မြန်မာသီချင်း MTV လာရိုက်တဲ့ ထိုင်းမော်ဒယ် ဆွန်ဆွန်

မြန်မာသီချင်း MTV လာရိုက်တဲ့ ထိုင်းမော်ဒယ် ဆွန်ဆွန်

ထိုင်းနိုင်ငံရဲ့လူမှုကွန်ယက်တွေမှာ ဟာသဗီဒီယိုဖိုင်လေးတွေနဲ့ နာမည်ကြီးနေတဲ့ Maeya Sun Sun (ခေါ်) မော်ဒယ်ဆွန်ဆွန်  မြန်မာနိုင်ငံကို ရောက်ရှိလာပါတယ် ။

မြန်မာသီချင်းခွေအမ်တီဗီတစ်ခုမှာ သရုပ်ဆောင်ဖို့အတွက် မြန်မာပြည်ကို ဇွန်လ ၁၇ ရက်နေ့ညပိုင်းက ရောက်ရှိလာခြင်းဖြစ်ကြောင်းသိရပါတယ် ။

၂၀၁၃ ခုနှစ် အိပ်မက်ဆုံရာ Season 4 မှာ 3rd Runner Up ဆုကို ရရှိခဲ့ရာက အနုပညာလောကမှာ ရေပန်းစားလာတဲ့ အဆိုတော်ဟန်ထူးစျာန်ရဲ့ ဖိတ်ကြားမှုကြောင့် ရောက်ရှိလာတာဖြစ်ပါ တယ်။

မော်ဒယ်ဆွန်ဆွန်ဟာ လတ်တလောရိုက်ကူးနေတဲ့ ဟန်ထူးစျာန်” ရဲ့ “CELEBRITY” တေးစီး ရီး အယ်လ်ဘမ် MTV မှာ ထူးထူးခြားခြား ပါ၀င်ရိုက်ကူးသွားမှာ ဖြစ်ပါတယ်။

" အစ်ကိုက ဒီသီချင်းကို စဉ်းစားတာပေါ့နော်၊ CELEBRITY သီချင်းကို စဉ်းစားတော့ တော်တော်ကြာ တယ်၊ ဘယ်သူနဲ့ရိုက်မလဲဆိုတာ၊ မင်းသမီးတွေလည်း တော်တော်စဉ်းစားဖြစ်တယ်၊ နောက်ဆုံး စိတ်ဓါတ်ကျနေတဲ့အချိန်မှာ သူ့ရဲ့ဗီဒီယိုဖိုင်လေးတစ်ခုကြည့်လိုက်ရတယ်၊ သူမုန့်စားနေတာလေးပေါ့၊  သူဟာကိုကြည့်ပြီးတော့ ရယ်လိုက်ရတယ်၊ ပျော်လိုက်ရတယ်၊ ပြီးတော့ သူ့ကိုချစ်သွားတယ်၊ အဲဒီတော့ ကိုယ်လည်းချစ်သွားတယ်ဆိုတော့ ဒီသီချင်းကို သူနဲ့ရိုက်ရင် ကိုယ့်နိုင်ငံက ပရိသတ်တွေလည်း ပျော်ကြမယ်ပေါ့နော်၊ အဲဒီလိုနဲ့ အစ်ကို သူနဲ့လည်း နည်းနည်းခင်နေတော့ ကမ်းလှမ်းဖြစ်သွားတာ" လို့ အဆိုတော် ဟန်ထူးစျာန်က ပြောပါတယ်။

အဆိုတော် ဟန်ထူးစျာန်ဟာ သူရဲ့ “CELEBRITY” တေးစီး ရီး အယ်လ်ဘမ် MTVကို အကောင်းဆုံး ရိုက်ကူးနေပြီး လတ်တလောမှာ ကျပ်သိန်း ၁ ထောင်ကျော် ကုန်ကျနေပြီလို့ ဆိုပါတယ်။

ဆွန်ဆွန်ဟာ ရန်ကုန်မြို့ပေါ်မှာ ရက်အနည်းငယ်နေထိုင်ပြီး အဆိုတော် ဟန်ထူးစျာန်နဲ့ တေးသရုပ် ဖော် ဇာတ်ဝင်ခန်းတစ်ချို့ ရိုက်ကူးသွားမှာဖြစ်ပြီး ဆွန်ဆွန်အတွက် ဒါဟာ မြန်မာနိုင်ငံကို ပထမ ဆုံး အလည်အပတ်ရောက်ဖူးတာဖြစ်တဲ့အတွက် တန်ခိုးကြီးဘုရားတွေကိုလည်း လည်ပတ်ဖူးမြှော်မယ်လို့ သိရပါတယ်။

ဆွန်ဆွန်ကတော့ မော်ဒယ် တစ်ယောက်၊ Miss တစ်ဦး ဖြစ်သလို ဆုတွေလည်း အများကြီးရရှိဖူးသူ တစ်ယောက်ဖြစ်ပါတယ် ။

သူမရဲ့ အပျော်တမ်းတင်တဲ့ ဟာသ video ဖိုင်လးတွေက ပရိသတ်ကြားမှာ ရေပန်းစားနေ သလို Facebook မှာ Followers ပေါင်း (749346 ) ရရှိ ထားပါတယ်။ လတ်တလောမှာ သူမရဲ့ထူးခြားတဲ့ ရုပ်သွင်ပြင်ကြောင့် ထိုင်းနိုင်ငံရဲ့လူမှုကွန်ယက်မှာသာမက တခြားနိုင်ငံက လူမှုကွန်ယက်တွေ မှာပါ ပရိသတ်တွေ အခိုင်အမာရရှိထားသူတစ်ဦးဖြစ်ပါတယ် ။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly