ရခိုင်အရေးတွင် နယ်မြေတည်ငြိမ်ရေးနှင့် တိုင်းရင်းသားပြည်သူများအား စောင့်ရှောက်ခဲ့ခြင်းဟု တပ်ချုပ် ပြော

ရခိုင်အရေးတွင် နယ်မြေတည်ငြိမ်ရေးနှင့် တိုင်းရင်းသားပြည်သူများအား စောင့်ရှောက်ခဲ့ခြင်းဟု တပ်ချုပ် ပြော
ဓာတ်ပုံ-တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး

ဇွန်လ ၁၄ ။           ။ ရခိုင်ပြည်နယ်အရေးကိစ္စတွင် နယ်မြေတည်ငြိမ်ရေးနှင့် တိုင်းရင်းသားပြည်သူလူထု၏ အသက် အိုးအိမ်ကို ကာကွယ်စောင့်ရှောက်ခဲ့ခြင်းသာဖြစ်ကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က  ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ်၏ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ်နှင့် တွေ့ဆုံစဉ် ပြောကြားလိုက်သည်။

ယနေ့ ဇွန်လ ၁၄ ရက် နံနက်ပိုင်းတွင် နေပြည်တော်ရှိ ဘုရင့်နောင်ရိပ်သာဧည့်ခန်းမဆောင်၌ ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ်၏ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် Ms. Christine Schraner Burgener အား လက်ခံတွေ့ဆုံစဉ် ထည့်သွင်းပြောကြားခဲ့ခြင်း ဖြစ်သည်။

ရခိုင်ပြည်နယ်အရေးကိစ္စတွင် နယ်မြေတည်ငြိမ်အေးချမ်းရေး နှင့် တိုင်းရင်းသားပြည်သူလူထု၏ အသက် အိုးအိမ်စည်းစိမ်ကို ကာကွယ်စောင့်ရှောက်ခဲ့ခြင်းသာဖြစ်ပြီး တစ်ဖက်နိုင်ငံ၊ တစ်ဖက်အဖွဲ့အစည်းများနှင့် လူ့အသိုက်အဝန်းကို ထိခိုက်အောင် ဆောင်ရွက်ခဲ့ခြင်းမရှိကြောင်း ပြောကြားခဲ့သည်။

ကုလသမဂ္ဂအထွေထွေ အတွင်းရေးမှူးချုပ်၏ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ်က မြန်မာနိုင်ငံ၏ အခြေအနေမှန်များကို သိရှိရန်နှင့် ကုလသမဂ္ဂသို့ ပြန်လည်တင်ပြနိုင်ရန် လာရောက်ခြင်းဖြစ်၍ ရခိုင်ပြည်နယ် အရေးကိစ္စနှင့် ပတ်သက်ပြီး တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၏ သဘောထားအမြင်များအား မေးမြန်း ဆွေးနွေးခဲ့ခြင်း ဖြစ်သည်။

ရခိုင်ပြည်နယ်တွင် ကုလသမဂ္ဂနှင့် ကုလသမဂ္ဂဦးဆောင်သော အဖွဲ့အစည်းများ၏ ဆောင်ရွက်ပေးနေမှုများကို ဒေသခံတိုင်းရင်းသားများအနေဖြင့် နားလည်လက်ခံနိုင်ရန် ခက်ခဲလျက်ရှိကြောင်း၊ သို့သော် အခြားဒေသ များတွင် ကုလသမဂ္ဂအဖွဲ့အစည်းများ၏ ဆောင်ရွက်မှုများကို ကြိုဆိုလက်ခံကြသဖြင့် စဉ်းစားသုံးသပ်နိုင်ရန် လိုကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ပြောကြားခဲ့ပြီး တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးမှ ဇွန်လ ၁၄ ရက် ညပိုင်းတွင် ထုတ်ပြန်ထားသည်။

ပြဿနာဖြစ်ပွားမှုများတွင် တစ်ဦးတစ်ယောက်ချင်း၏ ပြုမူဆောင်ရွက်ချက်နှင့် တပ်မတော်၏ ပြုမူဆောင်ရွက်ချက် ဟူ၍ ခွဲခြားသိမြင်ရန်လိုအပ်ကြောင်း၊ မိမိတို့နိုင်ငံအနေဖြင့် ဒီမိုကရေစီ အတွေ့အကြံု၊ အသိပညာ၊ ပညာရေး၊ ကျန်းမာရေးစသည့်ကဏ္ဍများတွင် လိုအပ်ချက်များ ရှိနေကြောင်း၊ တပ်မတော်အနေဖြင့် Standard Army အဖြစ် တည်ဆောက် ရာတွင် နိုင်ငံတကာနှင့် ယှဉ်တွဲလုပ်ကိုင်နိုင်ရန် ဆောင်ရွက်လျက် ရှိသော်လည်း ကုလသမဂ္ဂအပါအဝင် နိုင်ငံအချို့က မိမိတို့ အပေါ်ခွဲခြားဆက်ဆံမှုများနှင့် ကန့်သတ်မှုများ ရှိနေသဖြင့် အပြုသဘော မဆောင်သည့် လုပ်ဆောင်ချက်များဟုဆိုနိုင်ကြောင်း ပြောကြားခဲ့သည်။

ရခိုင်ပြည်နယ်တွင် လာရောက်နေထိုင်ကြသူများကို ဘင်္ဂါလီဟုသာ လက်ခံထားပြီး  မြန်မာနိုင်ငံသားများက ရိုဟင်ဂျာဆိုသည့် အသုံးအနှုန်းကို လုံးဝ လက်သင့်မခံကြောင်း၊ ထို့ကြောင့် ပြဿနာဖြစ်စေနိုင်သော အသုံးအနှုန်းကို မသုံးစွဲဘဲ ရှောင်ကြဉ်ပေးစေလိုကြောင်း ပြောကြားခဲ့ပြီး ဘင်္ဂါလီများအား ၁၉၈၂ ခုနှစ်၊ နိုင်ငံသားဥပဒေနှင့်အညီ စိစစ်၍ လက်ခံသွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

ကုလသမဂ္ဂ၏ ငယ်ရွယ်သူကလေးစစ်သားများအသုံးပြုသည့် နိုင်ငံ စာရင်းမှ ပယ်ဖျက်ရေးဆိုင်ရာ ကိစ္စရပ် များနှင့် ရခိုင်ပြည်နယ်အရေးနှင့်ပတ်သက်၍ အချက်အလက်ရှာဖွေရေး အဖွဲ့နှင့် စားပွဲဝိုင်းဆွေးနွေးရေးဆိုင်ရာ ကိစ္စရပ်များ၊ အနာဂတ် ကာလတွင် ကုလသမဂ္ဂနှင့် ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်မှုဆိုင်ရာကိစ္စရပ်များအား ဆွေးနွေးခဲ့ကြကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးမှ ထုတ်ပြန်ထားသည်။

ကုလသမဂ္ဂအတွင်းရေးမှူးချုပ်၏ မြန်မာနိုင်ငံဆိုင်ရာအထူးကိုယ်စားလှယ် Ms. Christine Schraner Burgene သည် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်၊ ပြည်ထောင်စုအစိုးရအဖွဲ့ ရုံးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသောင်းထွန်း၊ အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly