ရေးဗားပလိတ်နောက်ခံလူ ဖူနက်စ်မိုရီကို အဲဗာတန် ခေါ်ယူ

ရေးဗားပလိတ်နောက်ခံလူ ဖူနက်စ်မိုရီကို အဲဗာတန် ခေါ်ယူ

စက်တင်ဘာ ၁၊ အင်္ဂလန် ။           ။ အဲဗာတန်အသင်းသည် ရေးဗားပလိတ်အသင်းမှ အာဂျင်တီးနားနောက်ခံကစားသမား ဖူနက်စ်မိုရီ ကိုပြောင်းရွှေ့ကြေးပေါင် ၉ ဒသမ ၅ သန်းဖြင့်ခေါ်ယူလိုက် ပြီဖြစ် သည်။

မိုရီသည် ပြီးခဲ့သည့် သြဂုတ်လ ၂၂ ရက်နေ့ကတည်းက အဲဗာတန်အသင်းတွင် ဆေးစစ်မှု ခံယူမှု အောင်မြင်ခဲ့ပြီး ယခုမှ အပြီးသတ် စာချုပ် ချုပ်ဆိုနိုင်ခြင်း ဖြစ်သည်။

မိုရီသည် အာဂျင်တီးနားလက်ရွေးစင်အသင်းတွင် တစ်ကြိမ်ပါဝင်ကစားခဲ့ပြီးဖြစ်သလို ရေးဗားပလိတ်အသင်းနှင့်အတူ ကိုပါလီဘာတာဒိုရက်စ် (တောင်အမေရိကချန်ပီယံလိဂ်) ဖလားကိုလည်း ရယူနိုင် ခဲ့ပြီးသူ ဖြစ်သည်။

အဲဗာတန်အသင်းသည် မိုရီကို ပေါင် ၆ ဒသမ ၂၅ သန်းဖြင့် ခေါ်ယူရန် ပြောဆိုပြီး ဖြစ်သော်လည်း အပြောင်းအရွှေ့နောက်ဆုံးရက်တွင် အပြီးသတ်ခေါ်နိုင်ရန်အတွက် ပေါင် ၃ ဒသမ ၂၅ သန်းထပ်ပေးကာ စုစုပေါင်း ပေါင် ၉ ဒသမ ၅ သန်းဖြင့် ခေါ်ခဲ့ခြင်း ဖြစ်သည်။

'ကျွန်တော်က လေ့ကျင့်တဲ့ အချိန်တိုင်းနဲ့ ပွဲကစားတဲ့ အချိန်တိုင်းမှာ ပြင်းပြင်းထန်ထန်ကစားတတ်တဲ့ ကစားသမားမျိုးပါ။ အဲဗာတန်အသင်းအတွက် ကစားခွင့်ရတဲ့ အချိန်တိုင်းမှာ ၁၀၀ ရာခိုင်နှုန်းပေးဆပ် ကစားသွားမှာပါ။ အဲဗာတန်အသင်းက ကျွန်တော့်ကို စိတ်ဝင်စားနေတယ်လို့ ကြားတဲ့အချိန်မှာ နှစ်ခါ မစဉ်းစားခဲ့ပါဘူး။

အဲဗာတန်အသင်းက သမိုင်းကြောင်း ကောင်းတဲ့အသင်းဖြစ်ပြီး ကစားသမားကောင်းတွေအများကြီး ရှိတယ်ဆိုတယ် သိပြီးသားပါ။ ဒီကို လာရလို့ ပျော်ပါတယ်' ဟု မိုရီက ပြောသည်။

မိုရီသည် အဲဗာတန်အသင်းတွင် ကျောနံပါတ် ၂၅ ကို ဝတ်ဆင်ကစားမည် ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly