ကုလသမဂ္ဂ၌ အစ္စရေးအား နိုင်ငံပေါင်း ၁၂၀ ရှုတ်ချပြစ်တင်

ကုလသမဂ္ဂ၌ အစ္စရေးအား နိုင်ငံပေါင်း ၁၂၀ ရှုတ်ချပြစ်တင်

 

ကုလသမဂ္ဂ၊ ဇွန် ၁၄ ။      ။ ဂါဇာက ပါလက်စတိုင်းများ သေဆုံးမှုအတွက် အစ္စရေးနိုင်ငံအား ရှုတ်ချသည့် အာရပ််နိုင်ငံများ ကျောထောက်နောက်ခံပြုသော ဆုံးဖြတ်ချက်ကို ကုလသမဂ္ဂတွင် နိုင်ငံပေါင်း ၁၂၀ ၏ အများစုမဲဖြင့် အတည်ပြုလိုက်သည်။

ဂါဇာက အကြမ်းဖက်တိုက်ခိုက်မှုများအတွက် အမေရိကန်နိုင်ငံ၏ ဟားမတ်စ်အဖွဲ့အား အပြစ်ဆိုထားခြင်းကိုလည်း ပယ်ချလိုက်ခြင်း ဖြစ်သည်။

အစ္စရေးနိုင်ငံသည် ပါလက်စတိုင်းအရပ်သားများအပေါ် လွန်ကဲသော၊ မမျှတသော၊ မဆင်ခြင်သော အင်အားသုံးမှုဖြင့် ဖြိုခွင်းသည်ဟု ယင်းဆုံးဖြတ်ချက်တွင် ရှုတ်ချထားပြီး ဂါဇာနှင့် သိမ်းပိုက်ခံ အနောက်ဖက်ကမ်းမှ ပါလက်စတိုင်းများကို ကာကွယ်ရေး လုပ်ငန်းစဉ်များကို တိုက်တွန်းထားသည်။

မတ်လအကုန်မှ စတင်သည့် ဂါဇာနယ်စပ််အနီးက ဆန္ဒပြမှုများအတွင်း အစ္စရေးတို့ ပစ်ခတ်၍ ပါလက်စတိုင်း ၁၂၉ ဦး အနည်းဆုံးသေဆုံးသော်လည်း အစ္စရေးဖက်က သေဆုံးမှု မရှိခဲ့ပေ။

အာရပ်နှင့် မွတ်စလင်နိုင်ငံများ ကိုယ်စား အယ်ဂျီးရီးယားနှင့် တူရကီတို့ အဆိုတင်သည့် ယခုဆုံးဖြတ်ကို ကုလသမဂ္ဂညီလာခံတွင် အဖွဲ့ဝင် ၁၉၃ နိုင်ငံ၌ ၁၂၀ က ထောက်ခံမဲပေးပြီး ကန့်ကွက်မဲ ရှစ်မဲနှင့် ကြားနေ ၄၅ မဲဖြင့် အတည်ပြုခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly