ကင်မရွန်းကွင်းလယ်လူ ဆောင်း ၀က်ဟမ်းအသင်းတွင် တစ်ရာသီအငှားထပ် ကစားမည်

ကင်မရွန်းကွင်းလယ်လူ ဆောင်း ၀က်ဟမ်းအသင်းတွင် တစ်ရာသီအငှားထပ် ကစားမည်

စက်တင်ဘာ ၁ ။           ။ ဘာစီလိုနာအသင်းမှ ကင်မရွန်းကွင်းလယ်ကစားသမား အဲလက်စ်ဆောင်းသည် ဝက်စ်ဟမ်းအသင်းတွင် တစ်ရာသီအငှား ထပ်မံကစားရန် လက်မှတ်ရေးထိုးလိုက်ပြီ ဖြစ်သည်။

ပြီးခဲ့သည့်ရာသီက ဝက်စ်ဟမ်းအသင်း၏ ပွဲစဉ်တိုင်းတွင် ပါဝင်ကစားခဲ့သည့် ဆောင်းသည် ရာသီအကုန်က ဘာစီလိုနာအသင်းသို့ ပြန်သွားခဲ့သော်လည်း နောက်ဆုံးတွင် ဝက်စ်ဟမ်းသို့ပြန်ရောက် လာခြင်းဖြစ်သည်။

ဝက်စ်ဟမ်းနှင့် လက်မှတ်ရေးထိုးပြီးနောက်တွင် ဆောင်းက 'အရမ်းပျော်ပါတယ်။ ဒီကိုပြန်လာရဖို့ ဆုံးဖြတ်ရတာလည်း တကယ်ကို လွယ်ပါတယ်။ ဝက်စ်ဟမ်းကို ပြန်လာရတာက ကျွန်တော့်အတွက် အရမ်းအရေးကြီးပါတယ်။ ဘာကြောင့်လဲဆိုတော့ ဒီကို ရောက်ကတည်းက ကျွန်တော်ဟာ ပရိသတ်တွေနဲ့ ဝက်စ်ဟမ်းအသင်းတို့ရဲ့ ကြားမှာ အပြန်အလှန် ယုံကြည်မှု ခင်မင်အားပေးမှုတွေကို ရရှိခဲ့ပါတယ်' ဟု ပြောသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly