ကုလသမဂ္ဂအေဂျင်စီ၏ လိင်ပိုင်းဆိုင်ရာ နှောင့်ယှက်မှုများကို မက္ကဆီကို တက်ကြွလှုပ်ရှားသူများ ရှုတ်ချ

ကုလသမဂ္ဂအေဂျင်စီ၏ လိင်ပိုင်းဆိုင်ရာ နှောင့်ယှက်မှုများကို မက္ကဆီကို တက်ကြွလှုပ်ရှားသူများ ရှုတ်ချ

 

မက္ကဆီကိုစီးတီး၊ ဇွန် ၁၅ ။            ။ မက္ကဆီကိုနိုင်ငံတွင် အိတ်ချ်အိုင်ဗီ၊ အေအိုင်ဒီအက်စ်ရေးရာ ပူးတွဲကုလသမဂ္ဂ စီမံချက် UNAIDS တွင် လိင်ပိုင်းဆိုင်ရာ နှောင့်ယှက်မှုများနှင့် ကိုယ်ထိလက်ရောက်ကျုးလွန်ခြင်းများ အရှုပ်တော်ပုံကို တက်ကြွလှုပ်ရှားသူများက ဝက်မျက်နှာ မျက်နှာဖုံးများ ဝတ်ဆင်လျက် ဇွန် ၁၄ ရက်က ရှုတ်ချဆန္ဒပြကြသည်။

“ကျွန်တော်တို့တွေ လူတွေကို သိစေချင်တယ်။ ဘာတွေဖြစ်နေလဲဆိုတာ အားလုံး သိလာအောင်။ လိင်စော်ကားမှုတွေဟာ ဟောလီဝုဒ်မှာပဲ ဖြစ်နေသာ မဟုတ်ဘူး။ အကျိုးအမြတ်မမျှော်၊ အစိုးရမဟုတ်၊ နိုင်ငံတကာအဖွဲ့အစည်းတွေထဲမှာလည်း ဖြစ်နေတာပါ။”ဟု အေအိုင်ဒီအက်စ်ကျန်းမာရေးဖောင်ဒေးရှင်း AHF ၏ မက္ကဆီကိုရုံးခွဲမှ အကြီးအကဲဖြစ်သူ နီကိုးဖန်ကယ်စတိန်းက အီးပီအေသို့ ပြောသည်။

မတ်လနှောင်းပိုင်းက UNAIDS မှ လက်ထောက်အမှုဆောင်ဒါရိုက်တာ လူးဝစ်လော်ရီသည် လိင်ပိုင်းထိပါးစော်ကားမှုနှင့် ကိုယ်ထိလက်ရောက် ကျုးလွန်မှုများဖြင့် စုံစမ်းစစ်ဆေးခံရပြီးနောက် ရာထူးက အနားယူခဲ့ရသည်။

မကြာသေးမီကလည်း UNAIDS နှင့် အမှုဆောင်ဒါရိုက်တာ မိုက်ကယ်ဆစ်ဒီဘီကို ဖြစ်ပွားနေသည့် လိင်ပိုင်းစွပ်စွဲချက်များအား ဖုံးကွယ်ထားသည်ဟု ဆိုကာ ဝေဖန်ပြစ်တင်ခဲ့ကြသည်။

ထိုသို့သော လိင်အရှုပ်တော်ပုံများကြောင့် တရားမျှတရေးနှင့် ဆစ်ဒီဘီ ရာထူးက ဆင်းပေးရေးတို့ကို တောင်းဆိုသည့် မက္ကဆီကိုစီးတီးက ဆန္ဒပြမှုအား AHF က ဦးစီးကာ ပြုလုပ်ခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly