေချရန် ဆုံးဖြတ်ချက်များချမှတ်နိုင်ရေးအတွက် ပွင့်လင်းမြင်သာမှု လိုအပ်သည်ဟု ထုတ်ပြန်ချက်တွင် ပါရှိသည်။

အဆိုပါဒုက္ခသည်များ ဂုဏ်သိက္ခာရှိစွာ နေရပ်ပြန်လာနိုင်ရေးအတွက် အခြေအနေများ ဖန်တီးပေးနိုင်ရန် အတွက် ပူးပေါင်းလုပ်ဆောင်သွားရေးဆိုင်ရာ မူဘောင်တစ်ရပ်ကို သုံးပွင့်ဆိုင်နားလည်မှုစာချွန်လွှာတွင် ထည့်သွင်းထားသည်။

အဆိုပါ သဘောတူညီချက်အရ UNHCR ၊ UNDP တို့ကို ရခိုင်ပြည်နယ်တွင်းကို သွားရောက်ခွင့် ပြုမယ့် မူဘောင်တစ်ရပ်လည်း ပါ၀င်နေပြီး ကုလအေဂျင်စီများအနေဖြင့် ၎င်းတို့၏ မူလနေရပ်ရင်း ဧရိယာတွေဆီ သွားရောက်ခွင့် ရနိုင်ရန်တို့ပါ ပါရှိသည်။

ဇွန်လ ၁၉ ရက် ထုတ်ပြန်ချက်တွင်လည်း “ဥရောပသမဂ္ဂနှင့် အဖွဲ့ဝင်နိုင်ငံများသည် ကုလသမဂ္ဂနှင့် တခြား ပြည်တွင်းနှင့် နိုင်ငံတကာမှ မိတ်ဖက်အဖွဲ့အစည်းများကို ရခိုင်ပြည်နယ်အတွင်း  အကန့်အသတ် မရှိ  ၊ နှောင့်နှေးကြန့်ကြာခြင်းမရှိစေဘဲ သွားရောက်ခွင့်ြ့ပုလိမ့်မည်ဟု မျှော်လင့်လျက်ရှိပါသည်” ဟု ဖော်ပြထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly