နိုင်ငံတစ်ဝှမ်း ရေပြတ်လပ်မှုနဲ့ ရင်ဆိုင်နေရတဲ့ ဗင်နီဇွဲလား

နိုင်ငံတစ်ဝှမ်း ရေပြတ်လပ်မှုနဲ့ ရင်ဆိုင်နေရတဲ့ ဗင်နီဇွဲလား

ဇွန် ၁၈ ။          ။ ဗင်နီဇွဲလားနိုင်ငံသူတစ်ယောက် ဖြစ်တဲ့ ဘက်ဂီဟာ ဒီရက်ပိုင်းတွေမှာ မနက်ဘက် အစောကြီး သုံးနာရီလောက် ထပြီး အဝတ်တွေ လျှော်လျှော်နေရတယ်လို့ ဆိုပါတယ်။ ဘာလို့လဲ ဆိုတော့ ရေက အဲဒီအချိန်မတော်ကြီးမှာ လာတတ်ပြီး ခဏလေးနဲ့ ပြန်ပြတ်သွားတယ်လို့ ပြောပါတယ်။

ဒါ့အပြင် လေးငါးရက် ဆက်တိုက် ရေမလာတဲ့အဖြစ်မျိုးနဲ့ ကြံုရတတ်သေးတယ်လို့ ဆိုပါတယ်။ ခုချိန်မှာ နေ့တိုင်း ရေမှန်မှန် လာနိုင်မလားဆိုတာတော့ သူမလည်း သေချာမသိပါဘူး။

လက်ရှိကာလကတော့ သုံးရေ သောက်ရေ ရှားပါးပြတ်လပ်မှုက ဗင်နီဇွဲလား ပြည်သူပြည်သူတွေ အဓိက ကြံုတွေ့နေရတဲ့ ပြဿနာတစ်ခု ဖြစ်ပါတယ်။

" ကျွန်မတို့က ခု ကုလားအုတ်တွေလို နေနေရတယ်၊ ခုချိန်မှာ ဆာဟာရ သဲကန္တာရ ထဲ ရောက်နေသလိုတောင် ခံစားမိပါတယ်" လို့ ဘက်ဂီက ပြောပါတယ်။

" ရေချိုးတော့လည်း ကြည့်လိုက်ဦးလေ၊ ကိုကာ ကိုလာတစ်ဘူးစာလောက်ပဲ ရှိတဲ့ ရေလောက်နဲ့ပဲ ချိုးရတယ်၊ စဉ်းစားကြည့်ပေါ့၊ ဒီ ရေက ဘာရှိမှာမို့လဲ" ဆိုပြီး သူမက ညည်းတွားသွားပါတယ်။

ဘာပဲဖြစ်ဖြစ် ခုချိန်မှာ ရေရှားပါးပြတ်လပ်မှုက ယင်းနိုင်ငံတစ်ဝှမ်းလုံးမှာ ဖြစ်နေတာကြောင့် နိုင်ငံသူနိုင်ငံသားအများစုကတော့  သုံးရေ ရရှိဖို့ Avila mountain တောင်ဘက်ကို မဖြစ်မနေ သွားနေကြရတယ်လို့ သိရပါတယ်။

လက်ရှိအချိန်မှာ ရေပြတ်လပ်မှုက ယင်းနိုင်ငံတစ်ဝှမ်း မှာ ကြံုနေရတဲ့ ပြဿာနာကြီးတစ်ခုဖြစ်နေပါတယ်။ တစ်ချိန်တည်းမှာလည်းပဲ စီးပွားရေး အကျပ်ရိုက်နေလို့ စားသောက်ကုန်ပြတ်လပ်မှု၊ ဆေးဝါး ရှားပါးမှု တို့လည်း ရင်ဆိုင်နေရလျက်ရှိပါတယ်။ နိုင်ငံရဲ့ ငွေကြေးဖောင်ပွမှုနှုန်းဟာ ၂၀၁၈ ခုနှစ်ထဲမှာ ၁၃,၈၀၀ ရာခိုင်နှုန်းထိတောင် ကျော်လွန်နိုင်တယ်လို့လည်း IMF က ခန့်မှန်းထားပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly