လှည်းကူးတွင် အမျိုးသမီးတစ်ဦး ဓားခုတ်လူသတ်ခံရမှုတွင် ပြုတ်ကျခဲ့သော အကျႌကြယ်သီးမှတဆင့် ဖော်ထုတ်ဖမ်းဆီး

လှည်းကူးတွင် အမျိုးသမီးတစ်ဦး ဓားခုတ်လူသတ်ခံရမှုတွင် ပြုတ်ကျခဲ့သော အကျႌကြယ်သီးမှတဆင့် ဖော်ထုတ်ဖမ်းဆီး

ရန်ကုန်၊ ဇွန် ၁၇ ။           ။ ဇွန်လ ၁၆ ရက်က လှည်းကူးမြို့နယ်၊ ဇရပ်ကွင်းကျေးရွာအပိုင်တွင် ဖြစ်ပွားခဲ့သော အမျိုးသမီးတစ်ဦးဓားခုတ် လူသတ်ခံရမှုမှ ပြစ်မှုကျူးလွန်သူကို ပြုတ်ကျခဲ့သော အကျႌကြယ်သီးမှတဆင့် ကွင်းဆက်ဖော်ထုတ်ဖမ်းဆီး ရမိခဲ့ကြောင်း သိရသည်။

သေဆုံးသူအမျိုးသမီး၏ မျက်နှာနှင့် ပါးတို့တွင် ဓားခုတ်ဒဏ်ရာများ ရရှိထားပြီး  ၎င်းကြက်ခြံလုပ်သားများနှင့် အမျိုးတော်စပ်သူက ငွေကြေးချေးငှားရာမှ မရသဖြင့် ဒေါသအလျောက် အသင့်ပါလာသောဓားဖြင့် ခုတ်သတ်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

ဓားခုတ်ခံရ၍သေဆုံးနေသောအသက်(၃၉)နှစ် အရွယ်ရှိ အမျိုးသမီး၏ ၏ Dead body အား လှည်းကူးမြို့နယ်၊ ပြည်သူ့ဆေးရုံမော်ကျူရီသို့ကရုဏာရှင်အသင်း-လှည်းကူးမြို့(အခမဲ့)နာရေး ကူညီမှုအသင်းတာဝန်ကျ လုပ်အားပေးအဖွဲ့မှ နိဗ္ဗာန်ယာဉ်ဖြင့် ဇွန်လ ၁၆ ရက် မနက်ပိုင်းက (အခမဲ့)ကူညီပို့ဆောင်ပေးခဲ့ကြောင်း သိရသည်​။

ဖြစ်စဉ်မှာ ဇွန်လ ၁၆ ရက် နံနက် ၀၉းဝဝနာရီအချိန်တွင် ကြက်မွေးမြူရေးလုပ်ငန်းလုပ်ကိုင်သူ လှည်းကူးမြို့နယ် နေ ဦး----သည် ကြက်ခြံ၌ရှိနေစဉ် ၎င်းပိုင်မော်တော်ယာဉ်အား ပဲခူးမြို့ရှိ ဘုန်းတော်ကြီးကျောင်းသို့ သွားရောက်ရန် အတွက် လှည်းကူးမြို့နေသူ မ-----မှ လာရောက်ငှားရမ်းသဖြင့် လိုက်ပါပို့ ဆောင်ပေးခဲ့ကြောင်း၊ နံနက် ၁၁း၃၀ နာရီအချိန်တွင် ကြက်ခြံအလုပ်သမားဖြစ်သူတို့က ၎င်း၏ချွေးမဖြစ်သူမှာ ဒဏ်ရာများရရှိကာ လဲကျနေကြောင်း ပြောပြသိရှိရသဖြင့် ခြံသို့ပြန်လာပြီး ကြည့်ရှုခဲ့ရာ ချွေးမဖြစ် သူတွင် နဖူး၊ လည်ဂုတ်၊ ၀ဲလက်မောင်း နှင့် ပေါင်တို့တွင် ဓားခုတ်ဒဏ်ရာများရရှိကာ သေဆုံးနေသည်ကို တွေ့ရှိရပြီး ယင်းသို့သေဆုံးအောင်ပြုလုပ်သူအား အရေးယူပေးရန်တိုင်တန်းချက်အရ လှည်းကူးမြို့မရဲ စခန်း(ပ)၆၂၈/၂၀၁၈၊ ရာဇသတ်ကြီးပုဒ်မ ၃၀၂ဖြင့် အမှုဖွင့်ကာ ပြစ်မှုကျူးလွန်သူကို ဖမ်းဆီးရမိရေး စုံစမ်းဆောင်ရွက်ခဲ့သော အမှုဖြစ်သည်ဟု ရန်ကုန်တိုင်းရဲတပ်ဖွဲ့မှ ဇွန်လ ၁၉ ရက်တွင် ထုတ်ပြန်သည်။

အခင်းဖြစ်ရပ်အနီးရှိ သွေးအိုင်အတွင်း၌ပြုတ်ကျကျန်ရစ်ခဲ့သည့် အင်္ကျီကြယ်သီးတစ်လုံးအား တွေ့ရှိခဲ့ရပြီး ၎င်းကြယ်သီးနှင့်ပတ်သက်၍ ဆက်စပ်စုံစမ်းစစ်ဆေးခဲ့ပြီး  ကျူးလွန်သူဟု သံသယရှိသူ ရဲစိုးဦးသည် အခင်းဖြစ်နေရာပတ်ဝန်းကျင်တွင် မျှစ်လာရောက် ချိုးလေ့ရှိသူဖြစ်ပြီး ၎င်းမှာ အခင်းဖြစ်ပြီးနောက် နေအိမ်တွင် မရှိဘဲ ပဲခူးတိုင်းဒေသကြီး၊ အင်းတကော်မြို့နယ်ရှိ မိဘများနေအိမ်သို့ပြန်သွားကြောင်း စုံစမ်းသိရှိခဲ့ရသည်။

ထို့ပြင် ကြက်ခြံအလုပ်သမားများမှာ ၎င်း၏ ခယ်မနှင့် သမီးဖြစ်သူတို့ဖြစ် ကြောင်းသိရှိရပြီး အခင်းဖြစ်ကြက်ခြံ အတွင်းသို့ ၀င်/ထွက်သွားလာတတ်သူဖြစ်ကြောင်း စုံစမ်းတွေ့ရှိချက်များအရ ၎င်းအားစစ်ဆေးနိုင်ရေးအတွက် နေ့လယ် ၂ နာရီခန့်တွင် ရဲစိုးဦး၊ (၄၁)နှစ်အား ပဲခူးတိုင်းဒေသကြီး၊ အင်းတကော်မြို့နယ်ရှိ နေအိမ်မှ ခေါ်ယူစစ်ဆေးခဲ့သည်။

ယင်းသို့ စစ်ဆေးခဲ့ရာ ရဲစိုးဦးသည် နံနက် ၁၀းဝဝနာရီအချိန်တွင် ၎င်း၏ ခယ်မဖြစ်သူနှင့် သမီးဖြစ်သူတို့ အလုပ် လုပ်ကိုင်လျက်ရှိသည့် ကြက်ခြံသို့သွားရောက်ကာ သေဆုံးသူထံမှ ငွေ (၃)သိန်းကျပ်အား ချေးငှားစဉ် သေဆုံးသူက အဆိုပါ ငွေများအား အဆင်မပြေသဖြင့် မချေးငှားနိုင်ကြောင်းကို ရိုင်းပြစွာပြောဆိုပြီး ၎င်းဝတ်ဆင်ထား သောအင်္ကျီအား ဆွဲစောင့်သဖြင့် ကြယ်သီးတစ်လုံးပြုတ်ကျသွား၍ ဒေါသမထိန်းနိုင်ဘဲ တွန်းလဲပြီး အသင့် ပါလာသော ဓားဖြင့်လေးငါးချက်ခန့်ခုတ်ကာ ခြံအတွင်းမှထွက်ပြေးခဲ့ခြင်းဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

စစ်ဆေးပေါ်ပေါက်ချက်များအရ ရဲစိုးဦးအား အမှုဖြင့်ဆက်လက်စစ်ဆေးလျက်ရှိပြီးပြစ်မှုကျူးလွန်ရာတွင် အသုံးပြုခဲ့ သည့်ဓားနှင့် အခင်းဖြစ်စဉ် ၀တ်ဆင်ခဲ့သည့် အဝတ်အစားများအား ပြန်လည် သိမ်းဆည်းနိုင်ခဲ့ကာ ပြစ်မှု ကျူးလွန်သူအား ဥပဒေနှင့်အညီထိရောက်ပြစ်ဒဏ်ရရှိရေး ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ရန်ကုန်တိုင်း ရဲတပ်ဖွဲ့မှ ထုတ်ပြန်ထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly