ဂျာမနီ vs မက္ကဆီကို (ပွဲကြိုအချက်အလက်)

ဂျာမနီ vs မက္ကဆီကို (ပွဲကြိုအချက်အလက်)

ပွဲစဉ် - ဂျာမနီ vs မက္ကဆီကို (Group – F)ပွဲချိန် - ည ၉း၃၀၊ တနင်္ဂနွေနေ့ (မြန်မာစံတော်ချိန်)နေရာ - Luzhniki Stadium, Moscow, Russiaပေါလ်မာဆွန် ခန့်မှန်းချက်  ၂-၁ ဂိုး

ပွဲကြိုအချက်အလက်

ထိပ်တိုက်တွေ့ဆုံမှု

  • မက္ကဆီကိုအသင်းအနေနဲ့ ဂျာမနီကို နိုင်ငံတကာပွဲစဉ် ၁၁ ပွဲကစားခဲ့ရာမှ ၁၉၈၅ ခုနှစ်က ခြေစမ်းပွဲ တစ်ပွဲသာ အနိုင်ရရှိထားပြီး ၅ ပွဲသရေ၊ ၅ ပွဲရှုံးထားပါတယ်။
  • အခုတစ်ခေါက်တွေ့ဆုံမှုက ဒီနှစ်သင်းကြား ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ၄ ကြိမ်မြောက် တွေ့ဆုံမှုဖြစ်လာပါလိမ့်မယ်။ ဂျာမနီက မက္ကဆီကို ၁၉၇၈ ခုနှစ်မှာ အုပ်စုပထမဆုံးပွဲစဉ်မှာ ၆-၀ ဂိုး၊ ၁၉၉၈ ကမ္ဘာ့ဖလားမှာ ရှုံးထွက် ၁၆ သင်းအဆင့်မှာ ၂-၁ ဂိုး တိုနဲ့ နိုင်ခဲ့ပြီး ၁၉၈၆ ခုနှစ် ကွာတားဖိုင်နယ်မှာ ၀-၀ သရေနဲ့ ပင်နယ်တီ အဆုံးအဖြတ်မှာ ၄-၀ ဂိုးနဲ့ အနောက်တစ်ဆင့် တက်ခဲ့ပါတယ်။

ဂျာမနီ

(၁) ဂျိုအာချင်လိုအနေနဲ့ သမိုင်းတစ်လျှောက် အီတလီနည်းပြ ပိုဇိုရဲ့ ၁၉၃၄၊ ၁၉၃၈ ကမ္ဘာ့ဖလာ ဆက်တိုက် ရယူနိုင်တဲ့ စံချိန်ကို လိုက်မှီဖို့ ရည်မှန်းထားပါတယ်။

(၂) ဂျာမနီအသင်းဟာ ၁၉၉၀ ကမ္ဘာ့ဖလားနောက်ပိုင်း အုပ်စုဗိုလ်အဖြစ် အမြဲတမ်း ရပ်တည်နိုင်ခဲ့ပြီး ဒီပြိုင်ပွဲရဲ့ နောက်ဆုံး ၄ ကြိမ်မှာ ဆီမီးဖိုင်နယ်အဆင့်ထိ တက်ရောက်ခဲ့ပါတယ်။

(၃) ဂျာမနီဟာ ၁၉၇၈ ကမ္ဘာ့ဖလားမှာ ပိုလန်အသင်းကို ၀-၀ ဂိုးနဲ့ သရေကျခဲ့တဲ့ အဖွင့်ပွဲစဉ် တစ်ပွဲသာ ဂိုးသွင်းယူနိုင်ခဲ့ခြင်း မရှိခဲ့ပါ။

(၄) ဂျာမနီအသင်းဟာ ကမ္ဘာ့ဖလားခြေစစ်ပွဲအောင်မြင်ပြီးနောက်ပိုင်း ခြေစမ်းပွဲ ၆ ပွဲမှာ ၁ ပွဲသာ အနိုင်ရရှိပြီး ၃ ပွဲသရေ၊ ၂ ပွဲရှုံးခဲ့ပါတယ်။

မက္ကဆီကို

(၁) မက္ကဆီကိုအသင်းဟာ ပြီးခဲ့တဲ့ ကမ္ဘာ့ဖလားပြိုင်ပွဲ ၆ ကြိမ်မှာ ရှုံးထွက် ၁၆ သင်းအဆင့်ကနေ ထွက်ခွာခဲ့ရပါတယ်။ သူတို့ဟာ နောက်ဆုံး (၈)သင်းဆင့်ကို အိမ်ကွင်းမှာ တစ်ကြိမ်သာ တက်ရောက်ခဲ့ပြီး ၁၉၇၀ နဲ့ ၁၉၈၆ ကမ္ဘာ့ဖလားပြိုင်ပွဲမှာလည်း အလားတူနည်းတူ အဆင့်ကို တက်ရောက်ခဲ့ပါတယ်။

(၂) အခုတစ်ကြိမ်ဟာ မက္ကဆီကိုရဲ့ ၁၆ ကြိမ်မြောက် ကမ္ဘာ့ဖလားပြိုင်ပွဲ ဆင်နွှဲခြင်းဖြစ်ပါတယ်။ ဘရာဇီး၊ ဂျာမနီ၊ အီတလီနဲ့ အာဂျင်တီးနားအသင်းတို့သာ သူ့ထက် ကမ္ဘာ့ဖလား ဝင်ရောက်နိုင်မှု ပိုများခဲ့တာဖြစ်ပါတယ်။

(၃) မက္ကဆီကိုအသင်းဟာ ၁၉၉၄ ကမ္ဘာ့ဖလားပြိုင်ပွဲ (၄ ပွဲနိုင်၊ ၁ ပွဲသရေ)မှာ နော်ဝေးအသင်းကို ၁-၀ ဂိုးနဲ့ ရှုံးနိမ့်ပြီးနောက်ပိုင်း အဖွင့်ပွဲစဉ်တွေကို ရှုံးနိမ့်ထားခြင်း မရှိသေးပါဘူး။

(၄) မက္ကဆီကိုအသင်းအနေနဲ့ ကမ္ဘာ့ဖလားပြိုင်ပွဲရဲ့ နောက်ဆုံး အုပ်စုအဆင့် ၁၇ ကြိမ်မှာ ၂ ပွဲသာ ရှုံးပြီး ၈ ပွဲနိုင်၊ ရ ပွဲသရေရလဒ် ပိုင်ဆုင်ထားပါတယ်။ ရှုံးနိမ့်ခဲ့ ၂ ကြိမ်ကတော့ ၂၀၁၀ မှာ ဥရုဂွေးကို ၁-၀ ဂိုး၊ ၂၀၀၆ မှာ ပေါ်တူဂီကို ၂-၁ ဂိုးနဲ့ ရှုံးခဲ့တဲ့ဖြစ်ပါတယ်။

ကမ္ဘာ့ဖလားခြေစစ်ပွဲ အချက်အလက်နဲ့ လူစာရင်း

ဂျာမနီ

လက်ရှိကမ္ဘာ့ဖလားချန်ပီယံ ဂျာမနီအသင်းကတော့ တိုက်စစ်ပိုင်းမှာ ထက်မြက်လွန်းတဲ့ အသင်းဖြစ်ပြီး ခြေစစ်ပွဲ အဖွင့်မှာ နော်ဝေအသင်းကို ၃-၀ ဂိုး၊ ဆမ်မာရီနိုနဲ့ ပွဲဆိုရင်လည်း နှစ်ကျော့လုံးမှာ ၈ ဂိုးနဲ့ ရ ဂိုးအထိ သွင်းယူနိုင်ခဲ့ပါတယ်။ ဒါ့အပြင် ပွဲတိုင်းနီးပါးမှာလည်း ဂိုးမိုးတွေ ရွာနိုင်ခဲ့တဲ့အထိ ဂျာမနီအသင်းရဲ့ တိုက်စစ်က ခြေစွာလွန်းတယ်။ ဒါပေမယ့် ခြေစစ်ပွဲမှာက ဂျာမနီးအသင်းအတွက် ယှဉ်ပြိုင်ဘက်အနေနဲ့ လောက်လောက်လားလား အသင်းမရှိခဲ့တာကလည်း အားသာချက်တစ်ခုလို့ ပြောနိုင်ပါတယ်။ ခြေစစ်ပွဲရလဒ်ကတော့ ၁၀ ပွဲလုံးနိုင်ပြီး သရေ၊ ရှုံးပွဲ မရှိခဲ့ပါဘူး။

လူစာရင်း

ဂိုး - တာစတီဂန်(ဘာစီလိုနာ)၊ နူအာ(ဘိုင်ယန်)၊ ကီဗင်ထရန့်(ပီအက်စ်ဂျီ)
နောက်တန်း - ဘိိုုတန်၊ ဟမ်မဲလ်၊ ကင်မစ်ချ်၊ ဆူလီ(ဘိုင်ယန်)၊ ဂင်တာ(ဂလာဘတ်ချ်)၊ ဟက်တာ(ကိုလုံး)၊ ပလက်တန်ဟက်(ဟာသာဘာလင်)၊ ရူဒီဂါ(ချဲလ်ဆီး)
အလယ်တန်း - ဂန်ဒိုဂန်(မန်စီးတီး)၊ ဘရန့်(လေဗာကူဆင်)၊ ဒရက်စ်လာ(ပီအက်စ်ဂျီ)၊ ဂိုရက်စ်ကာ(ရှော်လ်ကာ)၊ ခီဒီရာ(ဂျုဗင်တပ်)၊ တိုနီခရူးစ်(ရီးယဲလ်)၊ အိုဇေးလ်(အာဆင်နယ်)၊ မာကိုရုစ်(ဒေါ့မွန်)
ရှေ့တန်း - ဂိုမက်ဇ်(စတုဂတ်)၊ မူလာ(ဘိုင်ယန်)၊ ပီတာဆန်(ဖရို်င်းဘတ်)၊ တီမိုဝါနာ(လိုက်ပဇစ်)

မက္ကဆီကို

မက္ကဆီကိုအသင်း အင်အားတောင့်တင်းတဲ့ အသင်းတစ်သင်းဖြစ်ပါတယ်။  ကမ္ဘာ့ဖလားခြေစစ်ပွဲ ၁၀ ပွဲဆိုရင် ရှုံးပွဲ တစ်ပွဲသာ ရှိခဲ့ပြီး အဲဒီပွဲကတော့ နောက်ဆုံးပွဲဖြစ်ပြီး ဟွန်ဒူးရပ်စ်အသင်းကို ၃-၁ ဂိုးနဲ့သာ ကပ်ရှုံးခဲ့တာဖြစ်ပါတယ်။ ခြေစစ်ပွဲအုပ်စုအဆင့်မှာတော့ ဒုတိယနေရာက ကော်စတာရီကာအသင်းကို ၅ မှတ်ဖြတ်ပြီး မက္ကဆီကိုဟာ ခြေစစ်ပွဲ ၁၀ ပွဲမှာ ၆ ပွဲနိုင်၊ ၃ ပွဲသရေ၊ ၁ ပွဲရှုံးဆိုတဲ့ ရလဒ်နဲ့ အုပ်စုပထမနဲ့ ခြေစစ်ပွဲအောင်ခဲ့တာဖြစ်ပါတယ်။

လူစာရင်း

ဂိုး - တာလာဗီရာ(တိုလူကာ)၊ အိုချာ(လီဂီ)၊ ဂျီးဇက်ကော်ရိုနာ(အေဇူးလ်)
နောက်တန်း - ဆာဆီဒို(ဖရန့်ဖွတ်)၊ ဒီယာဂိုရေးယက်စ်(ပေါ်တို)၊ မိုရီနို(ဆိုစီဒက်စ်)၊ လာယန်(ဆီဗီးလ်)၊ ဂါလာဒို(ယူအန်အေအမ်)၊ အေယာလာ(ယူအေအန်အယ်)၊ အယ်ဗာရက်ဇ်(အယ်မရီက)
အလယ်တန်း - ဂျွန်နုသန်ဒေါ့ဆန်းတို့စ်၊ ဂျီယိုဗန်နီဒေါ့ဆန်းတို့စ်(ဂလက်ဆီ)၊ မာကွက်ဇ်(အေတဲလ်)၊ ဟတ်ကာဟာရီယာ(ပေါ်တို)၊ ဂူဒါဒို(ဘက်တစ်)၊ ဖာဘင်(ဖရန့်ဖွတ်)
ရှေ့တန်း - ကားလို့ဗီလာ(အော့အိန်ဂျယ်လိစ်)၊ ပီရာတာ(အေမရိက)၊ လန်ဇာနို(အိုင့်ဟိုဗင့်)၊ ဂျင်မီနက်ဇ်(ဘင်ဖီကာ)၊ ဟာနန်ဒက်ဇ်(၀က်စ်ဟမ်း)၊ ကော်ရိုနာ(ပေါ်တို)၊ အေကွီဇီနို(ယူအေအန်အယ်)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags