၂၀၀၉ ခုနှစ်နောက်ပိုင်း ပထမဆုံးအကြိမ်အဖြစ် ထိုင်းတွင် လူသတ်တရားခံတစ်ဦးအား ဆေးထိုးကွပ်မျက်

၂၀၀၉ ခုနှစ်နောက်ပိုင်း ပထမဆုံးအကြိမ်အဖြစ် ထိုင်းတွင် လူသတ်တရားခံတစ်ဦးအား ဆေးထိုးကွပ်မျက်

ဇွန် ၁၉ ။              ။ ၂၀၀၉ ခုနှစ်နောက်ပိုင်း ပထမဆုံးအကြိမ်အဖြစ် ထိုင်းနိုင်ငံတွင် အသက် ၂၆ နှစ်အရွယ် လူသတ်တရားခံတစ်ဦးအား အာဏာပိုင်များက ဇွန်လ ၁၈ ရက်တွင် ဆေးထိုးကွပ်မျက်ခဲ့သည်။

ထိုကဲ့သို့ တရားခံတစ်ဦးအား ကွပ်မျက်သည့် လုပ်ရပ်မှာ လွန်စွာ ၀မ်းနည်းစရာကိစ္စ ဖြစ်ကြောင်း နိုင်ငံတကာလွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့ Amnesty International (AI) က ဝေဖန်ပြစ်တင်ခဲ့သည်။

ယင်းအပြင် အဆိုပါကွပ်မျက်မှု ဆောင်ရွက်ပြီးနောက် ဘန်ကောက်မြို့ တရားရုံးတစ်ခု ရှေ့တွင် AI အဖွဲ့ဝင်များက လာရောက်ကန့်ကွက်ဆန္ဒပြမှုများ ပြုလုပ်ခဲ့သည်။

ယခုဖြစ်စဉ်တွင် သီရာဆက်ခ် လုံဂျီ အမည်ရ တရားခံတစ်ဦးအား အာဏာပိုင်များက ကွပ်မျက်လိုက်ခြင်း ဖြစ်သည်။

ယခု ဆေးထိုးကွပ်မျက်ခံခဲ့ရသည့် တရားခံဖြစ်သူ သီရာဆက်ခ်မှာ လွန်ခဲ့သည့် ခြောက်နှစ်အကြာက အသက် ၁၇ နှစ်အရွယ် ကျောင်းသားတစ်ဦးအား ဓားဖြင့် အချက်ပေါင်း ၂၄ ချက် ထိုးသတ်ခဲ့မှုအတွက် စွဲချက်တင်ခံထားခဲ့ရသူလည်း ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly