အီဂျစ် vs ဥရုဂွေး (ပွဲကြိုအချက်အလက်)

အီဂျစ် vs ဥရုဂွေး (ပွဲကြိုအချက်အလက်)

ပွဲစဉ် - အီဂျစ် vs ဥရုဂွေး (Group A)ပွဲချိန် - ညနေ ၆း၃၀၊ သောကြာနေ့ (မြန်မာစံတော်ချိန်)နေရာ - Ekaterinburg Arena, Yekaterinburg, Russiaပေါလ်မာဆွန် ခန့်မှန်းချက် - ၀-၂ ဂိုး

ပွဲကြိုအချက်အလက်

(၁) ဥရုဂွေးနဲ့ အီဂျစ်အသင်းတို့ အရင်တွေ့ဆုံခဲ့တဲ့ ပွဲတစ်ပွဲသာရှိပြီး ၂၀၀၆၊ သြဂုတ်လတုန်းကဖြစ်ပါတယ်။  ဥရုဂွေးအသင်းက ၂-၀ ဂိုးနဲ့ အီဂျစ်ကို အနိုင်ရရှိထားပါတယ်။

(၂) ဥရုဂွေးဟာ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ အာဖရိကအသင်းတွေနဲ့ ရင်ဆိုင်တွေ့ဆုံထားရာမှာ (၁ ပွဲနိုင်၊ ၂ ပွဲ သရေ)ရလဒ်နဲ့ ရှုံးနိမ့်ထားခြင်း မရှိသေးပါဘူး။

(၃) အီဂျစ်အသင်းဟာ ၁၉၉၀ ခုနှစ်နောက်ပိုင်း ကမ္ဘာ့ဖလားပြိုင်ပွဲကို ပထမဆုံးအကြိမ် ပြန်လည်ဆင်နွှဲတာဖြစ်ပြီး ဒီတစ်ကြိမ်မှာတော့ သူတို့ရဲ့ ၃ ကြိမ်မြောက် ကမ္ဘာ့ဖလား ပါဝင်ယှဉ်ပြိုင်မှုဖြစ်ပါတယ်။ ၁၉၉၀ ခုနှစ်၊ ဇွန် ၂၁ ရက်မှာ အုပ်စုအဆင့်မှာ အင်္ဂလန်ကို ၁-၀ ဂိုး ရှုံနိမ့်ခဲ့တဲ့ ပွဲဟာ ဒီပြိုင်ပွဲမှာ အီဂျစ်အသင်းရဲ့ နောက်ဆုံးကစားခဲ့တဲ့ ပွဲဖြစ်ပါတယ်။

(၄) အီဂျစ်အသင်းဟာ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ၄ ပွဲကစားရာမှာ ၂ ပွဲ သရေ၊ ၂ ပွဲရှုံး နိုင်ပွဲရယူနိုင်ခြင်း မရှိပါဘူး။

(၅) ဥရုဂွေးအသင်းရဲ့ ၁၃ ကြိမ်မြောက် ကမ္ဘာ့ဖလားပြိုင်ပွဲဖြစ်ပါတယ်။ ဒီပြိုင်ပွဲမှာ သူတို့ရဲ့ အကြိမ်ဆက် အများဆုံး ပါဝင်ဆင်နွှဲမှုဖြစ်တဲ့ ၁၉၆၂ နဲ့ ၁၉၇၄ ခုနှစ်ကြား (၄ကြိမ်ဆက်)နောက်ပိုင်း ဒါဟာ ဥရုဂွေးအသင်းရဲ့ ၃ ကြိမ်ဆက် ကမ္ဘာ့ဖလားယှဉ်ပြိုင်ခြင်းလည်းဖြစ်ပါတယ်။

ကမ္ဘာ့ဖလားခြေစစ်ပွဲ အချက်အလက်နဲ့ လူစာရင်း

ဥရုဂွေး

ဥရုဂွေးအသင်းဟာ ကမ္ဘာ့ဖလားခြေစစ်ပွဲများအတွင်း ခြေစစ်ပွဲစုစုပေါင်း ၁၈ ပွဲကစားခဲ့ရာမှာ ၉ ပွဲနိုင်၊ ၄ ပွဲသရေ၊ ၅ ပွဲရှုံးရလဒ်တွေကို ရယူနိုင်ခဲ့ပြီး နာမည်ကြီးအသင်း အာဂျင်တီးနားအသင်းထက် ရမှတ် ၃ မှတ်အသာနဲ့ အဆင့် ၂ နေရာယူနိုင်ခဲ့ကာ ခြေစစ်ပွဲအောင်မြင်ခဲ့တာဖြစ်ပါတယ်။

လူစာရင်း
ဂိုး - ကမ်ပါနာ(အင်ဒီပန်းဒန့်)၊ မူဆလီယာ(ဂါလာတာဆာရေး)၊ ဆေးလ်ဗား(ဒဂါးမား)
နောက်တန်း - ကာဆီရက်စ်(လာဇီယို)၊ ကိုအာတက်စ်(စပို့စ်တင်း)၊ ဂျင်မီနက်စ်၊ ဂိုဒင်(အက်သလက်တီကို)၊ ပီရီယာ(ပေါ်တို)၊ ဂတ်စတန်ဆေးလ်ဗား(အင်ဒီပန်းဒန့်)၊ ဗာဒီလာ(ပီနာရော)
ကွင်းလယ် - ရိုဒရီဂို(ဂျူဗင်တပ်စ်)၊ အာရပ်စ်ကာတာ(ခရူဇီယို)၊ ဒီယေဂို(ဂျီနိုအာ)၊ နန်ဒက်စ်(ဘိုကာဂျူနီယာ)၊ ခရစ္စတီယန်ရိုဒရီဂေးဇ်(ပီနာရော)၊ ကားလို့စ်ဆန်းချက်ဇ်(မွန်တာရေး)၊ တော်ရီယာ(ဆမ့်ဒိုးရီးယား)၊ ဗွီစီနို(အင်တာ)
ရှေ့တန်း - ကာဗာနီ(ပီအက်စ်ဂျီ)၊ ဂိုမက်ဇ်(ဆယ်လ်တာဗီဂို)၊ စတူအာနီ(ဂျီရိုနာ)၊ ဆွာရက်ဇ်(ဘာစီလိုနာ)

အီဂျစ်

အီဂျစ်အသင်းဟာ အာဖရိကဇုန်အတွင်း ကမ္ဘာ့ဖလားခြေစစ်ပွဲ ၆ ပွဲကစားခဲ့ရာ ၄ ပွဲနိုင်၊ ၁ ပွဲသရေ၊ ၁ ပွဲရှုံးရလဒ်တွေနဲ့အတူ ယူဂန်ဒါ၊ ဂါနာ၊ ကွန်ဂိုစတဲ့အသင်းတွေကို ကျော်ဖြတ်ပြီး အုပ်စု ပထမနေရာနဲ့ ခြေစစ်ပွဲ အောင်မြင်လာတဲ့ အသင်းဖြစ်ပါတယ်။

လူစာရင်း
ဂိုး - အယ်လ်ဟာဒီ(တာဝန်)၊ အီကရာမီ၊ အယ်ရှန်ဝါ(အယ်ဟာလီ)
နောက်တန်း - ဟီဂါဇီ၊ အလီဂါဘာ(ဝက်စ်ဘရွန်း)၊ အိုမိုဟာမန်ဒီ(ဗီလာ)၊ ဖာပီ၊ အရှပ်ဖ်၊ ဆာမာ(အယ်ဟာလီ)၊ ဟမ်ဒီ(ဇာမာလက်စ်)၊ မိုဟာမက်(အယ်ဖက်ချ်)
ကွင်းလယ် - အိုမာဂါဘာ(လော့စ်အိန်ဂျယ်လိစ်)၊ မော်ဆေး(ဝီဂန်)၊ ဟာမက်(ဇာမာလက်)၊ အယ်နီနီ(အာဆင်နယ်)၊ အဒူလာဆစ်(ကူပက်စ်)၊ ထရီဇီဂတ်(ကာဆင်ပါဆာ)
ရှေ့တန်း - ဆာလာ(လီဗာပူးလ်)၊ မော့ဆန်(အယ်ဟာလီ)၊ ကာဟာဘာ(အယ်တီဟတ်)၊ ဆော့ဟီ(စတုတ်)၊ ရှီကာဘာလာ(အယ်ရက်ဇ်)၊ ဝါဒါ(အက်ထရိုမီတော့စ်)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags