အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်သို ့တိုင်ကြားခံရသော တိုင်းကိုယ်စားလှယ် ၂ ဦးကိစ္စ ပါတီအတွင်းရေးဟု ဆို

အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်သို ့တိုင်ကြားခံရသော တိုင်းကိုယ်စားလှယ် ၂ ဦးကိစ္စ ပါတီအတွင်းရေးဟု ဆို

ရန်ကုန်၊ ဇွန် ၁၆ ။          ။ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်သို ့ တိုင်ကြားခံရသော ဧရာဝတီတိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ် ၂ ဦးနှင့်ပတ်သက်ပြီး စစ်ဆေးနေသည့်ကိစ္စမှာ ပါတီအတွင်းရေးသာ ဖြစ်ကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ ့ချုပ်ပါတီ၏ ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာမျိုးညွန် ့က ပြောသည်။

 “ စစ်ဆေးပြီးပါပြီ။ ကျွန်တော်တို့ ဗဟိုအလုပ်အမှုဆောင်အဖွဲ ့ကို အစီရင်ခံပြီးပါပြီ။ တိုင်းလွှတ်တော်ကို အကြောင်းကြားစာ ပို့မှာပါ။ ရလဒ် ဘယ်လိုဖြစ်တယ်ဆိုတာ ထုတ်ပြောလေ့ မရှိပါဘူး။ ပါတီအတွင်းရေးဖြစ်လို့ပါ ” ဟု ဒေါက်တာမျိုးညွန် ့က ပြောသည်။

ဧရာဝတီတိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ၂ ဦး နှင့်ပတ်သက်ပြီး တိုင်ကြားစာနှစ်စောင်ကို အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်မှ တိုင်းလွှတ်တော်သို့ ပြန်လည်လွှဲပြောင်းပေးခဲ့ကာ တိုင်ကြားခံရမှု အား အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီဘက်မှ စစ်ဆေးခဲ့ခြင်း ဖြစ်သည်။

အဂတိတိုက်ဖျက်ရေးကော်မရှင်က ပြန်လည်ပေးပို့သည့် တိုင်ကြားစာနှစ်စောင်တွင် အိမ်မဲမြို့နယ်၊ အမှတ်(၂) တိုင်းဒေသကြီးကိုယ်စားလှယ် ဦးအောင်ကျော်မြိုင်အား ကျေးရွာမီးလင်းရေးနှင့်ပတ်သက်ပြီး ငွေကြေး ကောက်ခံမှု ကိစ္စနှင့်ပတ်သက်ပြီး လွှတ်တော်သို့ ပြန်လည်ပေးပို့သည့်စာတစ်စောင်နှင့် ကျန်တစ်စောင်မှာ မည်သည့် လွှတ်တော်ကိုယ်စားလှယ်ဟု မထုတ်ပြန်သေးဘဲ လွှတ်တော်ဖွံဖြိုးရေးရန်ပုံငွေကိစ္စနှင့်ပတ်သက် ကြောင်း သိရှိရသည်။

တိုင်ကြားသူ အိမ်မဲမြို့နယ်မှ ဦးသူရစိုးက “ ကျွန်တော့်ဆီကို ကော်မရှင်စာပြန်တယ်။ တိုင်းဒေသကြီး လွှတ်တော်ကို ပြန်လွှဲလိုက်တယ်၊စာမပြန်ခင်ကတော့ အဂတိကော်မရှင် လာစစ်တယ် အခုနောက်ပိုင်းတော့ ဘာမှမကြားရတော့ဘူး၊ကျေးရွာမီးလင်းရေးကော်မတီကနေ ပိုက်ဆံတောင်းတာလည်း မှန်နေတယ်၊ ကျေးရွာ မီးလင်း အဂတိလိုက်စားဖို ့ကိုယ်စားလှယ်ကိုယ်တိုင် တိုက်တွန်းနေတဲ့အသံဖိုင်တွေကြားရတယ်၊ကျွန်တော် သတင်းမရေးဖို ့လာပြောတယ် ။ အဲဒါမို့လို့ကျွန်တော် အဂတိတိုက်ဖျက်ရေးကော်မရှင်ကို တိုင်ကြားခဲ့တယ် ” ဟု ပြောသည်။

အဆိုပါ တိုင်ကြားခံရသော ဧရာဝတီတိုင်းကိုယ်စားလှယ် ၂ ဦးမှာ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ကိုယ်စားပြု လွှတ်တော်ကိုယ်စားလှယ်များ ဖြစ်သောကြောင့် ပါတီဘက်မှ စစ်ဆေးနေခြင်းလည်း ဖြစ်သည်။

ဧရာဝတီတိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ ဦးအောင်ကျော်ခိုင်က တိုင်းဒေသကြီးကိုယ်စားလှယ်များနှင့် ပတ်သက်ပြီး “ အဂတိလိုက်စားမှု မမြောက်ပါဘူး။ မပါ၀င်သင့်တဲ့ကိစ္စ ပါ၀င်တဲ့ကိစ္စပါ။ လွှတ်တော်ကို လွှဲတယ်။ ကျွန်တော်တို့ဘက်ကျတော့ ပါတီမှာ လွှတ်တော်ကိုယ်စားလှယ်ကိုင်တွယ်တာ စစ်ပြီးပြီး၊ကျွန်တော် တို့လွှတ်တော်က လိုအပ်တဲ့ အချက်အလက်တွေ စုထားတယ် ။ ကျွန်တော်တို့က သတိပေးလို့ပဲ ရတယ်။ အရေးယူလို့ မရဘူး၊ပါတီလွှတ်တော်ကိုယ်စားလှယ်များနှင့်ပတ်သက်ပြီး ကိုင်တွယ်ခွင့်က ပါတီမှာရှိနေတာ”ဟု ပြောသည်။

အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်သို့ တိုင်ကြားခံရမှုတွင်  ဧရာဝတီတိုင်းဒေသကြီးမှ  တိုင်ကြားစာ ၃၁၉ စောင် ရှိပြီး၊ ပဥ္စမမြောက် အများဆုံးတိုင်ကြားခံရခြင်းလည်း ဖြစ်သည်။

ကော်မရှင်သို ့ တစ်နိုင်ငံလုံးမှ တိုင်ကြားစာ စုစုပေါင်း ၃၀၄၅ စောင် တိုင်ကြားခဲ့ပြီး၊သက်ဆိုင်ရာဝန်ကြီးဌာနနှင့် ပြည်နယ်တိုင်းဒေသကြီးအစိုးရအဖွဲ ့သို ့လွှဲပြောင်းပေးပို သည့် တိုင်ကြားစာပေါင်း ၉၄၁ စောင် ရှိသည်ဟု သိရကာ တိုင်ကြားခံရမှုများတွင် နှုတ်ထွက်သွားသော စီမံဘဏ္ဍာဝန်ကြီးဟောင်းကိုပါ တိုင်ကြားမှုများ ရှိခဲ့သည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly