မဲဆောက်ရှိ ထိုင်း-မြန်မာအထူးစီးပွားရေးဇုန် တွင်ဆောက်လုပ်ရေး အလုပ်သမားများ စွာလိုအပ်လျက်ရှိ

မဲဆောက်ရှိ ထိုင်း-မြန်မာအထူးစီးပွားရေးဇုန် တွင်ဆောက်လုပ်ရေး အလုပ်သမားများ စွာလိုအပ်လျက်ရှိ

မဲဆောက်၊ စက်တင်ဘာ ၁ ။        ။ ထိုင်းနိုင်ငံ မဲဆောက်တွင် ယခုသီတင်းပတ်တွင် ထိုင်း - မြန်မာအထူး စီးပွားရေး ဇုန်ဆောက်လုပ်မှု စတင်ရာ နောက်ထပ်အလုပ်သမားများစွာ လိုအပ်လျက်ရှိကြောင်း စီမံကိန်းခေါင်းဆောင်များ ကပြောသည်။

သြဂုတ် ၃၀က မဲဆောက်နှင့် မြဝတီကို ချိတ်ဆက်သော ဒုတိယမြောက် ချစ်ကြည်ရေးတံတားအတွက် အခမ်းအနားပြုလုပ်ပြီးနောက် ဆောက်လုပ်ရေးအတွက် အလုပ်သမားများစွာလိုအပ်ကြောင်း အထူးစီးပွားရေးဇုန် စီမံကိန်းအတွက် ဆောက်လုပ်ရေးဒါရိုက်တာ ဂျီအီရော့ပတ်ပရာဆွတ်က ဒီဗွီဘီသို့ပြောသည်။

အထူးစီးပွားရေးဇုန်တည်ဆောက်မည့် မြန်မားအလုပ်သမားများအတွက် ယာယီဗီဇာထုတ်ပေးရန် သို့မဟုတ် ညစဉ်မြန်မာဘက်သို့ ပြန်ရန် လိုမလို မဆုံးဖြတ်ရသေးဟု ထိုင်းနိုင်ငံ တက်က်ပြည်နယ် ဒု-အုပ်ချုပ်ရေးမှူး ဆူသာစိုင်းဝါနစ်က ဒီဗွီဘီသို့ ပြောသည်။ သို့သော်လည်း နိုင်ငံခြားသားအလုပ်သမားများကို ထိုင်းကျန်းမာရေးအာမခံပေးမည်ဟု ၎င်းက အတည်ပြုခဲ့သည်။

အထူးစီးပွားရေးဇုန်တွင် ဒုတိယမြောက် ချစ်ကြည်ရေးတံတား၊ စူပါမားကက်များ၊ ဟိုတယ်များ ပါဝင်သည့်အပြင် နိုင်ငံတကာစီးပွားရေးလုပ်ငန်းများအတွက် ရုံးခန်းများလည်း ပါဝင်မည်ဖြစ်သည်။

လုပ်ငန်းစတင်သည့် ပထမလေးငါးနှစ်အတွင်း စီးပွားရေးဇုန်အတွင်း စီးပွားရေးလုပ်ငန်းများနှင့် စက်ရုံများအတွက် ထိုင်းက အခွန်လျှော့ပေါ့သက်သာခွင့်ပေးမည်ဟု သိရသည်။

တံတားတစ်စင်းတည်းအတွက် ဆောက်လုပ်ရေးကုန်ကျစရိတ်မှာ ထိုင်းဘက်မှ ဘတ်သန်းပေါင်း ၆၄၀ ဘတ်ဂျက်ချထားသည်။ ၂၀၁၇ခုနှစ်တွင် ဆောက်လုပ်ရေးလုပ်ငန်းများပြီးစီးရန် စီစဉ်ထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly