အသေးစား လေယာဉ်စက်ချို့ယွင်းမှုနဲ့ကြံုခဲ့ရတဲ့ ဆော်ဒီအသင်း

အသေးစား လေယာဉ်စက်ချို့ယွင်းမှုနဲ့ကြံုခဲ့ရတဲ့ ဆော်ဒီအသင်း

ဇွန် ၁၉၊ ရော့စ်တော့ဗ်။             ။ ကမ္ဘာ့ဖလားကစားဖို့ ရုရှနိုင်ငံကိုရောက်နေတဲ့ ဆော်ဒီအသင်းဟာ နောက်ပွဲအတွက် ရော့စ်တော့ဗ်မြို့ကို သွားရောက်စဉ်မှာ လေယာဉ် အင်ဂျင်တစ်လုံး အသေးစား စက်ချို့ယွင်းမှုနဲ့ ကြံုခဲ့ရပေမယ့် ဘေးကင်းစွာဆင်းသက်နိုင်ခဲ့တယ်လို့ ဆော်ဒီအာရေဗျ ဘောလုံးအဖွဲ့ချုပ်က တနင်္လာနေ့မှာ အတည်ပြုခဲ့ပါတယ်။

ဆော်ဒီအသင်းလိုက်ပါလာတဲ့ လေယာဉ်ရဲ့ တောင်ပံဟာ ပျံသန်းနေရင်း မီးတောက်နေတာကိုရိုက်ကူးထားတဲ့ ဗီဒီယိုတွေဟာ ဆိုရှယ်မီဒီယာပေါ်မှာ ပျံ့နှံ့နေပါတယ်။

“လေယာဉ်ရဲ့ အင်ဂျင်တစ်လုံး အသေးစားစက်ချို့ယွင်းမှုနဲ့ ကြံုခဲ့ရပေမယ့် ဘေးကင်းစွာဆင်းသက်နိုင်ခဲ့လို့ ဆော်ဒီလက်ရွေးစင် အသင်းသားအားလုံး အန္တရာယ် တစုံတရာ မရှိခဲ့ပါဘူး”လို့ ဆော်ဒီဘောလုံးအဖွဲ့ချုပ်က တွစ်တာမှာ ရေးသားခဲ့ပါတယ်။

အင်ဂျင်အသေးစားချို့ယွင်းမှုနဲ့ ကြံုခဲ့ရတဲ့ လေယာဉ်ဟာ ဆော်ဒီလေကြောင်းလိုင်းရဲ့မိတ်ဖက် လေကြောင်းလိုင်း မဟုတ်ဘူးလို့ ဆော်ဒီဘောလုံးအဖွဲ့ချုပ်က ဖြည့်စွက်ရေးသားထားပါသေးတယ်။

ကမ္ဘာ့ဖလားပြိုင်ပွဲဝင်အသင်းတွေအတွက် ပြိုင်ပွဲကျင်းပရေးကော်မတီက စီစဉ်ပေးထားတဲ့ အပြည်ပြည်ဆိုင်ရာ လေကြောင်းလိုင်းသာဖြစ်တယ်လို့ ရေးသားခဲ့တာပါ။

အဖွင့်ပွဲမှာ ရုရှအသင်းကို ငါးဂိုး၊ ဂိုးမရှိနဲ့ ရှုံးထားတဲ့ ဆော်ဒီအာရေဗျအသင်းဟာ ဒုတိယပွဲကို ဗုဒ္ဓဟူးနေ့မှာ ဥရုဂွေးအသင်းနဲ့ ကစားရမှာဖြစ်ပါတယ်။ ဒီပွဲမှာ ထပ်ရှုံးခဲ့ရင်တော့ ကမ္ဘာ့ဖလားပြိုင်ပွဲကနေ ပထမဆုံးထွက်ရတဲ့ အသင်းလည်း ဖြစ်လာနိုင်ပါတယ်။

Ref; Daily Mail

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly