ပေါ်တူဂီ vs စပိန် (ပွဲကြိုအချက်အလက်)

ပေါ်တူဂီ vs စပိန် (ပွဲကြိုအချက်အလက်)

ပွဲစဉ် - ပေါ်တူဂီ vs စပိန် (Group – B)ပွဲချိန် - နံနက် ၁၂း၃၀၊ စနေနေ့ (မြန်မာစံတော်ချိန်)နေရာ - Fisht Olympic Stadium, Sochi, Russiaပေါလ်မာဆွန် ခန့်မှန်းချက် - ၁-၀ ဂိုး

ပွဲကြိုအချက်အလက်

ထိပ်တိုက်တွေ့ဆုံမှု

  • စပိန်နဲ့ ပေါ်တူဂီအသင်းတို့ ၃၅ ကြိမ် တွေ့ဆုံခဲ့ဖူးပါတယ်။ စပိန်က ၁၆ ပွဲနိုင်၊ ပေါ်တူဂီက ၆ ပွဲနိုင်၊ နှစ်သင်းပေါင်း ၁၃ ပွဲ သရေကျတာကို တွေ့ရပါတယ်။
  • ကမ္ဘာ့ဖလားပြိုင်ပွဲမှာတော့ ၂၀၁၀ ခုနှစ်က တစ်ကြိမ်သာ တွေ့ဆုံထားတဲ့ ရှုံးထွက် ၁၆ သင်းအဆင့်မှာ စပိန်က ၁-၀ ဂိုးနဲ့ အနိုင်ရထားပါတယ်။
  • ဒီနှစ်သင်းပေါင်း ကစားသမားတွေဟာ ချန်ပီယံလိဂ်ဆုဖလားတံဆိပ် ၄၃ ခု ရရှိထားပါတယ်။ (စပိန် ၃၄၊ ပေါ်တူဂီ ၉)

ပေါ်တူဂီ

(၁) ပေါ်တူဂီအသင်းက ယူရိုချန်ပီယံနဲ့ ကမ္ဘာ့ဖလားချန်ပီယံပါ ဆက်တိုက်ဖြစ်လာမယ့် နိုင်ငံလက်ရွေးစင် ၄ သင်းမြောက်ဖြစ်လာဖို့ ကြိုးစားလာပါလိမ့်မယ်။ ယူရိုနဲ့ ကမ္ဘာ့ဖလားချန်ပီယံဖြစ်ခဲ့ကြတဲ့ တခြားတွေကတော့ အနောက်ဂျာမနီ(ယူရို ၁၉၇၁၊ ကမ္ဘာ့ဖလား ၁၉၇၄)၊ ပြင်သစ်(ကမ္ဘာ့ဖလား ၁၉၈၈၊ ယူရို ၂၀၀၀)၊ စပိန်(ယူရို ၂၀၀၈၊ ကမ္ဘာ့ဖလား ၂၀၁၀)

(၂) ခရစ္စတီးယာနို ရော်နယ်လ်ဒိုဟာ ယူရိုခြေစစ်ပွဲတစ်လျှောက်မှာ အသင်းရဲ့ သွင်းဂိုး ၁၈ ဂိုးမှာ တိုက်ရိုက်ပါဝင်ပတ်သက်နေပြီး ကိုယ်တိုင် ၁၅ ဂိုးသွင်းထားရာ ၃ ဂိုး ဖန်တီးပေးခဲ့ပါတယ်။ ဒါပေမယ့် သူဟာ စပိန်အသင်းနဲ့ ရင်ဆိုင်ကစားခဲ့တဲ့ မိနစ်ပေါင်း ၃၄၀ မှာ တစ်ဂိုးမှ သွင်းယူထားနိုင်ခဲ့ခြင်း မရှိသေးပါဘူး။

(၃) ပေါ်တူဂီအသင်းဟာ ကမ္ဘာ့ဖလားအုပ်စုပွဲ နောက်ဆုံး ၉ ပွဲမှာ ၂၀၁၄ ခုနှစ်က ဂျာမနီကို ၄-၀ ဂိုးနဲ့ တစ်ပွဲသာ ရှုံးနိမ့်ထားပါတယ်။

(၄) ဖာနန်ဒိုဆန်းတို့စ်ဟာ နည်းပြတစ်ဦးအနေနဲ့ သူ့ရဲ့ အဓိကပြိုင်ပွဲ ၃ခုလုံးမှာ ရှုံးထွက်အဆင့်တွေကို တက်ရောက်ထားပါတယ်။ သူဟာ ယူရို ၂၀၁၆ မှာ ချန်ပီယံဖြစ်ခဲ့တဲ့ ပေါ်တူဂီအသင်းကို မကိုင်တွယ်ခင်၂၀၁၄ ယူရို ၂၀၁၂ မှာ ဂရိအသင်းကို ကွာတားဖိုင်နယ်နဲ့ ကမ္ဘာ့ဖလားရဲ့ ရှုံးထွက် ၁၆ သင်းအဆင့်ထိ ပို့ဆောင်ခဲ့ပါတယ်။

(၅) ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ပေါ်တူဂီအသင်းရဲ့ သွင်ဂိုး ၄၃ ဂိုးရဲ့ တစ်ဂိုးသာ ပင်နယ်တီ box ရဲ့ ပြင်ပကနေ သွင်းယူခဲ့တာဖြစ်ပါတယ်။

စပိန်

(၁) စပိန်အသင်းက သူတို့ရဲ့ ကမ္ဘာ့ဖလားပြိုင်ပွဲ နောက်ဆုံး ၄ ခုအနက် ပြိုင်ပွဲ ၃ ခုမှာ အုပ်စု ဗိုလ်ဖြစ်ခဲ့ပါတယ်။ ဒါပေမယ့် သူ့တို့ဟာ အဖွင့် ၁၂ ပွဲမှာ ၂ ပွဲသာ အနိုင်ရရှိထားပါတယ် (၃ ပွဲသရေ၊ ၂ ပွဲရှုံး)။

(၂) စပိန်ဟာ ကမ္ဘာ့ဖလားပြိုင်ပွဲ ၁၁ ကြိမ်ဆက် ခြေစစ်ပွဲအောင်မြင်ခဲ့ပါတယ်။ ဒါက သူတို့ရဲ့ အရှည်ကြာဆုံးပါဝင်မှုဖြစ်ပါတယ်။

(၃) စပိန်အသင်းဟာ ၁၉၉၃ ခုနှစ်နောက်ပိုင်း ကမ္ဘာ့ဖလားခြေစစ်ပွဲတစ်ရပ်မှာ ရှုံးနိမ့်ထားခြင်း မရှိခဲ့ပါဘူး။ ဒါပေမယ့် ကမ္ဘာ့ဖလားပြိုင်ပွဲမှာတော့ အုပ်စုနောက်ဆုံး ၆ ပွဲမှာ ၃ ပွဲရှုံးနိမ့်ထားပါတယ်။

(၄) စပိန်အသင်းဟာ ဘယ်လ်ဂျီယံ၊ အင်္ဂလန်နဲ့ ဂျာမနီအသင်းတွေနဲ့အတူ ဥရောပခြေစစ်ပွဲတစ်လျှောက် ၁၀ ပွဲမှာ ၉ ပွဲနိုင်ပြီး ရှုံးပွဲမရှိတဲ့ ၄ သင်းထဲက တစ်သင်းဖြစ်ပါတယ်။

(၅) စပိန်အသင်းရဲ့ ကစားသမား ၆ ဦးဖြစ်တဲ့ ဒေးဗစ်ဆေးလ်ဗား၊ ဆာဂျီယို ရာမို့စ်၊ အင်နီယေစတာ၊ ပီပီရိန်နာ၊ ဘူးစကွက်စ်၊ ပီကေးတို့ဟာ ၂၀၁၀ ကမ္ဘာ့ဖလား ကိုင်မြှောက်ထားသူတွေဖြစ်ပါတယ်။

ကမ္ဘာ့ဖလားခြေစစ်ပွဲ အချက်အလက်နဲ့ လူစာရင်း

ပေါ်တူဂီ

ပေါ်တူဂီအသင်းဟာ ဥရောပဇုန်ကမ္ဘာ့ဖလားခြေစစ်ပွဲများအတွင်း စုစုပေါင်း ၁၀ ပွဲကစားခဲ့ရာမှာ ၉ ပွဲအထိ နိုင်ပွဲရရှိခဲ့ကာ ၁ ပွဲသာ ရှုံးနိမ့်ခဲ့ပါတယ်။ ခြေစစ်ပွဲအုပ်စုအတွင်း ပေါ်တူဂီအသင်းဟာ ဆွစ်ဇန်၊ ဟန်ဂေရီ၊ ဖာရိုကျွန်းစု၊ လတ်ဗီးယား၊ အန်ဒိုရာတို့လို အသင်းတွေနဲ့ အုပ်စုချောင်ခဲ့တဲ့ အသင်းဖြစ်ပါတယ်။ ဒါပေမယ့် ယူရို ၂၀၁၆ ပြိုင်ပွဲမှာ ခြေစွမ်းကောင်းတွေ ပြသပြီး ချန်ပီယံဖြစ်ခဲ့တဲ့ ပေါ်တူဂီဟာ ဒီကမ္ဘာ့ဖလားပြိုင်ပွဲမှာလည်း စောင့်ကြည့်ခံရမယ့် အသင်းတစ်သင်းဖြ်ပါတယ်။

လူစာရင်း
ဂိုး - အန်တိုနီလိုပက်စ်(လိုင်ယွန်)၊ ဘီတို(ဂေါ့ဇ်တီပီ)၊ ပတ်ရီစီယို
နောက်တန်း - ဘရူနိုအဲလ်ဗက်စ်(ရိန်းဂျားစ်)၊ ပီပီ(ဘက်ရှီးတပ်)၊ ဂူအာရီရို(ဒေါ့မွန်)၊ ဖွန်တီ(ယီဖန်)၊ ရူဘင်ဒီယာ့စ်(ဘင်ဖီကာ)၊ ပီရီရာ(ပေါ်တို)၊ မာရီယိုရွိုင်(နာပိုလီ)၊ ဆီဒရစ်(ဆောက်သမ်တန်)
ကွင်းလယ် - မော်တင်ဟို(မိုနာကို)၊ ကာဗယ်ဟို၊ ဖာနန်ဒက်စ်(စပို့တင်း)၊ ဂျိုအာမာရီယို(ဝက်စ်ဟမ်း)၊ ဘာနာဒိုဆေးလ်ဗား(မန်စီးတီး)၊ အန်ဒရီဆေးလ်ဗား(လက်စတာ)၊ မွန်နီရယ် ဖာနန်ဒက်စ်(လိုကိုမိုးတစ်)
ရှေ့တန်း - ရော်နယ်လ်ဒို(ရီးယဲလ်)၊ အန်ဒရီဆေးလ်ဗား(မီလန်)၊ ဂူဒက်စ်(ဗလင်စီယာ)၊ မာတင်(စပို့တင်း)၊ ကွာရက်စ်မာ(ဘက်ရှီးတပ်)

စပိန်

စပိန်အသင်းဟာ ကမ္ဘာ့ဖလားခြေစစ်ပွဲအတွင်း အုပ်စု (G) အီတလီ၊ အယ်လ်ဘေးနီးယား၊ အစ္စရေး၊ မက်စီဒိုနီးယား၊ လီချင်စတိန်းတို့နဲ့ ကျရောက်ခဲ့ပါတယ်။ ခြေစစ်ပွဲ ၁၀ ပွဲကစားရာမှာ ၉ ပွဲနိုင်၊ ၁ ပွဲသရေ ရှုံးပွဲမရှိဘဲ နာမည်ကြီး အီတလီကို ဖြတ်ကျော်ကာ ခြေစစ်ပွဲတိုက်ရိုက်အောင်မြင်ခဲ့တဲ့ အသင်းကောင်းတစ်သင်းဖြစ်ပါတယ်။ ဒါ့အပြင် စပိန်အသင်းဟာ လူငယ်ကစားတွေနဲ့ အတွေ့အကြံုရှိ ကစားသမားတွေကို ပေါင်းစပ်ထားတဲ့ အသင်းလည်းဖြစ်ပါတယ်။

လူစာရင်း
ဂိုး - ဒီဂီယာ(မန်ယူ)၊ အာရီဇာဘာလာဂါ(ဘီလ်ဘာအို)၊ ရိန်နာ(နာပိုလီ)
နောက်တန်း - အက်စ်ပီလီကျူတာ(ချယ်လ်ဆီး)၊ ပီကေး၊ အယ်လ်ဘာ(ဘာစီလိုနာ)၊ နာချို၊ ကာဗာဟာ၊ ရာမို့စ်(ရီးယဲလ်)၊ အော်ဒရီယိုဇိုလာ(ဆိုစီဒက်)၊ မွန်ရီယဲလ်(အာဆင်နယ်)
ကွင်းလယ် - ဘူးစကွက်စ်(ဘာစီလိုနာ)၊ အင်နီယေစတာ(ကိုဘေး)၊ ဆောနီဂက်ဇ်၊ ကိုကီ(အက်သလက်)၊ သီယာဂို(ဘိုင်ယန်)၊ အက်ဆန်စီယို၊ အစ္စကို(ရီးယဲလ်)၊ ဒေးဗစ်ဆေးလ်ဗား(မန်စီးတီး)
ရှေ့တန်း - မိုရီနို(ဗလင်စီယာ)၊ အက်စ်ပက်စ်(ဆယ်လ်တာဗီဂို)၊ ဗက်ဇ်ကွက်(ရီးယဲလ်)၊ ဒီယေဂိုကော်စတာ(အက်သလက်)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags