တောရိုင်းတိရိစ္ဆာန်များ တရားမဝင်ဝယ်ယူသိုလှောင်ရောင်းချသူအား ဖမ်းဆီးရမိ

တောရိုင်းတိရိစ္ဆာန်များ တရားမဝင်ဝယ်ယူသိုလှောင်ရောင်းချသူအား ဖမ်းဆီးရမိ

မကွေး၊ ဇွန် ၁၇ ။         ။ မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ ငဖဲမြို့နယ် ပဒါန်းကျေးရွာ၊အမှတ်(၂)ရပ်ကွက်တွင် ဇွန်လ ၁၆ ရက်၊ မွန်းတည့် ၁၂ နာရီအချိန်ခန့်က အမိုနီယံနိုက်ထရိတ်များနှင့် အတူ တောရိုင်း တိရိစ္ဆာန်များ ဝယ်ယူရောင်းချသူ(၁)ဦးအား ဖမ်းဆီးရမိခဲ့ကြောင်း ပဒါန်းရဲစခန်းမှ သိရသည်။

တောရိုင်းတိရိစ္ဆာန်များဝယ်ယူရောင်းချနေကြောင်း သတင်းအရ ပဒါန်းရဲကင်းစခန်းမှူး ရဲအုပ်ကျော်ဇေယျ၊  ငဖဲမြို့မ ဒုစခန်းမှူး ရဲအုပ်စိုးညွန်အောင်၊သစ်တောရဲတပ်ဖွဲ့မှ ရဲအုပ်သောင်းညွန်၊ သစ်တောဦးစီးဌာနမှ တောအုပ်မောင်ထွေး၊ ပဒါန်းအုပ်ချုပ်ရေးမှူး ဦးမြတ်မင်းနှင့်အတူ ပဒါန်းကျေးရွာအမှတ်(၂)ရပ်ကွက်နေ(ဘ)ဦးလောလီ၏သား တရုတ်လေး(ခ)လီကွယ်ယုနေအိမ်သို့ သွားရောက်ရှာဖွေခဲ့ရာမှ  ယင်းသို့တွေ့ရှိခဲ့ခြင်း ဖြစ်သည်။

၎င်း၏ ဂိုဒေါင်ခန်း ရေခဲသတ္တာအတွင်းမှ အရေခွံသင်းခွေချပ်(၄)ကောင် စုစုပေါင်း(၄)ပိသာခန့်၊ ဆင်အရေခွံအတုံး(၄)တုံး စုစုပေါင်း(၁)ပိသာခန့်၊ ဆင်နှာခေါင်းအချိန်(၅၀)ကျပ်သားခန့်(၁)တုံး၊ ဝက်ဝံအရေခွံအပိုင်း(၄)ခု၊ ဝက်ဝံအဆီ(၁)ပိသာခန့်(၁)ဗူး၊ ဝက်ဝံဦးခေါင်း အလေးချိန် (၅၀) ကျပ်သားခန့်ရှိ ခေါင်း တစ်ခေါင်း၊ ဝက်ဝံအရေခွံပါ အသားတုံး(၁)ပိသာခန့် ၁ ထုပ်၊နေအိမ်အိပ်ခန်းအတွင်းမှ ဖြူစူး(၉)စည်း စုစုပေါင်း(၂၀)ကျပ်သားခန့်၊ သင်းခွေချပ်အကြေးခွံ ၂ ပိဿာခွဲခန့်၊ နံရံတွင်ချိတ်ဆွဲထားသော တစ်ခုလျှင် အလေးချိန် ၃ ပိဿာ ခန့်ရှိ သမင်ဦးချို(၂)ခု၊ အိမ်အောက်ထပ်တွင် ချိတ်ဆွဲထားသော(၃)ပိသာခန့် သမင်ဦးချို(၁)ခုတို့အား စစ်ဆေးတွေ့ရှိခဲ့သည်။

ထို့အပြင် အမိုနီယမ်နိုက်ထရိတ် တစ်အိတ်လျှင်(၅၀)ကီလိုဂရမ်ပါ(၃၀)အိတ်၊ (၁)စီးလျှင်ဖြူးနှင့်ကပ်တွဲလျှက်ဒစ်တိုနီတာ(၅၀)ခုပါ(၁၈)စီး၊ စုစုပေါင်း(၉၀၀)ခုအား ဖမ်းဆီးရမိကြောင်း ငဖဲမြို့မ ရဲစခန်းက သိရသည်။

တရုတ်လေး(ခ)လီကွမ်ယုအိမ်မှ  သက်သေခံပစ္စည်းများဖမ်းဆီးရမိမူနှင့်ပတ်သက်၍ တရားဥပဒေအရ အရေးယူဆောင်ရွက်ပေးရန် ရဲအုပ်ကျော်ဇေယျက တရားလိုပြုလုပ်တိုင်တန်းသဖြင့်  ငဖဲမြို့မစခန်းတွင်(ပ)၃၆/၂၀၁၈၊ ဇီဝမျိုးစုံမျိုးကွဲနှင့်သဘာဝထိန်းသိမ်းရေးနယ်မြေများ ကာကွယ်စောင့်ရှောက်ခြင်းဆိုင်ရာ ဥပဒေပုဒ်မ၄၀(က)၄၁(က)ဖြင့်အမှုရေးဖွင့်ထားကြောင်းသိရသည်။

ထိုအပြင်အမိုနီယမ်နိုက်ထရိတ်တစ်အိတ်လျှင်(၅၀)ကီလိုဂရမ်ပါ(၃၀)အိတ်(၁)စီးလျှင်ဖြူးနှင့်ကပ်တွဲလျှက်ဒစ်တိုနီတာ(၅၀)ခုပါ(၁၈)စီး၊ စုစုပေါင်း(၉၀၀)ခုတရုတ်လေး(ခ)လီကွမ်ယုထံမှ  သက်သေခံပစ္စည်းများဖမ်းဆီးရမိမှုနှင့် ပတ်သက်၍ ငဖဲမြို့မစခန်းမှ (ပ)၃၇/၂၀၁၈၊ ပေါက်ကွဲစေတတ်သောပစ္စည်းများဆိုင်ရာ ဥပဒေပုဒ်မ ၅ ဖြင့် အမှုဖွင့် အရေးယူထားကြောင်း သတင်းရရှိသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly