အင်တာကွင်းလယ်လူ ဟာနာနက်စ် ဂျူဗင်တပ်စ်သို့ ပြောင်းရွှေ့

အင်တာကွင်းလယ်လူ ဟာနာနက်စ် ဂျူဗင်တပ်စ်သို့ ပြောင်းရွှေ့

စက်တင်ဘာ ၁၊ မီလန် ။          ။ ဂျူဗင်တပ်စ်အသင်းသည် အင်တာမီလန်အသင်းမှ ဘရာဇီးကွင်းလယ်ကစားသမား ဟာနာနက်စ်ကို ပြောင်းရွှေ့ကြေး ယူရို ၁၁ သန်းဖြင့် သုံးနှစ်စာချုပ် ချုပ်ဆိုကာခေါ်ယူ လိုက်ပြီ ဖြစ်သည်။ ဟာနာနက်စ်၏ ခြေစွမ်းအပေါ် မူတည်၍ ဂျူဗင်တပ်စ်အသင်းက အင်တာမီလန်ကို ယူရို ၂ သန်း ထပ်မံ ပေးချေရမည် ဖြစ်သည်။

ဗီဒယ်နှင့် ပီယာလိုတို့ ထွက်ခွာသွားသည့်အတွက် အားနည်းနေသည့် ကွင်းလယ်ကို အားဖြည့်ရန် ကြိုးပမ်းခဲ့ခြင်း ဖြစ်ည်။ ဂျူဗင်တပ်စ်အသင်းသည် ၎င်းတို့ခေါ်ယူရန် ပစ်မှတ်ထားနေ သည့်ရှော်လ်ကေး ကွင်းလယ်လူ ဒရက်စ်လာ ဝုဖ်ဘတ်သို့ ပြောင်းရွှေ့သွားသည့်အတွက် ဟာနာနက်စ်ကို ခေါ်ယူခဲ့ခြင်း ဖြစ်သည်။

ဟာနာနက်စ်သည် ၂၀၁၄ ခုနှစ် ဇန်နဝါရီလကမှ အင်တာသို့ လာဇီယိုမှ ယူရို ၁၈ သန်းဖြင့် ပြောင်းရွှေ့ခဲ့သူ ဖြစ်သည်။ အင်တာတွင် ရာသီဝက်သာ ကစားခဲ့ပြီး ယခု ဂျူဗင်တပ်စ်သို့ ပြောင်းရွှေ့ ခဲ့ခြင်းဖြစ် သည်။

Ref: Goal.com

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly