ဆူပူဆန္ဒပြမှုများတွင် ပါဝင်မှုဖြင့် ဗီယက်နမ်တွင် အမေရိကန်နိုင်ငံသားတစ်ဦးကို ဖမ်းဆီးထိန်းသိမ်း

ဆူပူဆန္ဒပြမှုများတွင် ပါဝင်မှုဖြင့် ဗီယက်နမ်တွင် အမေရိကန်နိုင်ငံသားတစ်ဦးကို ဖမ်းဆီးထိန်းသိမ်း

ဟနွိုင်း၊ ဇွန် ၁၄ ။          ။ ဗီယက်နမ်နိုင်ငံတွင် အငြင်းပွားဖွယ် အထူးစီးပွားရေးဇုန် ဥပဒေမူကြမ်းနှင့် ပတ်သက်ပြီး ဆူပူဆန္ဒပြမှုများတွင် ပါဝင်မှုဖြင့် အမေရိကန်နိုင်ငံသားတစ်ဦးအား ဖမ်းဆီးထိန်းသိမ်းထားကြောင်း တာဝန်ရှိသူတစ်ဦးက ဇွန် ၁၄ ရက်တွင် ပြောသည်။

ကွန်မြူနစ် ဗီယက်နမ်နိုင်ငံက ဇွန် ၁၀ ရက်တွင် စုရုံးဆန္ဒပြမှုတစ်ချို့ ဖြစ်ပွားရာတွင် အသက် ၃၂ နှစ်ရှိ အမေရိကန်နိုင်ငံသား ဝီလီယံအန်းငုယင်က ဆန္ဒပြမှုတစ်ရပ်တွင် ပါဝင်ခဲ့ခြင်း ဖြစ်သည်။

စီးပွားရေးဇုန်အတွင်း တရုတ်အား မြေယာနှစ်ရှည် ငှားရမ်းရန် ခွင့်ပြုရန် အစိုးရက စီစဉ်နေသည်ဟု စွပ်စွဲလျက် ဆန္ဒပြကြခြင်း ဖြစ်သည်။

တောင်ပိုင်း ဘင်သုအန်းပြည်နယ်တွင် ဆူပူရမ်းကားသူများက ကားများကို မီးရှို့ခြင်း၊ အစိုးရပိုင်ပစ္စည်းများကို ဖျက်ဆီးခြင်းများ ဖြစ်လာချိန်တွင် ဆန္ဒပြပွဲများကို အလျင်အမြန် ထိန်းချုပ်လိုက်ပြီးနောက် ဖမ်းဆီးရမိသူ တစ်ရာကျော်ထက်မနည်း ရှိခဲ့သည်။

ဟိုချီမင်းမြို့က ဆန္ဒပြလူအုပ်ကြီးတွင် ငုယင်လည်း ပါဝင်ခဲ့ပြီး ဇွန် ၁၀ ရက်မှာပင် ဖမ်းဆီးခဲ့ခြင်းဖြစ်ကာ ၎င်းအား အစိုးရအမိန့်ဒီဂရီ ဖျက်လိုဖျက်ဆီး လုပ်မှုဖြင့် ထိန်းသိမ်းထားခြင်း ဖြစ်ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရသူ လီသီသုဟန်းက သတင်းထောက်များအား ဇွန် ၁၄ ရက်တွင် ပြောခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly