ဒူတာတေးအား ဝေဖန်၍ ပြည်နှင်ဒဏ် ရင်ဆိုင်နေရသည့် သြစတြေးလျသီလရှင် ပြစ်ဒဏ်ရွှေ့ဆိုင်းခံရ

ဒူတာတေးအား ဝေဖန်၍ ပြည်နှင်ဒဏ် ရင်ဆိုင်နေရသည့် သြစတြေးလျသီလရှင် ပြစ်ဒဏ်ရွှေ့ဆိုင်းခံရ

မနီလာ၊ ဇွန် ၁၈ ။              ။ ဖိလစ်ပိုင်သမ္မတ ဒူတာတေးက နို်င်ငံတွင်းမှ ထွက်ခွာရန် အမိန့်ထုတ်ထားပြီး တရားရုံးတွင် ပြည်နှင်ဒဏ်နှင့် ရင်ဆိုင်နေရသည့် သြစတြေးလျသီလရှင်သည် ဇွန် ၁၈ ရက်တွင် ပြည်နှင်ဒဏ် ရွှေ့ဆိုင်းခံရသည်။

သို့သော်လည်း ၎င်းအား နိုင်ငံတွင်းမှ နှင်ထုတ်မည့် စွဲချက်ကို ဆက်လက်ကြားနာသွားဦးမည် ဖြစ်သည်။

အသက် ရ၁ နှစ်အရွယ် စစ္စတာ ပတ်ထရစ်စီယာဖို့ဇ်သည် ဗီဇာစည်းကမ်းကို ချိုးဖောက်ကာ နိုင်ငံရေးတက်ကြွလှုပ်ရှားသည်ဟု စွပ်စွဲခံရပြီး ဒူတာတေးက ဖမ်းဆီးရန် အမိန့်ထုတ်လိုက်ပြီးနောက် ဧပြီလအတွင်းက ဖမ်းဆီးထိန်းသိမ်းခံရခြင်း ဖြစ်သည်။

ဒူတာတေး၏ လူ့အခွင့်အရေးစံနှုန်းများအပေါ် ဝေဖန်သော နိုင်ငံခြားသားများကို အစိုးရက နှိမ်နင်းလျက် ရှိစဉ် ယခု ပတ်ထရီစီယာ၏ အမှုကိစ္စ ဖြစ်ပေါ်လာခြင်းလည်း ဖြစ်သည်။

လူဝင်မှုကြီးကြပ်ရေးဌာနက ပတ်ထရီစီယာ၏ ဗီဇာကို ပယ်ဖျက်ပြီး ဇွန် ၁၈ ရက်မတိုင်မီ နိုင်ငံတွင်းမှ ထွက်ခွာရန် အမိန့် ထုတ်ထားသော်လည်း တရားရေးဌာနက ဥပဒေနှင့် ဆီလျော်ခြင်း မရှိဆိုကာ အဆိုပါ အမိန့်အား တရားမဝင်ကြောင်း ကြေညာလိုက်ခြင်း ဖြစ်သည်။

“ဒီအမှုကိစ္စမှာတော့ လူဝင်မှုကြီးကြပ်ရေးက ဥပဒေကို ကျော်လွန်နေတာပဲ ဖြစ်တယ်။ ဒါကြောင့် ပြည်နှင်ဒဏ်ပေးတဲ့ အမိန့်ကို ရွှေ့ဆိုင်းတယ်။ နောက်ဆုံး စစ်ဆေးကြားနာပြီး စီရင်ချက် ချတဲ့အချိန်ထိ ရွှေ့ဆိုင်းလိုက်တာ ဖြစ်တယ်။”ဟု တရားရေးဝန်ကြီး မန်နာဒိုက ထုတ်ပြန်ခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly