အသင်းရဲ့ခြေစွမ်းကိုကျေနပ်နေတဲ့ အင်္ဂလန်နည်းပြ ဆောက်ဂိတ်

အသင်းရဲ့ခြေစွမ်းကိုကျေနပ်နေတဲ့ အင်္ဂလန်နည်းပြ ဆောက်ဂိတ်

 

ဇွန် ၁၉၊ ဗိုဂိုဂရတ်။          ။ ကမ္ဘာ့ဖလားအုပ်စုအဖွင့်ပွဲမှာ တူနီးရှားကိုအနိုင်ကစားခဲ့တဲ့ အင်္ဂလန်အသင်းသားတွေရဲ့ ခြေစွမ်းကို နည်းပြဆောက်ဂိတ်က ကျေနပ်နေပြီး ချီးကျူးစကားဆိုခဲ့ပါတယ်။

ပွဲပြီးခါနီးမှာ ဟာရီကိန်းက အနိုင်ဂိုးသွင်းလိုက်တုန်းကလည်း ဆောက်ဂိတ်ဟာ ကွင်းအတွင်းမှာ အလွန်အကျူးအောင်ပွဲခံခဲ့ပါ သေးတယ်။

နှစ်ဂိုး၊ တစ်ဂိုးနဲ့အနိုင်ရပြီးတဲ့နောက်မှာ ဆောက်ဂိတ်က “အသင်းကောင်းတွေဆိုတာက စိတ်ပျက်စေတတ်သလို နောက်ကျဂိုးတွေလည်း သွင်းတတ်တယ်။ ကျွန်တော်တို့လိုပေါ့။

စိတ်ရှည်ရမယ်။ အခွင့်ကောင်းစောင့်တတ်ရမယ်။ ပထမပိုင်းမှာ အပိုင်အခွင့်အရေးတွေ ဖန်တီးနိုင်ခဲ့တယ်။ တကယ်ကို ကျေနပ်ပါတယ်”လို့ ပြောဆိုခဲ့ပါတယ်။

အသင်းအနေနဲ့ သရေကျခဲ့ရင်တောင် ခြေစွမ်းကြောင့် ကျေနပ်ရမှာဖြစ်တယ်လို့လည်း သူကဆိုခဲ့ပါတယ်။ အင်္ဂလန်အတွက် ဦးဆောင်ဂိုးကို ပွဲချိန် ၁၁ မိနစ်မှာ ဟာရီကိန်းက သွင်းယူခဲ့ပြီး ပွဲချိန် ၃၅ မိနစ်မှာ ဆက်ဆီက ပင်နယ်တီကနေ တူနီးရှားအတွက် ချေပဂိုး ပြန်သွင်းခဲ့ပါတယ်။ အင်္ဂလန်အတွက် အဖိုးတန်အနိုင်ဂိုးကို ပွဲပြီးခါနီးကျမှ ဟာရီကိန်းကပဲ ခေါင်းတိုက်သွင်းယူခဲ့တာပါ။

ဇွန် ၁၉ ရက် ကစားခဲ့တဲ့ ကမ္ဘာ့ဖလားပွဲစဉ်တွေမှာ ဆွီဒင်က တောင်ကိုရီးယားကို တစ်ဂိုး၊ ဂိုးမရှိ၊ ဘယ်လ်ဂျီယံက ပနားမားကို သုံးဂိုး၊ ဂိုးမရှိ၊ အင်္ဂလန်က တူနီးရှားကို နှစ်ဂိုး၊ တစ်ဂိုးနဲ့ အနိုင်ရခဲ့ပါတယ်။

Ref; Mirror

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly