တူနီးရှား vs အင်္ဂလန် (ပွဲကြိုအချက်အလက်)

တူနီးရှား vs အင်္ဂလန် (ပွဲကြိုအချက်အလက်)

ပွဲစဉ် - တူနီးရှား vs အင်္ဂလန် (Group – G)ပွဲချိန် - ဇွန် ၁၉ ရက်၊ အင်္ဂါနေ့၊ မနက် ၁၂း၃၀၊ (မြန်မာစံတော်ချိန်)နေရာ - Volgograd Arena, Volgograd, Russiaပေါလ်မာဆွန် ခန့်မှန်းချက် - ၀-၁ ဂိုး

ပွဲကြိုအချက်အလက်

ထိပ်တိုက်တွေ့ဆုံမှု

  • တူနီးရှားအသင်းနဲ့ အင်္ဂလန်အသင်းတို့ရဲ့ နောက်ဆုံးတွေ့ဆုံခဲ့တာက ၁၉၉၈ ကမ္ဘာ့ဖလားပြိုင်ပွဲရဲ့ အဖွင့်ပွဲစဉ်ဖြစ်ပါတယ်။ အင်္ဂလန်အသင်းက ၂-၀ ဂိုးနဲ့ နိုင်ခဲ့တာပါ။
  • ဒီနှစ်သင်းရဲ့ တခြား တွေ့ဆုံမှုက ၁၉၉၀ ခုနှစ်က ခြေစမ်းပွဲဖြစ်ပြီး ၁-၁ ဂိုးဆိုတဲ့ သရေရလဒ်နဲ့ အဆုံးသတ်ထားပါတယ်။

တူနီးရှား

(၁) တူနီးရှားအသင်းဟာ ၁၉၇၈ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ မက္ကဆီကိုအသင်းကို ၃-၁ ဂိုးနဲ့ အနိုင်ရခဲ့ပြီးနောက်ပိုင်း ဒီပြိုင်ပွဲရဲ့ နောက်ဆုံး ၁၁ ပွဲမှာ နိုင်ပွဲ ရယူထားနိုင်ခြင်း မရှိခဲ့ပါဘူး။

(၂) ဒါကတော့ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ အာဖရိကအသင်း တူနီးရှားရဲ့ ပထမဆုံး နိုင်ပွဲဖြစ်ခဲ့ပါတယ်။

(၃) တူနီးရှားအသင်းဟာ ၂၀၀၆ ကမ္ဘာ့ဖလားပြိုင်ပွဲနောက်ပိုင်း သူတို့ရဲ့ ၅ ကြိမ်မြောက် ကမ္ဘာ့ဖလားခြေစစ်ပွဲ အောင်မြင်မှုဖြစ်ပါတယ်။ ဒီအသင်းဟာ ပြီးခဲ့တဲ့ ကမ္ဘာ့ဖလားပြိုင်ပွဲ ၄ ကြိမ်မှာ ရှုံးထွက်အဆင့်ထိ တက်ရောက်နိုင်ခဲ့ခြင်း မရှိခဲ့ပါ။
(၄) တူနီးရှားအသင်းဟာ ဒီပြိုင်ပွဲမှာ ၁၂ ပွဲမှာ ၁ ပွဲသာ ပေးဂိုးမရှိတာဖြစ်ပါတယ်။ ဒါကတော့ ၁၉၇၈ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ အနောက်ဂျာမနီကို ၀-၀ ဂိုးနဲ့ သရေကျတဲ့ပွဲဖြစ်ပါတယ်။

(၅) တူနီးရှားဟာ ခြေစစ်ပွဲမှာ ရှုံးပွဲမရှိ၊ ၆ ပွဲမှာ ပေးဂိုး ၄ ဂိုးသာ ခွင့်ပြုထားပါတယ်။

(၆) တူနီးရှားအသင်း ဖီဖာကမ္ဘာ့အဆင့်သတ်မှတ်ချက်မှာ အဆင့် ၂၁ မှာ ရပ်တည်နေပြီး အာဖရိကအသင််းတွေထဲမှာ အမြင့်ဆုံးရပ်တဲ့ အသင်းဖြစ်ပါတယ်။

အင်္ဂလန်

(၁) အင်္ဂလန်အသင်းဟာ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ အာဖရိကအသင်းတွေကို ရှုံးနိမ့်ထားခြင်း မရှိပါဘူး (၃ ပွဲနိုင်၊ သရေ ၃)။

(၂) ဒီအသင်းဟာ ပြီးခဲ့တဲ့ ကမ္ဘာ့ဖလားပြိုင်ပွဲ ၅ ကြိမ်မှာ ၂၀၀၆ ခုနှစ်က တစ်ကြိမ်သာ အုပ်စုဗိုလ်ဖြစ်ခဲ့ပါတယ်။

(၃) အင်္ဂလန်အသင်းဟာ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ၁၁ ပွဲအထိ သရေကျထားပြီး ဒီပြိုင်ပွဲရဲ့ စံချိန်တစ်ခုလည်းဖြစ်ပါတယ်။

(၄) အင်္ဂလန်အသင်းဟာ ခြေစစ်ပွဲအဆင့်မှာ ၃ ဂိုးသာ ပေးဂိုးရှိခဲ့ပြီး ဒါက ဥရောပဇုန်မှာ စပိန်အသင်းနဲ့ ပေးဂိုး မှတ်တမ်းတူညီမှုဖြစ်ပါတယ်။

(၅) အင်္ဂလန်အသင်းဟာ ရုရှားကမ္ဘာ့ဖလားပြိုင်ပွဲမှာ ကစားတဲ့ အသင်းအားလုံးထဲက ပြင်တွင်းလိဂ်ကစားသမားများ ပါဝင်မှု အများဆုံးအသင်းဖြစ်ပါတယ်။

(၆) ၂၀၁၈ ကမ္ဘာ့ဖလားဟာ အင်္ဂလန်အသင်းရဲ့ ၆ ကြိမ်ဆက် ပါဝင်ယှဉ်ပြိုင်မှုဖြစ်ပါတယ်။

(၇) ၁၉၆၆ ကမ္ဘာ့ဖလားဆွတ်ခူးပြီးနောက်ပိုင်း အင်္ဂလန်အသင်းဟာ ကွာတားဖိုင်နယ်အဆင့်ကို တစ်ကြိမ်သာ တက်ရောက်ခဲ့ပြီး ၁၉၉၀ ကမ္ဘာ့ဖလားမှာတော့ အဆင့် ၄ မှာ ရပ်တည်ခဲ့ပါတယ်။

(၈) အင်္ဂလန်အသင်းဟာ သူတို့ရဲ့ ကမ္ဘာ့ဖလား နောက်ဆုံး ၉ ပွဲမှာ ၁ ဂိုးအထက် သွင်းနိုင်ခြင်း မရှိခဲ့ပါဘူး။

ကမ္ဘာ့ဖလားခြေစစ်ပွဲ အချက်အလက်နဲ့ လူစာရင်း

တူနီးရှား

တူနီးရှားအသင်းဟာ ကမ္ဘာ့ဖလးပြိုင်ပွဲကို စုစုပေါင်း ၄ ကြိမ်ပါဝင် ယှဉ်ပြိုင်ခဲ့ဖူးပြီး အုပ်စုအဆင့်ကို ကျော်ဖြတ်နိုင်ခြင်း မရှိခဲ့သလို ဒီတစ်ကြိမ်မှာလည်း အင်္ဂလန်၊ ဘယ်လ်ဂျီယံတို့လို အသင်းတွေပါဝင်နေတဲ့ အုပ်စုကနေ နောက်တစ်ဆင့်တက်နိုင်ဖို့ဆိုတာ ခက်ခဲလွန်းပါတယ်။ တူနီးရှားဟာ နောက်ဆုံးကစားခဲ့တဲ့ ခြေစမ်းပွဲမှာ ကော်စတာရီကာ၊ အီရန်တို့ကိုတောင် ခက်ခက်ခဲခဲအနိုင်ယူခဲ့ရပြီး လစ်ဗျားလိုအသင်းမျိုးကိုလည်း သရေသာ ကစားနိုင်ခဲ့ပါတယ်။ တူနီးရှားအသင်းဟာ ခြေစစ်ပွဲ ၆ ပွဲမှာ ၄ ပွဲနိုင်၊ ၂ ပွဲသရေ၊ ရှုံးပွမရှိနဲ့ အုပ်စုပထမဖြစ်ခဲ့တယ်ဆိုပေမယ့်လည်း ကင်မရွန်း၊ ဂါနာ၊ အိုင်ဗရီကို့စ်၊ နိုင်ဂျီးရီးယားတို့လို အာဖရိကထိပ်တန်း အသင်းကြီးတွေနဲ့ တစ်အုပ်စုတည်း မကျရောက်ခဲ့လို့သာ ခြေစစ်ပွဲအောင်မြင်လာခဲ့တယ်လို့ဆိုမှာပါ။

လူစာရင်း

ဂိုး - ဘန်မူစတာဖာ(အယ်ရှာဘတ်)၊ ဟယ်ဆန်(ချာတဲလော့စ်)၊ မက်လော့တီ(အယ်ဘာတင်)
နောက်တန်း - ဘီဒေါ့(ဒူရှာဟယ်)၊  ဘီနာဘောက်(လက်စတာ)၊ ဘန်ယူဆက်(ကာဆင်ပါဆာ)၊ ဘရွန်(ဂျန့်)၊ ဟက်ဒါဒီ(ဒီဂျွန်)၊ မာလောက်(အယ်အာလီ)၊ မာရစ်ချ်(အက်ဖက်)၊ နစ်ဂေး(ဇာမာလက်)
အလယ်တန်း - ဘန်အာမော်(အယ်ဟက်လီ)၊ ချာလာလီ(အက်ပီရန့်)၊ ကိုင်လီ(ကလပ်အာဖရိကန်)၊ ကူလီ(ထရွိုင်းယက်စ်)၊ ဆစ်ဆီ(အယ်နာဆာ)၊ ဆာဟီရီ(မောင့်ပယ်လီယာ)
ရှေ့တန်း - ဘက်ရီ(အက်ပီရန့်)၊ ဖက်ဟက်ဒန်(အယ်အီတစ်)၊ ကိုင်လီဖာ(ကလပ်အာဖရိက)၊ ကိုင်ရီ(ရိန်းစ်)၊ ဆလီတီ(ဒီဂျွန်)၊ အက်ဆာဖီ(နိုက်စ်)

အင်္ဂလန်

နာမည်ကြီးအင်္ဂလန်အသင်းကတော့ ဒီအုပ်စုအတွင်းမှာ အုပ်စုပထမနေရာကို ရယူနိုင်မယ့်အသင်းအဖြစ် ရေပန်းစားနေပါတယ်။ အင်္ဂလန်ဟာ သူတို့ရဲ့အနေအထားအတိုင်း ခြေစစ်ပွဲတွေနဲ့ ခြေစမ်းပွဲတွေမှာတော့ ခြေစွမ်းကောင်းတွေကို ပြသခဲ့ပြီး ခြေစစ်ပွဲအတွင်း ရှုံးပွဲလုံးဝမရှိခဲ့ဘဲ ၈ ပွဲနိုင်၊ ၂ ပွဲ သရေကျကာ တိုက်ရိုက်ခြေစစ်ပွဲအောင်မြင်ခဲ့ပါတယ်။ ဒါ့အပြင် အင်္ဂလန်ဟာ အဆိုပါခြေစမ်းပွဲတွေထဲက ဂျာမနီ၊ ဘရာဇီး၊ အီတလီတို့လိုအသင်းတွေကိုလည်း သရေကစားနိုင်ခဲ့ပြီး ဟော်လန်ကို အနိုင်ယူနိုင်ခဲ့တဲ့အထိ ခြေစွမ်းထက်မြက်ခဲ့ပါတယ်။ ဒါပေမယ့် သတိပြုရမယ့်အချက်က နည်းပြ ဆောက်ဂိတ်ရွေးချယ်ထားတဲ့ ကစားသမားတွေကတော့ လူငယ်တွေ များလွန်းနေတာက နိုင်ငံတကာပြိုင်ပွဲကြီး အတွေ့အကြံုနုနယ်မှုက အင်္ဂလန်အတွက် အခက်အခဲဖြစ်လာနိုင်ပါတယ်။ ဒါ့အပြင် နည်းပြ ဆောက်ဂိတ်အတွက်လည်း ဒီကမ္ဘာ့ဖလားပြိုင်ပွဲဟာ ပထမဆုံးနိုင်ငံတကာပြိုင်ပွဲကြီးလည်းဖြစ်နေပါတယ်။

လူစာရင်း
ဂိုး - ဘတ်လန်း(စတုတ်)၊ ပစ်ဖို့ဒ်(အဲဗာတန်)၊ နစ်ပုပ်(ဘန်လေ)
နောက်တန်း - အာနိုး(လီဗာပူး)၊ ကာဟေးလ်(ချဲလ်ဆီး)၊ ဖာဘီယန်ဒဲလ်၊ ဂျွန်စတုန်း၊ ဝေါ်လ်ကာ(မန်စီးတီး)၊ အက်ရှ်လေယန်း၊ ဖီးဂျံုးလ်(မန်ယူ)၊ မာဂူရီ(လက်စတာ)၊ ဒန်နီရို့စ်၊ ထရစ်ပီယာ(စပါးစ်)
အလယ်တန်း - အလီ၊ ဒိုင်ယာ(စပါးစ်)၊ ဟန်ဒါဆန်(လီဗာပူး)၊ လင်ဂတ်(မန်ယူ)၊ လော့တက်ချက်(ပဲလေ့စ်)
ရှေ့တန်း - ဟယ်ရီကိန်း(စပါးစ်)၊ ဗာဒီ(လက်စတာ)၊ ရက်ဖို့ဒ်(မန်ယူ)၊ စတာလင်း(မန်စီးတီး)၊ ၀ဲလ်ဘတ်(အာဆင်နယ်)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags