အက်သလက်တီကိုတွင်ဆက်ကစားမည်ဟု ဂရစ်ဇ်မန်းကြေညာ

အက်သလက်တီကိုတွင်ဆက်ကစားမည်ဟု ဂရစ်ဇ်မန်းကြေညာ

ဇွန် ၁၅၊ မက်ဒရစ်။              ။ အက်သလက်တီကိုတိုက်စစ်မှူး ဂရစ်ဇ်မန်းသည် ဘာစီလိုနာနှင့် ပေါင် ၈၇ သန်းတန်အပြောင်းအရွှေ့ကို ပယ်ချလိုက်ပြီး အက်သလက်တီကို မက်ဒရစ်အသင်းတွင်သာ ဆက်ရှိနေမည်ဟု ပြောဆိုလိုက်သည်။

စပိန်အခပေးရုပ်သံလိုင်းတစ်ခုမှ ထုတ်လွှင်သည့် မှတ်တမ်းရုပ်သံအစီအစဉ်တွင် ဘာစီလိုနာကို ငြင်းပယ်ကြောင်းကို ဂရစ်ဇ်မန်းက ပြောဆိုလိုက်ခြင်းဖြစ်သည်။

ပြင်သစ်လက်ရွေးစင်တိုက်စစ်မှူး၏ အပြောင်းအရွှေ့ကိစ္စမှာ ပြီးခဲ့သည့်ရက်သတ္တပတ်များအတွင်း စိတ်ဝင်စားစရာသတင်း ဖြစ်ခဲ့သည်။

ကမ္ဘာ့ဖလားအတွက် ပြင်သစ်လက်ရွေးစင်အသင်းနှင့် ပြင်ဆင်နေသည့်ကာလအတွင်း ဂရစ်ဇ်မန်း၏ ဘာစီလိုနာ အပြောင်းအရွှေ့သတင်းများ ဆက်တိုက်ထွက်ပေါ်ခဲ့သည်။

ဂရစ်ဇ်မန်းက “ကျွန်တော့် ပရိသတ်၊ ကျွန်တော့်အသင်း၊ ကျွန်တော့်အိမ်”ဟု ဆိုခဲ့ပြီး “ဆက်နေဖို့ ဆုံးဖြတ်လိုက်တယ်”ဟု ပြောသည်။

ဆက်လက်၍ ဂရစ်ဇ်မန်းက ၎င်းတို့သည် အက်သလက်တီကိုအသင်း ဆက်လက်တိုးတက်နိုင်ရန် အရာရာကြိုးစားနေကြပြီး ၂၀၁၉ ချန်ပီယံလိဂ်ဖိုင်နယ်ကို အိမ်ကွင်းတွင် ကစားနိုင်ရန် မျှော်လင့်နေကြောင်း၊ ထိပ်သီးကစားသမားများခေါ်ယူနိုင်ရန် အားထုတ်နေကြောင်းနှင့် ကွဲပြားသည့်သွင်ပြင်ကို ဖန်တီးနေကြောင်း ပြောဆိုခဲ့သည်။

အက်သလက်တီကိုအသင်းသည် လက်ရှိတွင် ဂရစ်ဇ်မန်း၏ ပြင်သစ်လက်ရွေးစင်အသင်းဖော်ဖြစ်သူ မိုနာကိုကွင်းလယ်ကြယ်ပွင့် သောမတ်စ် လီမာကို ခေါ်ယူရန် သဘောတူညီမှု ရထားသည်။

Ref; goal.com

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly