ပြင်သစ် vs သြစတြေးလျ (ပွဲကြိုအချက်အလက်)

ပြင်သစ် vs သြစတြေးလျ (ပွဲကြိုအချက်အလက်)

ပွဲစဉ် - ြပင်သစ် vs သြစတြေးလျ (Group – C)ပွဲချိန် - ညနေ ၄း၃၀၊ စနေနေ့ (မြန်မာစံတော်ချိန်)နေရာ - Kazan Arena, Kazan, Tatarstan, Russiaပေါလ်မာဆွန် ခန့်မှန်းချက်  ၂-၀ ဂိုး

ပွဲကြိုအချက်အလက်

ထိပ်တိုက်တွေ့ဆုံမှု

  • သြစတြေးလျအသင်းက သူတို့ရဲ့ နောက်ဆုံးယှဉ်ပြိုင်ကစားခဲ့တဲ့ ၂၀၀၁ ကွန်ဖက်ဒရေးရှင်းဖလားပြိုင်ပွဲမှာ ပြင်သစ်အသင်းကို ၁-၀ ဂိုးနဲ့ အနိုင်ရရှိခဲ့ပါတယ်။
  • ပြစ်သစ်အသင်းကတော့ သြစတြေးလျနဲ့ နောက်ဆုံးတွေ့ဆုံခဲ့တဲ့ ၂၀၁၃ ခုနှစ်မှာ အိုလီဗာဂီရော့ဒ်ရဲ့ သွင်းဂိုး ၂ ဂိုးအပါအဝင် ၆-၀ ဂိုးပြတ်နဲ့ အနိုင်ရရှိထားပါတယ်။

ပြင်သစ်

(၁) ပြင်သစ်အသင်းဟာ သူတို့ရဲ့ ကမ္ဘာ့ဖလား နောက်ဆုံး ၉ ကြိမ်မှာ ၂ ကြိမ်သာ (၁၉၉၈၊ ၂၀၁၄) အုပ်စုဗိုလ်ဖြစ်ခဲ့ပါတယ်။ သူတို့ဟာ ဒီပြိုင်ပွဲရဲ့ ၁၄ ကြိမ်ပါဝင်ကစားရာမှာ ၆ ကြိမ်သာ အုပ်စုအဆင့်ကနေ နောက်တစ်ဆင့် တက်ခဲ့ပါတယ်။

(၂) အချက်အလက်များအရ ပြင်သစ်အသင်းဟာ အုပ်စုပွဲစဉ် နောက်ဆုံးကစားခဲ့တဲ့ ၁၂ ပွဲမှာ ၃ ပွဲသာ အနိုင်ရရှိထားပြီး ၅ ပွဲသရေ၊ ၄ ပွဲရှုံးထားပါတယ်။ နိုင်ပွဲ ၃ ပွဲကတော့ တိုဂို၊ ဟွန်ဒူးရပ်စ်နဲ့ ဆွစ်ဇာလန်အသင်းတို့ကို ဖြစ်ပါတယ်။

(၃) ဒက်ချမ့်စ်ရဲ့ အသင်းက ခြေစစ်ပွဲတစ်လျှောက် ပြိုင်ဘက်တွေရဲ့ သွင်းဂိုး ၁၅ ဂိုးသာ ခွင့်ပြုခဲ့ပြီး ရုရှားကမ္ဘာ့ဖလားကို ရောက်ရှိလားတာဖြစ်ပါတယ်။ ဒါဟာ ခြေစစ်ပွဲအောင်မြင်ခဲ့တဲ့ စပိန်အသင်းရဲ့ မှတ်တမ်းနဲ့လည်း တူညီနေပါတယ်။

(၄) ဒီပြိုင်ပွဲမှာ ဂီရော့ဒ်သာ ဂိုးသွင်းခဲ့မယ်ဆိုရင် ပြင်သစ် ဘောလုံးသမိုင်းမှာ ဇီဒန်းရဲ့ ဂိုးအများဆုံးသွင်းသူစာရင်း အဆင့် ၄ နေရာကို ဖယ်ရှားနိုင်ပါလိမ့်မယ်။

သြစတြေးလျ

(၁) သြစတြေးလျအသင်းဟာ သူတို့ရဲ့ ၅ ကြိမ်မြောက် ကမ္ဘာ့ဖလားပြိုင်ပွဲဖြစ်ပြီး ဒီပြိုင်ပွဲကို ၄ ကြိမ်ဆက် ဝင်ရောက်ယှဉ်ပြိုင်နိုင်ခဲ့တာလည်းဖြစ်ပါတယ်။

(၂) သြစတြေးလျဟာ ၂၀၀၆ ခုနှစ်က ရှုံးထွက်အဆင့်ကို တစ်ကြိမ်သာ တက်ရောက်နိုင်ခဲ့ပြီး အဲဒီအဆင့်မှာ အီတလီကို ရှုံးနိမ့်ပြီး ထွက်ခွာခဲ့ပါတယ်။

(၃) သူတို့ဟာ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ပြီးခဲ့တဲ့ ၁၃ ပွဲမှာ နိုင်ပွဲ ၂ ပွဲသာရှိပြီး ၂၀၀၆ ခုနှစ်က ဂျပန်အသင်းကို ၃-၁ ဂိုး၊ ၂၀၁၀ ခုနှစ်က ဆာဗီးယားကို ၂-၀ ဂိုးတွေနဲ့ နိုင်ခဲ့တဲ့ပွဲတွေဖြစ်ပါတယ်။

(၄) သစတြေးလျဟာ ကမ္ဘာ့ဖလားမှာ ၁၉၇၄ ခုနှစ်က ချီလီအသင်းကို ၀-၀ ဂိုးနဲ့ သရေကျတဲ့ တစ်ပွဲသာ ပေးဂိုး မရှိတဲ့ အသင်းဖြစ်ပါတယ်။ သူတို့ဟာ ၂၀၁၄ ကမ္ဘာ့ဖလား အုပ်စုအတွင်းပွဲစဉ်အားလုံးမှာ ၉ ဂိုးအထိ ခွင့်ပြုခံထားရပါတယ်။

(၅) ကာဟေးလ်ဟာ သြစတြေးလျအသင်းရဲ့ ကမ္ဘာ့ဖလား သွင်းဂိုး ၁၁ ဂိုးထဲမှ ၅ ဂိုးထိ (၄၅ ရာခိုင်နှုန်း)သွင်းယူပေးခဲ့ပါတယ်။

(၆) သြစတြေးလျအသင်းဟာ သူတို့ရဲ့ နောက်ဆုံး ၉ ပွဲကစားထားရာမှာ မတ်လက နော်ဝေကို ၄-၁ ဂိုးနဲ့ ရှုံးနိမ့်တဲ့ ပွဲ တစ်ကြိမ်သာ ရှိပြီး ၅ ပွဲနိုင်၊ ၃ ပွဲသရေဆိုတဲ့ ရလဒ်ပိုင်ဆိုင်ထားပါတယ်။

ကမ္ဘာ့ဖလားခြေစစ်ပွဲ အချက်အလက်နဲ့ လူစာရင်း

ပြင်သစ်

ပြင်သစ်အသင်းဟာ ဥရောပဇုန် ကမ္ဘာ့ဖလားခြေစစ်ပွဲရဲ့ အုပ်စု (A)မှာ ဆွီဒင်၊ ဟော်လန်၊ ဘူလ်ဂေးရီးယား၊ လူဇင်ဘတ်၊ ဘယ်လာရုစ်အသင်းတွေနဲ့ အတူကျရောက်ခဲ့ပေမယ့်လည်း ခြေစွမ်းကောင်းတွေပြသကာ အုပ်စု ပထမနေရာနဲ့ ခြေစစ်ပွဲ တိုက်ရိုက်အောင်မြင်ခဲ့တဲ့ အသင်းတစ်သင်းဖြစ်ပါတယ်။ ပြင်သစ်ဟာ ခြေစစ်ပွဲတွေမှာ ရ ပွဲနိုင်၊ ၂ ပွဲ သရေ၊ ၁ ပွဲရှုံးရလဒ်နဲ့ ခြေစစ်ပွဲအောင်မြင်ခဲ့တာဖြစ်ပါတယ်။

လူစာရင်း
ဂိုး - လောရစ်(စပါးစ်)၊ မန်ဒန်ဒါ(မာဆေးလ်)၊ အာရီလို(ပီအက်စ်ဂျီ)
နောက်တန်း  - ရာမီ(မာဆေးလ်)၊ အင်ပန်ဘီ(ပီအက်စ်ဂျီ)၊ ဗာရာနီ(ရီးယဲလ်)၊ အမ်တီတီ(ဘာစီလိုနာ)၊ ပါဗက်(စတုဂတ်)၊ စီဒီဘီ(မိုနာကို)၊ မန်ဒီ(မန်စီးတီး)၊ လူကပ်စ်ဟာနန်ဒက်ဇ်(အက်သလက်တီကို)
အလယ်တန်း - မာတူဒီ(ဂျူဗင်တပ်စ်)၊ ကန်တီ(ချဲလ်ဆီး)၊ အန်ဇွန်ဇီ(ဆီဗီးလား)၊ ပေါ့ဂ်ဘာ(မန်ယူ)၊ လီမာ(မိုနာကို)၊ တိုလစ်ဆို(ဘိုင်ယန်)
ရှေ့တန်း - အမ်ဘာပေ(ပီအက်စ်ဂျီ)၊ ဂရစ်ဇ်မန်း(အက်သလက်တီကို)၊ ဂီရော့ဒ် (ချဲလ်ဆီး)၊ ဒမ်ဘီလီ(ဘာစီလိုနာ)၊ သူဗင်(မာဆေး)

သြစတြေးလျ

သြစတြေးလျအသင်းအနေနဲ့ အာရှဇုန်ခြေစစ်ပွဲအတွင်းမှာ ဂျပန်၊ ဆော်ဒီအာရေဗျအသင်းတွေနဲ့အတူ တစ်အုပ်စုတည်းကျရောက်ခဲ့ပြီး ခြေစစ်ပွဲကိုတော့ တိုက်ရိုက်အောင်မြင်ခဲ့တဲ့ အသင်းတော့ မဟုတ်ခဲ့ပါဘူး။ ခြေစစ်ပွဲအတွင်း ဂျပန်၊ ဆော်ဒီအာရေဗျ၊ အီရတ်တို့ကို အနိုင်ရယူနိုင်ခြင်း မရှိခဲ့တာကြောင့် တိုက်ရိုက်ခြေစစ်ပွဲ အောင်မြင်ခွင့်နဲ့ လွဲခဲ့ရတာဖြစ်ပါတယ်။ ဒါ့ကြောင့် အာရှဇုန်အဆုံးအဖြတ်ခြေစစ်ပွဲမှာ ဆီရီးယားကို ကျော်ဖြတ်နိုင်ခဲ့တာမို့ ဟွန်ဒူးရပ်စ်နဲ့ ထပ်မံကစားခွင့်ရရှိခဲ့ပြီး အဆိုပါပွဲမှာလည်း နှစ်ကျော့ပေါင်း ၃-၁ ဂိုးနဲ့ အနိုင်ရခဲ့လို့ ကမ္ဘာ့ဖလားဝင်ခွင့် တစ်နေရာရရှိခဲ့တာဖြစ်ပါတယ်။

လူစာရင်း
ဂိုး - ရိုင်ယန်(ဘရိုက်တန်)၊ ဘရက်ဂျံုးစ်(ဖီယင်နော့)၊ ဗူကိုဗစ်(ဂျန့်)
နောက်တန်း - ဒီဂီနက်(ယိုကိုဟားမား)၊ မီရီဒက်ချ်(မီဝေါလ်)၊ ဂျာမန်း(ဆူဝန်)၊ ဘီရစ်ချ်(ဘူဆာစပေါလ်)၊ ရစ်ဒန်(ဆစ်ဒနီ)၊ စင်ဘရီ(ဂရက်ဟော့ပါး)
အလယ်တန်း - မီလီဂန်(လယ်ဟာလီ)၊ အာရွန်မိုး(ဟက်ဒါဖီးလ်)၊ ဂျိဒီိနက်(ဗီလာ)၊ မက်ဆီမို(ကျူပီအာ)၊ ဂျက်ဆန်(ဟားလ်)၊ ရိုဂစ်(ဆဲတစ်)၊ ပတ်ရာတော့စ်(ဂျပ်)၊ အဇာနီ(မဲလ်ဘုန်း)
ရှေ့တန်း - တင်ကာဟေးလ်(ကလပ်မဲ့)၊ လက်ကီး(ဟာသာဘာလင်)၊ ဂျူရစ်(လူဇီရန်)၊ ခရူဆီ(ဘိုချမ်)၊ အန်ဒရူးကာနက် ဘော့ (ယူရာဝါ)၊ မက်လာရန်(ဒရန်စတက်)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags