အီဂျစ် တူတပ်ခမန်ဘုရင်ကြီးမှာ တမလွန်ဘဝနတ်ဘုရားနှင့် တူစေရန် လိင်အင်္ဂါထောင်လျက်သားနှင့် မြှုပ်နှံခံခဲ့ဟုဆို

အီဂျစ် တူတပ်ခမန်ဘုရင်ကြီးမှာ တမလွန်ဘဝနတ်ဘုရားနှင့် တူစေရန် လိင်အင်္ဂါထောင်လျက်သားနှင့် မြှုပ်နှံခံခဲ့ဟုဆို

ကိုင်ရို၊ စက်တင်ဘာ - ၁ ။          ။ ကမ္ဘာ့အကျော်ကြားဆုံး မမ်မီကြီးဖြစ်သည့် တူတပ်ခမန်ကို ၎င်း၏လိင်အင်္ဂါ ၉၀ဒီဂရီ ထောင်လျှက်သားနှင့် မြှုပ်နှံခဲ့သည်ဟု ဆိုသည်။

ယင်းကဲ့သို့ ထာဝရထောင်မတ်နေခြင်းက ဘုရင်ကြီးတပ်ကို တမလွန်ဘဝ၏ နတ်ဘုရား အိုဆီးရစ်နှင့် ဆင်တူစေသည်ဟု အီဂျစ်ရေးရာကျွမ်းကျင်သူ ဆာလီမာ အစ်ခရန်က ယုံကြည်နေသည်။

သို့ဆိုလျှင် ဘာ့ကြောင့်လဲဟု မေးကြလိမ့်မည်။ ဤလုပ်ရပ်မှာ ဖခမည်းတော် အာဂျီနာတင်၏ နတ်ဘုရားတစ်ပါးတည်းဘာသာတရားတစ်ခုကို ထူထောင်ရန် ကြိုးစားမှုကို တန်ပြန်သည့်လုပ်ရပ်ဟု ကိုင်ရိုရှိ အမေရိကန်တက္ကသိုလ်မှ ပါမောက္ခ ဧဂျစ်ဗေဒပညာရှင် ဆာလီမာ အစ်ခရမ်က ပြောကြားခဲ့သည်။

သို့ရာတွင် ဘုရင်ကြီးတပ်က သူ့ဖခမည်းတော်၏ သဘောတရားကို ပြောင်းပြန်လှန်ပြီး အီဂျစ်ကို နတ်ဘုရားများစွာကို ကိုးကွယ်သည့်အစဉ်အလာဆီသို့ ပြန်ပို့နိုင်ရန် အလုပ်လုပ်ခဲ့သည်။

ယောကျ်ားလိင်အင်္ဂါကို ထောင်လျက်သားနှင့် မြှုပ်နှံခံခဲ့သည်မှာ သေသည့်တိုင်အောင် ဘုရားစုံထွန်းကားမှုကို ဆက်လက် ဖော်ဆောင်သွားမည်ဟူသည့် သဘောဖြစ်သည်ဟု ပါမောက္ခ အစ်ခရမ်က ယုံကြည်နေသည်။   

ဘုရင်ကြီးတပ်၏ အုတ်ဂူအခိုးခံရသည်ဟု ပြောဆိုချက်များ ထွက်ပေါ်လာနေရာ အုတ်ဂူကို ရှာဖွေတွေ့ရှိချိန်တွင်မူ ၉၀ဒီဂရီ ထောင်မတ်နေသည့် လိင်အင်္ဂါမှာ ကျိုးပြတ်နေပြီဖြစ်သည်ဟု ဆိုသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly