မိုးခေါင်မှု၊ အကြွေးနွံနစ်မှုတို့ကြောင့် အိန္ဒိယလယ်သမားများ စိတ်ဓာတ်ကျဆင်းကြကာ ကိုယ်ကိုကို အဆုံးစီရင်မှုများ ရှိနေ

မိုးခေါင်မှု၊ အကြွေးနွံနစ်မှုတို့ကြောင့် အိန္ဒိယလယ်သမားများ စိတ်ဓာတ်ကျဆင်းကြကာ ကိုယ်ကိုကို အဆုံးစီရင်မှုများ ရှိနေ

နယူးဒေလီ၊ ဇွန် ၁၄ ။          ။ အိန္ဒိယ ကျေးလက်လူဦးရေ၏ ရ၀ ရာခိုင်နှုန်း နီးပါးသည် ဘဝဝမ်းရေးအတွက် စိုက်ပျိုးရေးကို မှီခိုနေရခြင်း ဖြစ်သော်လည်း မိုးခေါင်မှုများကြောင့်လည်းကောင်း၊ မုတ်သုံမိုးက ကောက်ပဲသီးနှံများ ပျက်စီးစေမည် ခြိမ်းခြောက်နေမှုများကြောင့်လည်းကောင်း အများစုသော လယ်သမားများမှာ ဒုက္ခများကို ခါးစည်းခံနေရပြီး တစ်ချို့မှာ လွတ်မြောက်ရာအဖြစ် ကိုယ်ကိုကို အဆုံးစီရင်ကြခြင်းများပါ ရှိနေသည်။

အလယ်ပိုင်း မာဒဟာပရာဒေ့ရှ်ပြည်နယ် မိုးခေါင်မှုကြောင့် လယ်ယာစိုက်ခင်းများ ခြောက်သွေ့လွင်တီးခေါင်သဖွယ် ဖြစ်ကာ လယ်စိုက်မြေထက် ချံုများထကာ ကျွဲနွား စားကျက်မြေအဖြစ်သို့ပင် ရောက်ရှိနေသည်။

မိုးခေါင်မှု တစ်နှစ်တာအတွင်း လယ်သမားများမှာ အထွက်နှုန်း နည်းပါးခဲ့ကြရာ စျေးကွက်တင် ရောင်းချမှုလည်း ကျဆင်းနည်းပါးခဲ့သည်။ မိုးကြီးလာချိန်တွင်လည်း လယ်သမားများမှာ သိုလှောင်ရာအတွက် အခက်အခဲဖြစ်ကြရပြီး တစ်ချို့မှာ လယ်ထွက်သီးနှံများကို အနိမ့်စျေးဖြင့် ထိုးရောင်းခဲ့ကြရသည်။

ကုန်လှောင်ရုံ၊ အအေးခန်း စသော အခြေခံအဆောက်အအုံများ ချို့တဲ့ခြင်းကလည်း အိန္ဒိယ ဆင်းရဲသားလယ်သမားများအတွက် စိန်ခေါ်မှုများ ပိုတိုးစေသည်။

အိန္ဒိယနိုင်ငံသည် ပဲ၊ နို့နှင့် ဂုန်လျှော် ကမ္ဘာတွင် အများဆုံး ထွက်ပြီး စပါး၊ ဂျုံ၊ သစ်သီး၊ ဟင်းသီးဟင်းရွက်နှင့် ကြံ ဒုတိယအများစုထွက်ရှိကြောင်း ကုလသမဂ္ဂ အစားအစာနှင့် စိုက်ပျိုးရေးအဖွဲ့ကြီးအရ သိရသည်။

၂၀၁၅ ခုနှစ်အတွင်း လယ်သမားများ၊ စိုက်ပျိုးရေးတောင်သူများ ကိုယ်ကိုကို အဆုံးစီရင်မှုပေါင်းသည် ၈၀၀၇ ဦး ရှိကြောင်း၊ ဒေဝါလီခံရခြင်းနှင့် အကြွေးနွံနစ်ခြင်းတို့က လယ်သမားများ ကိုယ်ကိုကို သတ်သေခြင်း၏ အဓိကအများဆုံး အကြောင်းရင်းခံဖြစ်ကြောင်း အမျိုးသား ရာဇဝတ်မှုမှတ်တမ်းဗျူရိုက ထုတ်ပြန်ထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly