နျူကလီးယားအလုံးစုံကင်းစင်မှ မြောက်ကိုရီးယား ဆန်ရှင်များကို ရုတ်သိမ်းပေးဦးမည်ဟု အမေရိကန် ပြော

နျူကလီးယားအလုံးစုံကင်းစင်မှ မြောက်ကိုရီးယား ဆန်ရှင်များကို ရုတ်သိမ်းပေးဦးမည်ဟု အမေရိကန် ပြော

ဇွန် ၁၄ ။         ။ နျူကလီးယားဖျက်သိမ်းရေးလုပ်ငန်းစဉ် အလုံးစုံ ပြီးမြောက်ပြီးသည့် အချိန်ကျမှသာလျင် မြောက်ကိုရီးယားအပေါ် ချမှတ်ထားသည့် ဆန်ရှင်များကို ရုတ်သိမ်းပေးသွားမှာ ဖြစ်ကြောင်း အမေရိကန် နိုင်ငံခြားရေးဝန်ကြီး မိုက် ပွန်ပဲယိုးက ပြောကြားလိုက်သည်။

တောင်ကိုရီးယား၊ ဂျပန် နိုင်ငံခြားရေးဝန်ကြီးများနှင့် တွေ့ဆုံသည့် အစည်းအဝေးတစ်ခုအပြီး သတင်းစာရှင်းလင်းပွဲ ကျင်းပရာတွင် မိုက် ပွန်ပဲယိုးက အထက်ပါအတိုင်း အလေးပေး ပြောကြားသွားခြင်း ဖြစ်သည်။

အမေရိကန်အစိုးရအနေနဲ့ ပြံုယမ်း၏ နျူကလီးယားလက်နက်များကို အလုံးစုံ ပြီးမြောက်အောင် ဖျက်သိမ်းသွားနိုင်ရေးအတွက် လုပ်ဆောင်သွားမည် ဖြစ်ကြောင်း ၎င်းက ပြောသွားသည်။

ပြီးခဲ့သည့် ဇွန်လ ၁၂ ရက်က အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်နှင့် မြောက်ကိုရီးယားခေါင်းဆောင် ကင်မ်ဂျံုအန်းတို့ စင်ကာပူမှာ သမိုင်းဝင်တွေ့ဆုံခဲ့ကြပြီးနောက် ကိုရီးယားကျွန်းဆွယ် နျူကလီးယားဖျက်သိမ်းရေးအတွက် သဘောတူညီမှု ရခဲ့ကြသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly