တောင်ကျချောင်းရေကျဆင်းမှုကြောင့် ပုသိမ်ချောင်းသာ ကားလမ်းမဘေးရှိ ကျေးရွာပေါင်း ၅ရွာခန့် ရေဘေးကြံု

တောင်ကျချောင်းရေကျဆင်းမှုကြောင့် ပုသိမ်ချောင်းသာ ကားလမ်းမဘေးရှိ ကျေးရွာပေါင်း ၅ရွာခန့် ရေဘေးကြံု

 

ဇွန် ၁၆။             ။ ပုသိမ်ချောင်းသာသွားသည့် ကားလမ်းမပေါ်သို့ တောင်ကျချောင်းရေကျဆင်းခြင်းကြောင့် ယင်းလမ်းမ အနီးရှိ ကျေးရွာပေါင်း ၅ရွာခန့် လူနေအိမ်များ ရေနစ်မြုပ်ခဲ့သည်။

ဇွန်လ ၁၅ရက်တွင် တောင်ကျချောင်းရေကျဆင်းမှုကြောင့် စာသင်ကျောင်းတစ်ကျောင်းနှင့် အိမ်ခြေ တစ်ရာခန့် ရေနစ်မြုပ်ခဲ့ကြောင်း ချောင်းသာ အုပ်ချုပ်ရေးမှူး ဦးတေဇာအောင်က ပြောသည်။

“မနက် ငါးနာရီလောက်ကစပြီး တောင်ရေကျလာတယ်။ နေ့လည်ပိုင်းရောက်တော့ အမြင့်ဆုံးအခြေအနေကို ရောက်လာတယ်။ လမ်းပေါ်မှာ ငါးပေခွဲလောက်ရှိတယ်ဆိုတော့ စာသင်ကျောင်းတွေကော အိမ် တွေကောအကုန်မြုပ်သွားတယ်” ဟု ၎င်းကပြောသည်။

ရေဘေးဒဏ်ခဲ့ရသည့် ကျေးရွာများမှာ ပုသိမ်ချောင်းသာ ကားလမ်းမကြီးဘေးရှိ ရှောပြာကျေးရွာ၊ ၀က် ပိုးကျေးရွာ၊ ခြောက်ကောင်ကျေးရွာစသည့်ကျေးရွာများဖြစ်ပြီး အိမ်ခြေတစ်ရာကျော် ရေဘေးဒဏ်ခံခဲ့ ရပြီး နေအိမ်ခြောက်လုံး ရေထဲမျောပါ ပျက်ဆီးဆုံးရှုံးခဲ့ကြောင်း ဧရာဝတီတိုင်ဒေသကြီး လွတ်တော် ကိုယ်စားလှယ် ဦးအောင်သူထွေးက ပြောသည်။

“လူအသေအပျောက်မရှိပါဘူး။ ထိခိုက်ဒဏ်ရာလည်းမရှိပါဘူး။ အဓိက တောင်ရဲ့အောက်ခြေမှာ ဆောက်ထားတဲ့ ရွာလေးတွေ ရေဖြတ်တဲ့အချိန်မှာ ထိတာပါ။ ပုသိမ်ချောင်းသာ လမ်းကတော့ မနက် တည်းက ပြန်ဖွင့်ပေးလိုက်ပါပြီ။ လေးပေ ငါးပေလောက်တက်တော့ ရေကျော်တဲ့ အချိန်တော့ လမ်းက သွားမရတော့ဘူး” ဟု ၎င်း ကပြောသည်။

မြို့နယ်အုပ်ချုပ်ရေး၊ လူမှုရေးဝန်ကြီး၊ လွတ်တော်ကိုယ်စားလှယ်၊ လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန စသည်တို့ ပူးပေါင်းပြီး ရေဘေးဒဏ်ခံ အိမ်ထောင်စုများကို ကူညီမှုများလုပ်ဆောင်နေကြောင်း သိရသည်။

ဧရာဝတီတိုင်းဒေသကြီးအတွင်း၌ ယခုနှစ်တွင် ကြံခင်းမြို့နယ်တွင်လည်း ရေကြီးရေလျှံမှုများကြံုတွေ့ခဲ့ ပြီး လက်ရှိအချိန်တွင် ရေကျဆင်းခဲ့ပြီ ဖြစ်သည်။ ယခုရက်ပိုင်းအတွင်း ပုသိမ်မြို့နယ်တွင် မိုးရွာသွန်းမှု များပြားခဲ့ပြီး တောင်ကျချောင်းရေ စီးဆင်းကြောင့် လမ်းပန်းဆက်သွယ်ရေး အနည်းငယ် ပြတ်တောက် မှုကြံုတွေ့ခဲ့ရကြောင်း လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့်   ပြန်လည်နေရာချထားရေးဝန်ကြီးဌာန (ဘေးအန္တရာယ်စီမံခန့်ခွဲရေးဦးစီးဌာန) ညွန်ကြားရေးမှူး ဦးသန်းစိုးကပြောသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly