ကြွေးမြီများအတွက် ပြည်သူအများစု သောကဖြစ်နေရဟု ငွေကြေးဆိုင်ရာပညာရေးစာတမ်းတွင် ဖော်ပြ

ကြွေးမြီများအတွက် ပြည်သူအများစု သောကဖြစ်နေရဟု ငွေကြေးဆိုင်ရာပညာရေးစာတမ်းတွင် ဖော်ပြ

 

ဇွန် ၁၆။                    ။ မြန်မာပြည်သူအများစုသည် မိမိတို့ငွေကြေးအခြေအနေမှာ ယမန်နှစ်နှင့် နှိုင်းယှဉ်လျှင် တိုးတက်လာ သည်ဟုဆိုသော်လည်း လူအားလုံး၏ လေးပုံတစ်ပုံမှာ ၎င်းတို့တင်ရှိနေသော ကြွေးမြီများအတွက် သောကဖြစ် နေကြရကြောင်း Visa၏ ရေရှည်တည်တံ့သော တိုးတက်မှုအတွက် ငွေကြေးဆိုင်ရာပညာရေးစာ တမ်းတွင်ဖော် ပြထားသည်။

အဆိုပါစာတမ်းတွင် ပြည်သူအများစုသည် ၎င်းတို့ လူနေမှုဘဝ ဆက်လက်တိုးတက်လာမည်ဟု ယုံကြည်ကြ သော်လည်း ရေတိုကာလ ငွေကြေးဖိအားများ ရှိနေသေးကြောင်း သိရသည်။

"မြန်မာပြည်သူတွေကို ငွေကြေးနဲ့သက်ဆိုင်တဲ့ ဗဟုသုတတွေတိုးမြှင့်ပေးဖို့ လိုအပ်တယ်ဆိုတာ ဒီလေ့လာ ဆန်းစစ်ချက်က ရှင်းရှင်းလင်းပြသနေပြီး ပြည်သူတွေ မိမိတို့ရဲ့ ကိုယ်ရေးကိုယ်တာဆိုင်ရာငွေကြေးကို စီမံခန့်ခွဲ နိုင်ဖို့ လိုအပ်နေတဲ့ အသိပညာနဲ့ သတင်းအချက်အလက်တွေကို ဘဏ္ဍာရေးကဏ္ဍနဲ့ မြန်မာအာဏာပိုင်အဖွဲ့ အစည်းတွေ ပူးပေါင်းလုပ်ဆောင်သင်ကြားပေးဖို့ အချိန်ကျရောက်နေပါပြီ" ဟု Visa Myanmar မှ Country မန်နေဂျာ Arturo Planell ကပြောသည်။

လေ့လာဆန်းစစ်မှုများကို အသက် ၁၈မှ ၆၅နှစ်အရွယ် မြန်မာနိုင်ငံသားများကို တွေ့ဆုံမေးမြန်မှုများပြုလုပ်ခဲ့ပြီး မိမိတစ်ဦးတည်း (သို့မဟုတ်) အိမ်ထောင်စုအတွက် ငွေကြေးဆိုင်ရာ ဆုံးဖြတ်ချက်ချမှတ်ရသူများ ပါ၀င်ကြောင်း သိရသည်။

မြန်မာနိုင်ငံ မြို့ပြလူထု၏ သဘောထားများကို သိရှိနိုင်ရန် ရန်ကုန်၊ မန္တလေး၊ တောင်ကြီး ပုသိမ်နှင့် မကွေးမြို့ များတွင် လူဦးရေ ၁၀၄၄ဦးကို စစ်တမ်းကောက်ယူခဲ့သည်။ စစ်တမ်းတွင်မပါ၀င်သူများ၏ သဘောထားအမြင်များ ကို သိရှိနိုင်ရန် တစ်ဦးချင်းစီအား အသေးစိတ်မေးမြန်းထားသော အင်တာဗျူး ၈ခုကို ရန်ကုန်နှင့် မန္တလေးမြို့ များတွင် အညီအမျှခွဲဝေ ပြုလုပ်ခဲ့ကာ လေ့လာမှုအချက်အလက်များ ကောက်ယူမှုကို ၂၀၁၇ခုနှစ် သြဂုတ်တွင် ပြုလုပ်ခဲ့ကြောင်း Visa ကုမ္ပဏီက ဆိုသည်။

ဒီဂျစ်တယ်နည်းပညာနှင့် ငွေပေးချေးမှုကြောင့် မြန်မာစီးပွားရေးသည် ၂၀၁၁ခုနှစ်မှ ၂၀၁၅ခုနှစ်အ တွင်း ကျပ်ငွေ ၅၅ဘီလီယံ တိုးမြင့်ခဲ့ကြောင်း Visa မှ Country Manager Arturo Planell ကဆိုသည်။

ရေရှည်အလားအလာများအတွက် ဖြေဆိုသူများ၏ ၆၉ရာခိုင်နှုန်းက နောင်လာမည့် မျိုးဆက်များသည် လက်ရှိ မျိုးဆက်ထက် ပိုမိုကြွယ်ဝချမ်းသာလာမည်ဟု ယုံကြည်ကြသည်။

 လေ့လာဆန်းစစ်မှုများအရ မြို့ပြရှိအမျိုးသမီးများသည် အမျိုးသားများနှင့်တန်းတူ ငွေကြေးကဏ္ဍတွင် ဆုံးဖြတ်ခွင့် အာဏာရှိကြပြီး ငွေကြေးဆိုင်ရာဆုံးဖြတ်ချက် ချသူများတွင် အမျိုးသမီး ၅၂ရာခိုင်နှုန်း၊ အမျိုးသား ၄၈ရာခိုင်နှုန်း ပါ၀င်သည်။ ထက်ဝက်မှာ ၃၆နှစ်အောက်ဖြစ်ပြီး တိုင်းပြည်၏ လူငယ်အချိုးနှင့် လိုက်လျောညီထွေမှုရှိကြောင်း Visa၏ လေ့လာမှုစစ်တမ်းတွင်ဖော်ပြထားသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly