မော်ရိုကို vs အီရန် (ပွဲကြိုအချက်အလက်)

မော်ရိုကို vs အီရန် (ပွဲကြိုအချက်အလက်)

ပွဲစဉ် - မော်ရိုကို vs အီရန် (Group – B)ပွဲချိန် - ည ၉း၃၀၊ သောကြာနေ့ (မြန်မာစံတော်ချိန်)နေရာ - Saint Petersburg Stadium, Saint Petersburg, Russiaပေါလ်မာဆွန် ခန့်မှန်းချက် - ၁-၀ ဂိုး

ပွဲကြိုအချက်အလက်

ထိပ်တိုက်တွေ့ဆုံမှု

မော်ရိုကိုနဲ့ အီရန်တို့ဟာ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ တစ်သင်းနဲ့ တစ်သင်း တွေ့ဆုံထားခြင်း မရှိပါဘူး။ အချက်အလက်များအရ ဒီနှစ်သင်းဟာ တစ်ကြိမ်သာ တွေ့ဆုံးခဲ့ပြီး သရေပွဲအဖြစ် အဆုံးသတ်ခဲ့ပါတယ်။

မော်ရိုကို

(၁) မော်ရိုကိုအသင်းဟာ ၁၉၉၈ ခုနှစ်နောက်ပိုင်း ပထမဆုံးအကြိမ် ကမ္ဘာ့ဖလားခြေစစ်ပွဲအောင်မြင်ခဲ့ပြီး ဒါဟာ သူတို့အတွက် ၅ ကြိမ်မြောက် ကမ္ဘာ့ဖလားပြိုင်ပွဲ ဆင်နွှဲခွင့်ရရှိခဲ့တာလည်းဖြစ်ပါတယ်။ သူတို့ဟာ ၁၉၈၆ ခုနှစ် ရှုံးထွက် ၁၆ အသင်းကနေ နောက်တစ်ဆင့်ကို ဘယ်တော့မှ တက်ရောက်နိုင်ခဲ့ခြင်း မရှိခဲ့ပဲ ပြီးခဲ့တဲ့ ကမ္ဘာ့ဖလား ၄ ကြိမ်မှ ၃ ကြိမ်မှာ အုပ်စုအဆင့်ကနေ ထွက်ခွာခဲ့ရပါတယ်။

(၂) မော်ရိုကိုအသင်းဟာ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ၁၃ ပွဲကစားရာမှာ ၂ ပွဲသာ အနိုင်ရ (၄ ပွဲသရေ၊ ရ ပွဲရှုံး)ထားပြီး သူတို့ရဲ့ နောက် ရ ပွဲမှာ ၅ ပွဲထိ ရှုံးပွဲ တွေ့ထားပြီး ၁ ပွဲနိုင်၊ ၁ ပွဲသရေ ရလဒ်သာ ရရှိထားပါတယ်။ မော်ရိုကိုဟာ ကမ္ဘာ့ဖလားပြိုင်ပွဲ အဖွင့်ပွဲစဉ်ကို နိုင်ပွဲရယူထားနိုင်ခဲ့ခြင်း မရှိသေးပါဘူး။ ( ၂ ပွဲသရေ၊ ၂ ပွဲရှုံး)

အီရန်

(၁) အီရန်အသင်းဟာ ကမ္ဘာ့ဖလားပြိုင်ပွဲကု ပထမဆုံး နှစ်ကြိမ်ဆက် ခြေစစ်ပွဲအောင်မြင်ခဲ့တဲ့အသင်းဖြစ်ပါတယ်။ ဒါပေမယ့် သူတို့ဟာ ရှုံးထွက်အဆင့်ကို တက်ရောက်နိုင်ခဲ့ခြင်း မရှိခဲ့ပါဘူး။ ဒီပြိုင်ပွဲမှာ ၁၂ ပွဲကစားရာ ၁၉၉၈ ခုနှစ်၊ ဇွန်လက အမေရိကန်ကို ၂-၁ ဂိုးနဲ့ နိုင်တဲ့ ၁ ပွဲသာ အနိုင်ရထားပြီး ၃ ပွဲသရေ၊ ၈ ပွဲအထိ ရှုံးထားပါတယ်။

(၂) အီရန်အသင်းဟာ သူတို့ရဲ့ ကမ္ဘာ့ဖလားပြိုင်ပွဲ ၁၂ ပွဲမှာ ပေးဂိုးမရှိ ၁ ပွဲသာ ပိုင်ဆိုင်ထားတယ် (၂၀၁၄၊ ဇွန်လ ၀-၀ v နိုင်ဂျီးရီးယား)။ ဒါ့အပြင် တစ်ဂိုးအထက် သွင်းနိုင်တဲ့ပွဲက ၁ ပွဲသာရှိပြီး ဒါကတော့ ၁၉၉၈ ခုနှစ်က အမေရိကန်ကို နိုင်တဲ့ပွဲဖြစ်ပါတယ်။

ကမ္ဘာ့ဖလားခြေစစ်ပွဲ အချက်အလက်နဲ့ လူစာရင်း

မော်ရိုကို

မော်ရိုကိုအသင်းဟာ ကမ္ဘာ့ဖလားပြိုင်ပွဲအတွက် ခြေစစ်ပွဲ ၆ ပွဲကစားခဲ့ရာ ၃ ပွဲနိုင်၊ ၃ ပွဲသရေရလဒ်တွေနဲ့ အာဖရိကဇုန်ကနေ ခြေစစ်ပွဲအောင်မြင်ခဲ့ပါတယ်။ ခြေစစ်ပွဲ အုပ်စုအတွင်းမှာ အိုင်ဗရီကို့စ်၊ ဂါဘွန်၊ မာလီတို့နဲ့ ကျရောက်ခဲ့ပေမယ့်လည်း အုပ်စုပထမနေရာနဲ့ ခြေစစ်ပွဲအောက်မြင်ခဲ့တဲ့ အသင်းဖြစ်ပါတယ်။

လူစာရင်း
ဂိုး - ဘူနူ(ဂျီရိုနာ)၊ မိုဟာမတ်ဒီ(နူမန်စီယာ)၊ တက်ဂ်နော်တီ(တန်ဂျာ)
နောက်တန်း - ဟာကီမီ(ရီးယဲလ်)၊ မန်ဒီလ်(လေလီ)၊ ဒါကော်စတာ(ဘာဆက်စီဟာ)၊ ဘီနာတီယာ(ဂျူဗင်တပ်စ်)၊ ရိုမိန်းဆိုင်းစ်(ဝုဖ်)၊ ဒီရာ(ဖီနာဘာချီ)၊ ဘာနောင်း(ကာဆာဘလန်ကာ)
ကွင်းလယ် - ဇီယတ်ချ်(အိုင်းယတ်စ်)၊ အယ်အာမတ်ဒီ၊ ဆိုယန်အမ်ရာဘတ်(ဖီယင်နော့ဖ်)၊ ဘယ်ဟန်ဒါ(ဂါလာတာစာရေး)၊ ဖေကယ်ဖား(ဂီတာဖေး)၊ ဘော့ဆူဖာ(အယ်ဂျာဇီရာ)၊ ဘန်နက်ဆာ(ကိန်း)၊ အမ်ရာဘတ်(လီဂါနက်စ်)၊ ဟာရစ်(ရှော်လ်ကေး)၊ ဂွန်ဇာလက်ဇ်(စတန်းဒက်လီဂီ)
ရှေ့တန်း - အယ်ကာဘီ(ဘာကိန်း)၊ ဘူတက်(မာလတ်ယာစပေါ)၊ ဘူဟတ်ဒေါ့ဇ်(စိန့်ပေါ်လီ)

အီရန်

အီရန်အသင်းဟာ အာရှဇုန်ကမ္ဘာ့ဖလားခြေစစ်ပွဲ နောက်ဆုံး တတိယအဆင့်ခြေစစ်ပွဲမှာ အုပ်စုအတွင်း တောင်ကိုရီးယား၊ ဆီးရီးယား၊ ဥဇဘတ်ကစ္စတန်၊ တရုတ်၊ ကာတာ အသင်းတွေကို ကျော်ဖြတ်လာပြီး ၁၀ ပွဲကစားခဲ့ရာမှာ ၆ ပွဲနိုင်၊ ၄ ပွဲသရေကျကာ အုပ်စုပထမနေရာနဲ့ ခြေစစ်ပွဲတိုက်ရိုက်အောက်မြင်လာတဲ့ အသင်းဖြစ်ပါတယ်။

လူစာရင်း
ဂိုး - ဘိုင်ရန်ဗန်(ပါစီပိုလစ်)၊ မာဇာဟီရီ(ဇော့အာဟန်)၊ အဘတ်ဇာဒါ(မာရီတီမို)
နောက်တန်း - ချက်ရှ်မီ၊ မွန်တာဇီရီ၊ ဟော့စ်စီနီ (အက်စ်တီဂါလယ်)၊ မိုဟာမတ်ဒီ(ဂရော့ဇ်နီ)၊ ပူရာလီဂါနီ(အယ်ဆတ်)၊ ခန်ဇာဒီ(ပါဒီဒါ)၊ ရီဇာအီယန်(အော့စတန်ဒီ)
ကွင်းလယ် - တိုရာဘီ၊ ဂေါ့လီဇာဒမ်(ဆိုင်ပါ)၊ ဟာဆာဖီ(အိုလံပီယာကော့စ်)၊ အက်ဇာတိုလာဟီ(အမ်ကာ)၊ ရှိုဂျိုင်း(အေအီးကေ)၊ အက်ဘရာဟီမီ(အက်စ်တီဂါလယ်)၊ အမ်မီရီ(ပါစီပိုလစ်)၊ ဂေါ့ဒေါ့စ်(အိုစတာဆန်း)၊ ဒီဂျာဂါ(နော့တင်ဟမ်ဖောရက်စ်)
ရှေ့တန်း - အန်ဆာရီဖတ်(အိုလံပီယာကော့စ်)၊ ဂူးချန်နီဟတ်(ဟီရန်ဗင်း)၊ တာရီမီ(အယ်ဂါရာဖာ)၊ အက်ဇ်မူအန်(ရူဘင်ကာဇန်)၊ ဂျာဟန်ဘတ်(အယ်လ်ကမာ)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags