ရက်(ပ်)ပါ XXXTentacion သေနတ်ပစ်ခံရပြီး သေဆုံး

ရက်(ပ်)ပါ XXXTentacion သေနတ်ပစ်ခံရပြီး သေဆုံး

ဇွန် ၁၉ ။             ။ လက်ရှိကာလအတွင်း မြန်မြန်ဆန်ဆန် နာမည် ကျော်ကြားလာနေတဲ့ အသက် ၂၀ အရွယ် အမေရိကန် ရက်ပါ XXXTentacion တစ်ယောက် ဇွန်လ ၁၈ ရက်က ဖလော်ရီဒါမှာ သေနတ်ပစ်လုပ်ကြံခံရပြီး သေဆုံးသွားတယ်လို့ အာဏာပိုင်တွေက ပြောပါတယ်။

အမည်ရင်း ဂျာဆေး အွန်ဖရိုင်းလို့ ခေါ်တဲ့ အဆိုတော် XXXTentacion ဟာ လူ့အဖွဲ့အစည်းနဲ့ သိပ်ပြီး သဟဇာတမဖြစ်လှတဲ့ သူ့ရဲ့ Rap စာကြောင်းတွေကြောင့် ပြီးခဲ့တဲ့လတွေတုန်းကမှ အမေရိကန် Chart ဇယားရဲ့ ထိပ်ဆုံးနေရာကို လျင်လျင်မြန်မြန် ရောက်ရှိထားခဲ့သူလည်း ဖြစ်ပါတယ်။

ရက်(ပ်)ပါ XXXTentacion ကတော့ ယင်းနေ့က Miami မြောက်ပိုင်းက မော်တော်ဆိုင်ကယ် စတိုးတစ်ခုအနီး နေ့ခင်းကြောင်တောင် ပစ်သတ်ခံလိုက်ရတာဖြစ်တယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။

၎င်းအသတ်ခံလိုက်ရတဲ့ ဖြစ်စဉ်ကတော့ ဓားပြတိုက်ဖို့ ကြိုးပမ်းမှုတစ်ခုလည်း ဖြစ်ပုံရတယ်လို့ ယူဆနေကြပါတယ်။

ယင်းကဲ့သို့ ပစ်ခတ်ခံရပြီးနောက် ၎င်းကို ဆေးရုံကို ပို့ဆောင်ပေးအပြီးမှာပဲ သေဆုံးသွားခဲ့တာဖြစ်ပါတယ်။ ၎င်းကို ပစ်သတ်သွားသူတွေကိုတော့ တာဝန်ရှိသူတွေက ဆက်လက်စုံစမ်းရှာဖွေနေလျက်ရှိပါတယ်။

ရက်(ပ်)ပါ XXXTentacion ကတော့ ယခုနောက်ပိုင်းကာလတွေအတွင်း အသတ်ခံရတဲ့ နာမည်အကြီးဆုံး ဟစ်ဟော့ပ် လောကသားတစ်ဦး ဖြစ်လာခဲ့ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly