မန္တလေးမြို့ စိမ်းလန်းစိုပြေနေရန် မြို့တော်စည်ပင်မှ စီမံချက်ရေးဆွဲစိုက်ပျိုးနေဟု ဆို

မန္တလေးမြို့ စိမ်းလန်းစိုပြေနေရန် မြို့တော်စည်ပင်မှ စီမံချက်ရေးဆွဲစိုက်ပျိုးနေဟု ဆို

မန္တလေး၊ ဇွန်လ ၁၅ ။            ။ မန္တလေးမြို့ စိမ်းလန်းစိုပြေလှပနေဖို့အတွက် စီမံချက်ရေးဆွဲပြီးစိုက်ပျိုးနေတယ်လို့ မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီ၊ပန်းဥယျာဉ်နှင့်ကစားကွင်းဌာနမှ ညွှန်ကြားရေးမှူး ဒေါက်တာ ခိုင်ခိုင်လွင်က ပြောပါတယ်။

"မန္တလေးမြို့ကြီး စိမ်းလန်းစိုပြေဖို့ရန်နဲ့ သာယာလှပဖို့ရန်အတွက်ကို ကျွန်မတို့ကနေပြီးတော့ မိုးရာသီသစ်ပင် စိုက်ပျိုးရေးစီမံချက်ဆိုပြီးတော့ စီမံချက်ကလေးချပြီးတဲ့အခါမှာ ကျွန်မတို့က အပင်တွေကို စိုက်ပျိုးနေပါတယ်။"လို့ ဒေါက်တာ ခိုင်ခိုင်လွင်က ပြောပါတယ်။

၂၀၁၈/၂၀၁၉ခုနှစ် မိုးရာသီကာလမှာ ပျိုးပင်မျိုးစုံ ၂၄၀၀၀ကို မန္တလေးမြို့ရဲ့ မြို့နယ် ၆ မြို့နယ်မှာ စိုက်ပျိျုးသွားမှာလဲ ဖြစ်ပါတယ်။လတ်တလောတွင် ကျံုးဘေးသာယာလှပရေးအတွက် အပင်လိုက်ရွှေ့ပြီး စိုက်ပျိုးတာတွေလုပ်နေတာပါ။

"အခုဒီမှာမြင်တွေ့နေရတဲ့ အပင်လိုက်ရွှေ့ပြောင်းစိုက်ပျိုးခြင်းကို ဘာကြောင့်လုပ်ပါသလဲဆိုရင် ကျွန်မတို့ရဲ့ ကျံုးကြီး သာယာလှပဖို့အတွက်ကို ကျဲနေတဲ့အပင်လေးတွေရှိပါတယ်။ပြီးတော့ ကျံုးသာယာလှပရေးအတွက်ကို ဆောင်ရွက်လိုက်တဲ့နေရာမှာ ကျွန်မတို့သစ်ပင်တစ်ချို့ကို အန္တရာယ်ရှိတဲ့သစ်ပင်အချို့ကို ဖယ်ရှားလိုက်ရတာမျိး ၊ ကိုင်းတိလိုက်ရတာမျိုး ၊ ဝိတ်လျှော့လိုက်ရတာမျိုးတွေရှိပါတယ်။ ဒါကြောင့်အဲဒီအတွက်ကို အစားထိုးပြီးတဲ့အခါမှာ အပင်လိုက်ရွှေ့ပြောင်းစိုက်ပျိုးခြင်းစနစ်ကို လုပ်ပါတယ်။"လို့ပြောပါတယ်။

အပင်ပေါင်း ၉၀ ရွှေ့ပြောင်းစိုက်ပျိုးသွားမှာဖြစ်ပြီး လက်ရှိမှာ မယ်ဇယ်ပင် ၃၈ပင်နဲ့စိန်းပန်းပင် ၂ ပင်စိုက်ပျိုးပြီး ဖြစ်ပါတယ်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly